သစ်ခက်သံလွင် တကိုယ်တော် ကဗျာ၊ ထက်လူအောင် ၏ ကဗျာများ

KT#
အဆင်မပြေလို့အိမ်မပြန်တဲ့တိမ်တွေ - ၁

အပူပေးခံထားရတဲ့သံချောင်းဟာ ဓားကောင်းတလက်ဖြစ်ဖို့မျှော်လင့်နေ
အပေါက်မဖောက်ရသေးတဲ့ နားရွက်မှာ
ဘယ်နားကပ်နားတောင်းမှပန်လို့မရ
ငိုနေတဲ့မျက်နှာဟာ လက်သီးနဲ့အကြိမ်ကြိမ်အထိုးခံ
ရတယ်
ခေတ်ကို ထက်ပိုင်းချိုးချင်တဲ့စိတ်တွေ
မနေ့ကရွာတဲ့မိုးမှာ ထမင်းတွေသိုးခဲ့ပြီ
သီချ င်းနှစ်ပုဒ်လောက်ဆိုတတ်ရင် KTVမယ်လုပ်တဲ့
မီးခိုးမထွက်တဲ့စက်ရုံမှာ ပြု တ်ကျ သွားတဲ့ထမင်းချိုင့်တွေ
ဘဝဟာ အဝင်ရောအထွက်ရောကီးောကာင်တယ်
ဘယ်လိုငိုသံနဲ့ဆိုဆို ။

ထက်လူအောင်
.....
အဆင်မပြေလို့အိမ်မပြန်တဲ့တိမ်တွေ -၂

ပက်လက်လှန်ထားတုန်း ကောင်းကင်ကိုမမြင်ခဲ့ရဘဲ
မှောက်ခုံဖြစ်တော့မှ ငရဲဘုံဟာတန်းတန်းမတ်မတ်
နာစရာလည်းများ လွမ်းစရာလည်းများ
ကြွေကျလာတဲ့အသီးမှာတောင် ပိုးပေါက်ရာဗရပွနဲ့ ။
တီကောင်တွေအထွေးလိုက်ကို ဆားပက်လိုက်သလို
အပိုင်းပိုင်းပြတ်သွားရတဲ့လူဖြစ်တည်မှုတွေ
ဆင်းရဲမှုဆိုတာ မပျော်တဲ့အလုပ်ဆီသွေးဆောင်နေတဲ
့ပန်းပွင့်
ဘယ်လိုပန်ဆင်ပန်ဆင်
ထွက်လာတဲ့ရနံ့ဟာ အဆင်ပြေစရာတော့မပါ ။
ငွေစကြေးစဆိုတာ လွယ်လွယ်မသီးပွင့်ပေမယ့်
ဒီအပင်အောက် အမြဲရပ်စောင့်ရတယ်
အိမ်ကဖတ်ရမယ့်စာမှာ အရောင်းစာရေးမလေးဈေးရောင်းနေ
ဆိုနေတဲ့သီချ င်းမှာ နာကြည်းသံနည်းနည်းပါတယ်
ဒါပေမဲ့
ကြားရသူမှန်သမျှ မုန့်ဖိုးများများပေးပါစေ ။

ထက်လူအောင်
........
အဆင်မပြေလို့ အိမ်မပြန်တဲ့တိမ်တွေ - ၃

အဝေးပြေးကားဂိတ်မှာဝယ်မရတော့တဲ့အိမ်ပြန်လက်မှတ်တစောင်
မီးလောင်သွားတဲ့အိပ်မက်တခြမ်း
မှာ အမေ့အိမ်လိပ်စာလည်းပါသွား
ဘဏ်ငွေလွှဲကောင်တာကို တလတခါပုံမှန်သွားချ င်တယ်
ဒီအကြောင်းက အိမ်မက်ထဲထည့်မက်နေရတဲ့တခုတည်
းသောအရာ
မြို့ ပြအနာတဲ့
တကိုယ်လုံးမှာဝဲစွဲသလို
စားစရာအတွက် မီးလောင်ခဲ့
နေစရာအတွက် ရေကြီးခဲ့
အလုပ်အတွက် ငလျင်လှုပ်ခဲ့
ဘေးအန္တရယ်မျိုးစုံက အခါမလပ်ပြေးပြေးဆောင့်တယ်
ရတဲ့နေရာလေးမှာ မတ်မတ်ရပ်
မြို့ ပြရဲ့ဘတ်စ်ကားပေါ်
နယ်ကအိမ်လေးအကြောင်းတွေးရတာလည်း ပိုပိုမောလာပေါ့ ။

