ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၁၂ )
ခေတ်ပေါ်ကဗျာများထဲမှထုတ်ယူလိုက်ေ သာလွဲချော်မှုများ
အဲဒီလိုပဲ၊ တချို့တိုက်ခတ်လာတဲ့လေက ညင်းညင်းညံ့ညံ့နဲ့ သိမ်မွေ့ မှုကို ခံစားစေပါတယ်။ ဒီလေကို ခံစားလိုက်ရတဲ့အချိန်မှာ ရင်ထဲကို ကြည်နူးသွားစေပါတယ်။ ဒီ လို ခေတ်ပေါ်ကဗျာရပ်ဝန်းဟာ ခပ် ကြမ်းကြမ်း တိုက်ခတ်တာတွေရှိ သလို၊ ညင်သာသိမ်မွေ့မှုတွေ လည်း ရှိေ နပါတယ်။ ဒီပုံစံအမျိုးမျိုးသောေ လတိုက်ခတ်မှုတွေ ထဲက ခေတ်ကိုလှမ်းကြည့်နိုင်ပါတယ်။ ခေတ်ရဲ့မြင်ကွင်းတွေကို ခေတ်ပေါ်ကဗျာလေထဲမှာ ထိုးဖောက် ကြည့်ရင်း လောကရဲ့ဖြစ်တည်နေမှုများကိုနားလည်ပြီး ဘဝတွေ ကြီးထွား ရှင်သန်ခဲ့ရပါတယ်။ ဒါပေမဲ့ ရှင်သန်လာခဲ့ရတဲ့ဘဝတွေကိုနား မလည်နိုင်ခဲ့တဲ့အခြေအနေများ၊ ပတ်ဝန်းကျင်များလည်း ရှိတတ်ပါတယ် ။
ဒီအခြေအနေကို ကဗျာဆရာသစ္စာနီက မေလထုတ် Idea မဂ္ဂဇင်းထဲမှာ စီးကရက်တလိပ်ကို မီးမညှိ ဘဲသောက်တဲ့အခါ ဆိုပြီးရေးပြပါတယ်။
တခါတရံ
ပြင်သစ်စားသောက်ဆိုင်က
မီနူးကတ်လို
ကျွန်တော်တို့ နားမလည်နိုင်တာတွေ။
ပြာမရခင်
ဘာရလိုက်သလဲ
ဝက်သားဟင်းတခွက်ကဗျာဗေဒ
အဖေ့ကြိမ်လုံးအဆုတ်ရောဂါနဲ့
ကိုယ့်ကိုမချစ်တဲ့ကောင်မလေး။
ရည်းစားဦးနဲ့လွဲခဲ့တယ်
စီးမယ့်ရထားနဲ့လွဲခဲ့တယ်
ဘဝနဲ့မလွဲစေနဲ့။ ။
ကျနော်တို့နားမလည်နိုင်ပဲရှင် သန်ကြီးထွားခဲ့ရတာတွေကို ပြန်စဉ်းစားလိုက်မိရင်၊ ကိုယ်မြို့  ကိုယ့် ဒေသ ကိုယ့်လူမျိုး ကိုယ်ဘာသာစကား ကိုယ့်အစားအစာတွေရှိတဲ့နေရာမှာ အရာရာတိုင်းကို ကိုယ်နား လည်ပြီလို့ မတွေးထားပါနဲ့။ ကိုယ်ရပ်ဝန်းထဲမှာ ၀င်တိုက်ခတ်လာတဲ့လေတွေကို အတတ်နိုင်ဆုံး ရှုရှိုက်ရတဲ့ အခါမျိုးလည်း ရှိလာတတ်ပါတယ်။ ဒီလိုပဲ ခေတ်ပေါ်ကဗျာရပ်ဝန်းက တိုက်ခတ်လာ တဲ့လေတွေကို ကြမ်း သည်ဖြစ်စေ၊ ညင်သာသည်ဖြစ်စေ၊ ရှုရှိုက်ရမှာပါ။
