သစ်ခက်သံလွင် ကဗျာ၊ မောင်နောင်မွန် ၏ "အိမ်ပြန်ချိန် ရှုမျှော်ခင်း"

အိမ်ပြန်ချိန်ရှုမျှော်ခင်း
ရွှေအိုရောင်က ပုစွန်ဆီရောင်သမ်းလာတဲ့
တိမ်စိုင်ပါးပါးတွေဟာ
ငြိမ်သက်နေ။
လက်တန်းတွေခနော်ခနဲ့တံတားပေါ်ကနေမျှော်ငေး
ဆည်းဆားရဲ့အလှက ဣနြေ္ဒရလွန်းနေခဲ့။
နွေဦးရဲ့နေ၀င်ချိန်က
တိမ်အလွှာပါးပါးဇာပုဝါကိုခြုံလို့။

ဂျင်းဘောင်းဘီအိတ်ထဲကဇစ်ပိုမီးခြစ်ကိုထုတ်ကာ
မာဘိုလိုစီးကရက်ကို တရှိုက်မက်မက်ရှုသွင်းလိုက်တယ်။

ဆေးလိပ်မီးခိုးတွေ လေထုထဲပျောက်ကွယ်သွားတဲပုံက
ဖြည်းဖြည်းညှင်းညှင်း ညင်သာလိုက်ပါဘိ။
တိုးတိုးတိတ်တိတ် ညနေခင်းအလှထွက်ခွာချိန်
ချောင်းရေစီးသံ တသဲ့သဲ့ကြားနေခဲ့။
အလင်းတဝက်နဲ့အမှောင်တဝက်ပြောက်ကြား
ဆည်းဆာအလှဟာ အပျိုဖော်ဝင်ခါစ။

ယောနသံစင်ယော်တွေအုပ်စုဖွဲ့အိမ်ပြန်ချိန်မြင်ကွင်း
မျက်ဝန်းထဲမှာမရှိတော့ပေမဲ့
အပြန်လမ်းပေါ်
ခြေရာတွေအထပ်ထပ်
ထင်ကျန်နေဆဲ။ ။

မောင်နောင်မွန်

Comments