ထက်လူအောင်
.....
အဆင်မပြေလို့အိမ်မပြန်တဲ့တိမ်တွေ - ၎

ဒဏ်ရာဟောင်းတွေပြန်တွေ့မလားလို့စမ်းမိ
အရေပြားပေါ် ဒဏ်ရာသစ်တွေသာနေသားတကျ
မြို့ ပြညနေငါးနာရီ
လမ်းပေါ်တိုက်ပွဲမှာ အလံဖြူ ထောင်သူဖြစ်လို့မရ
ခေတ်ရဲ့အရည်အချင်းဟာ
အားလုံးကို လောင်မြို က်စေခြင်းပဲ
မိသားစုကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရ
ရုပ်ဝတ္ထုအောက် သူဟာပျောက်ရှလွယ်နေခဲ့
ခိုတွေလည်း ခိုတွေလိုညည်းကြ
လူတွေလည်း လူတွေလိုညည်းရ ။

ဝမ်းမီးအတွက်လောင်မြိုက်ခြင်းကို
စိတ်နဲ့သာ ကြည်လင်ရ
ကိုယ်နဲ့သာ အေးငြိမ်းရ
အဆင်ပြေရဲ့လားတဲ့
အမေက သမီးသားကိုမေး
ဇနီးက ခင်ပွန်းသည်ကိုမေး
မြို့ပြသို့နယ်ဘက်ရဲ့အမေးတွေ
အိမ်တိုင်းဖွင့်တဲ့တံခါးမှာ
ဒီစကားတွေပဲ ထွက်လာခဲ့ပေါ့ ။

ထက်လူအောင်
....
KT#

အဆင်မပြေလို့အိမ်မပြန်တဲ့ တိမ်တွေ - ၅

ရထားဟာ အိမ်ကိုမသွား
အလုပ်ရုံဆီသာသွားတယ်
အစာအိမ်အပွန်းအပဲ့တွေဆက်ထားတဲ့လမ်းပေါ်
မနားတမ်းသွားတဲ့ ရထားတွေ
ခေါင်းတိုင်ကထွက်လာတဲ့ အိမ်ပြန်ချ င်စိတ်တလူလူနဲ့
မနက်ခင်းမှာ ဘယ်အစိုးရမင်းအကြောင်းမှမပြော
ထမင်းအိုးထဲက ဆန်အကြောင်းသာပြောတယ်
သတိရတယ်ဆိုတဲ့စကားတွေနဲ့မီးထိုး
ရင်း
ထမင်းအိုးဟာ ဆူပွက်လာ
လစာစာအိတ်ပေါ်က မျ က်ရည်စမခြောက်ခင်
အထဲက ပိုက်ဆံဟာပျောက်ပျောက်သွားပေါ့ ။

အမေနေကောင်း
သားနေကောင်း
ငွေတစ်သောင်းလည်းမပို့နိုင်ပါ
ငွေတစ်သိန်းလည်း မပို့နိုင်ပါ
နောက်နှစ်ခါ အိမ်ပြန်လာမယ်
လာချင်မှလည်းလာမယ် အမေ
အခြားအကြောင်းတော့မရှိ
ဆင်းရဲခြင်းမှာ ဖျားနာနေတဲ့ကျနော့်အကြောင်း
ဘယ်သူများကောင်းကောင်းသိမလဲ ။

ထက်လူအောင်
....
အဆင်မပြေလို့ အိမ်မပြန်တဲ့တိမ်တွေ - ၆

ခေတ်ကြီးက တောခြောက်လိုက်တိုင်း
ခေတ်ကြီးက တောမှောက်လိုက်တိုင်း
ကတ္တရာလမ်းကိုကုပ်တွယ်ထားလို
့မရတဲ့ သစ်ပင်တွေ
မိုးမျှော်တိုက်တွေရဲ့အရိပ်ဟာမေ
အးမြ
လွင့်မျောနေရတဲ့ တီရှပ်ပွပွတွေ
အထည်ချုပ်စက်ရုံထဲက မော်တာစက်တွေ
လက်ဖက်ရည်ဆိုင်တွေထဲက လက်နှီးစုတ်လေးတွေ
နီယွန်မီးရောင်အောက်က ဒေါက်မြင့်ဖိနပ်တွေ
မညောင်းညာတဲ့ကြွက်သားတွေကို နှိပ်နယ်နေတဲ့လက်တွေ
ကျောပိုးအိတ်လေးတွေနဲ့ အဝေးပြေးကားပေါ်
အဝတ်အိတ်တွေနဲ့ ရထားပေါ်
သင်္ဘောကြီးပေါ်က အိမ်ပြန်လက်ဆောင်များ
ရုတ်တရက်လန့်နိုးလာ ချွေးများစိုရွှဲစွာဖြင့်
ထမင်းလုံးတစ္ဆေဟာ
အိပ်ပြန်ချင်သူတွေကို သိပ်သိပ်ခြာက်လှန့်တယ် ။

ထက်လူအောင်

Comments