သစ်ခက်သံလွင်ကဗျာ၊ ကျော်ကျော်မြရည်စမ်း နှင့် ရာမညမင်းငြိမ်းချမ်းတို့၏ ကဗျာများ

ပေါက္ခရဝဿ ကစားဝိုင်း
The Spectator
 ဒီနေ့လည်း  မနေ့ကလိုပဲ
ကြားရတဲ့သတင်းတွေ မကောင်းဘူး
မနက်ဖြန်လည်း ဒီနေ့လိုပဲလား
ရာသီဥတုသာယာတယ်ဆိုတာ
တပြည်လုံး  မိုးရွာတာလားနေသာသလိုနေရတာလား
ကျည်​ကာအင်္ကျီတထည်
ချိုင်း​ထောက်​နဲ့လိပ်​စာလိုက်​​မေး​နေတယ်
ကမ္ဘာဦးထဲက
ကွက်ကြားမိုးက ရွာခဲ့ဖူးမှာပါ...
မီးကို ရှာဖွေတွေ့ရှိတဲ့အုပ်စုက
မီးကိုပျိုးထားခဲ့ကြတာ
လိုအပ်တဲ့အခါ ဖုတ်၊ ကင်၊ စားသောက်ကြဖို့အတွက်တဲ့
သမိုင်းက သမိုင်းအသွားလေးနဲ့ရေးထားတယ်..။

အတတ်သင်စေချင်တဲ့အခါတိုင်း
အတုမြင်အောင်
ကွက်ကြားမိုးရွာချပေးတာ
ကမ္ဘာဦးထဲက  ဒီနေ့ရဲ့နောက်နေ့တွေထိ
သာသာယာယာပါပဲလေ။  

ကာရန်​သီစရာမလိုတဲ့
စားပွဲဝိုင်းပေါ်မှာဝီစကီ​တွေ
ပြေလည်​တာ​တွေမ​ပြေလည်​တာ​တွေ
ညီညီညာညာ​ပေါ့။ ။
ကျော်​​ကျော်မြရည်​စမ်း
၂၉၅၁၇
...
ဆေးယဉ်ပါးနေတဲ့နာတာရှည်ရောဂါ
arthistorysurvey.com
 တဖွဲ့ဖွဲ့ရွာနေတဲ့
ဝဿန်မိုးစက်အောက်
ခံစားချက်ရှေ့တန်းမတင်မိအောင်
ဆန့်ကျင်ဘက်အရပ်ဆီ
အေးချမ်းမှုအငွေ့အသက်
လိုက်ရှာမိခဲ့။

ခမ်းနားထည်ဝါသလောက်
လွဲမှားနေတဲ့ခေတ်ရဲ့ကာရန်
သုံးဖက်မြင်အလင်းမရသရွေ့
ရေဆန်လမ်းပေါ်
ခင်းအိပ်ခဲ့တဲ့ကျောပြင်
ပူမြဲ ပူနေဆဲ။

ဝေသာလီဗျိုင်းလို
ယမုံနာရွှေငါးကိုချောင်းမြောင်း
နှစ်ထပ်ကိန်းအဆင့်လောက်
အလစ်အငိုက်
မှိုင်းတိုက်ခံရတဲ့နံနက်ခင်းတွေ
သွေးရည်ကြည်ဒလဟောစီးကျ
နာကျင်အော်ညည်းခဲ့တဲ့ဝေဒနာ
ဇွန်မိုးစက်တွေ
ဖာထေးကုသပေးနိုင်မလား။

ခံစားချက်တွေ
မိုးရေစက်နဲ့ရောနှော
ဓာတ်မတည့်မှုတွေ
အရေပြားပေါ်အဖုအပိမ့်ထ
နာတာရှည်ကင်ဆာကို
ဆေးမီးတိုနဲ့ကုသ
ဆေးယဉ်ပါးနေတဲ့ရောဂါ
အမြစ်ပြတ်အောင်အရှင်းမပျောက်။ ။

ရာမညမင်းငြိမ်းချမ်း
 

Comments