သစ်ခက်သံလွင်ကဗျာ ၊ မောင်နောင်မွန်၏ "ဆုပ်ကိုင်ထားတဲ့အတ္တပုံဆောင်ခဲ "

ဆုပ်ကိုင်ထားတဲ့အတ္တပုံဆောင်ခဲ
www.pinterest.com
 လေဟုန်စီးသလို ရင်ဘတ်ကြီးနိမ့်လိုက်မြင့်လိုက်
ကျောက်တောင်ကြီးထမ်းထားရသလို
တကိုယ်လုံးတုန်ရီမောဟိုက်လိုက်နဲ့
နှာသီဖျားထိပ်တိုးဝင်လာတဲ့အောက်စီဂျင်
နောက်ဆုံးလက်ကျန်ဖြစ်မလား
ဘဝသစ်တခုရဲ့အစပျိုးဖြစ်မလား
ပါးလွှားတဲ့နံရံတခုထဲ ဟိုဘက်ဒီဘက်ဖြတ်သန်းနေဆဲ
စကြဝဠာကြီးကိုတွေ့တယ်
မီးတောင်ကြီးကိုတွေ့တယ်
အတ္တအစိုင်အခဲလေးတွေတွေ့တယ်
သမုဒ္ဒရာကြီးကိုတွေ့တယ်
မိုးသားထက်ပေါ်ပစ်လွှတ်လိုက်တဲ့မြား
ဒီရင်ဘတ်ထဲပြန်စိုက်တယ်
ဦးခေါင်းထဲဝေလာတယ်
မျက်ခွံကြီးလေးလာတယ်
ရင်ခေါင်းသံကျယ်လာတယ်
ဟိုပြေးဒီပြေးဘ၀တခုရဲ့စီရင်ပိုင်ခွင့်
ဒီလက်ထဲမှာ ရှိတယ်
ရွေးစမ်း
ငါရဲ့အတ္တလား
အသက်ရှူခွင့်လား။    ။

မောင်နောင်မွန်

Comments