ဒီလိုရှုရှိုက်မိပြီးတဲ့အခါမှ ကိုယ်မကြိုက်တဲ့လေကိုမရှုရှိုက်မိေ အာင် နှာခေါင်းပိတ်ထားသည်ဖြစ်စေ၊ ရှော င် တိမ်းသည်ဖြစ်စေ လုပ်ဆောင်နိုင်ရပါလိမ့်မယ်။ ခေတ်ေ ပ်ါကဗျာကိုခံစားမိပြီး အီလည်လည်ဖြစ်သွားတာ မျိုး၊ ရင်ဘတ် ကိုမထိပဲကျောအောင့်သွားရတာမျိုး၊ ကိုယ်ကြိုက်နှစ်သက်ပေမယ့် ကိုယ်နဲ့မအပ်စပ်တဲ့ ဘဝတွေနောက် မလိုက်သင့်ဘူးဆို တာကို အသိတရားနဲ့စဉ်းစားဆင်ခြင်သင့်ပါ တယ်။
အသိတရားနဲ့လူတွေထဲမှာလည်း ကိုယ့်ဘဝ၊ ကိုယ့်အခြေအနေကိုနား မလည်တဲ့လူတွေ များနေတတ်ပါ တယ်။ ဒီ လိုနားမလည်မှုတွေ များလေ အယောင်ဆောင်တတ်သူတွေ ကြီးပွားလေဆိုတာမျိုးလည်း ဖြစ် တတ်ပါတယ်။ ဖြစ်နေတာတွေလည်း တွေ့ေ နရပါတယ်။ ဒီလိုတွေ့ရှိနေတဲအြကြောင်းကို ကဗျာဆရာ သန်းဆွေမိုး(ကလော)က ရွှေပြည်တော်ေ မျှာ်တိုင်းဝေးဆိုပြီး ရေးလိုက်ပါတယ်။ ကဗျာခေါင်းစဉ်နဲ့ တော့ မဆိုင်သလိုပါပဲ။ ထားပါတော့။
ခွေးတအုပ်က
ခိုးစားနေကြအစာတွေကို
ကြောင်သူတော်ယောင်ဆောင်
ညောင်လို့အော်ပြီး ပြန်ချောင်းနေရဲ့။
ကြောင်တွေကလည်း
နည်းမျိုးစုံ အသံမျိုးစုံနဲ့ဟောင်ပြီး
လောင်လုလုအူနေတဲ့မီးကို ကုန်းမှုတ်လို့နေရဲ့။
အမိုးအကာမဲ့
အရိပ်မဲ့ရွာကြီးမှာတော့
ကြက်ယက်သလိုရှာစားနေကြရင်း
တွင်းနက်နက် ကျယ်ကျယ်ကြီးထဲမှာ
လက်ပစ်ကူးနေကြတာက လူတွေလေ။ ။
ဒုက္ခပင်လယ်ကြီးထဲမှာ လူတွေ အလူးအလဲ ကူးခတ်နေကြတဲ့ အချိန်မှာ ခွေးတအုပ်က လောကကြီးကို ခိုးစားနေကြတာကို အားလုံးအသိပဲဖြစ်ပါလိမ့်မယ်။ သူခိုးသူခိုးလို့အော်ဖို့ ပါးစပ်ပြင်ေ နတဲ့လူတွေမအော် နိုင်ခင်မှာ သူခိုးပြန်စွပ်စွဲခံလိုက်ရတယ်။ လောကကြီးထဲမှာ တကယ်ခိုးနေကြတဲ့သူ ခိုးတွေမှန်း သိပေမယ့် တိုင်းပြည်ကိုခိုးယူပြီး တရားလိုလုပ်ပြီး တရားရုံးကိုဦး တိုက် လျှောက်ထားသူမရှိကြပါဘူး။ တရားရုံးရဲ့ထိုင်ခုံပေါ်မှာလည်း တိုင်းပြည်ဒေါက်တိုင်တွေကို ခိုး ယူနေကြတော့၊ လူအများဟာ သေရေး ထက် ရှင်ရေးအတွက် ပင်လယ်ထဲမှာ ကူးခတ်နေကြ ရပါတယ်။ ဒါ ကိုလည်း သူခိုးကြီးတွေသိခဲ့ကြပြီး လောကရဲ့အထာ၊ လူအများရဲ့အထာကို သိေ နခဲ့ကြတာကြောင့်လို့ပြောချင်ပါ တယ်။
ဒါကို မေလထုတ် မဟေသီမဂ္ဂဇင်းထဲမှာ ကဗျာဆရာ တမျိုးနီက သေရေးရှင်ရေးဆိုတဲ့ကဗျာကို ရေးခဲ့ ပါတယ်။
ဘဝမှာ
ဖိနပ်ကို ခါးကြားထိုးပြီး
ဘုရားအဆူဆူ ဖူးပြီးပြီ။
လောကမှာ
နာနေတဲ့သွား နှုတ်ပစ်ခဲ့ပြီ၊
အမှိုက်ရှင်းနေတဲ့ရိုက်ကွင်းကို
အမှိုက်ပုံတွေကြားက ကြည့်ခဲ့ဖူးပြီ။
ဘာလိုသေးလဲ
ခြေထောက်ဗလာဟာ
လမ်းအထာကို သိခဲ့ပါပြီ။ ။
လောကကြီးက အထာသိနေမှ အထာနဲ့ခပ်တည်တည်နေနိုင်တယ်။ သူသိ ခဲ့တဲ့လမ်းကို ဘယ် လျှောက်ရမယ်ဆို တာလည်း သိနေတယ်။ ဖိနပ်မပါပေမယ့် လမ်းအထာကိုသိနေတဲ့လူအတွက် ဘယ်နေ ရာမှာ ချိုမ့်၊ ဘယ်နေရာမှာ ခလုပ်တိုက်တတ်၊ ဘယ်နေရာမှာ ဆူးညော င့် စသဖြင့် သိနေတယ်။ ဒီအထာကိုလူအများ သိသွားမှာကိုတော့ ကြောက်တယ်။ မသိ သူတွေများတဲ့အရပ်မှာ လူတွေရဲ့ကုတ်ကို သွေးစုတ်ပြီးရှ င်သန်ခဲ့တယ်။ လူတွေရဲ့ဘ၀တွေကို နည်းမျိုးစုံနဲ့ သတ်ပစ်ခဲ့တယ်။ ဒါ ကိုဘယ်လိုကာကွယ်ရ မလဲ၊ ဘယ်လိုေ ရှာင်တိမ်းရမလဲဆိုတဲ့အထာကို သိတယ်။ အထာကိုမသိတဲ့သူတွေ ကတော့ သေဆုံးသွား တဲ့အသက်တွေကို ဘယ်လို ရှင်သန်အောင် လုပ်မလဲမစဉ်းစား ခဲ့သူတွေပါပဲ။
ဒီလူတွေဟာ ရိုးသားခြင်းကိုတည်ဆောက်ခဲ့တဲ့  လူတွေလား၊ ရိုးသားခြင်းကိုတည်ေ ဆာက်ရင်း ကိုယ်ကျင့်တရားပြိုပျက်ခဲ့ကြတဲ့  လူတွေလား။ သေချာတာကတော့ သူတို့လက်ခံရထားတဲ့ ကံကြမ္မာ ညံ့နေ တာရယ်၊ အညံ့တွေစုဝေးနေတော့ ပိုပြီးညံ့သွားတာရယ်ကြောင့် ပတ်ဝန်းကျင်ဟာ မသန့်နိုင်တော့ပါဘူး။ မိမိကိုယ်ကိုယ်မိမိဆင်ခြင်နို င်ဖို့ လိုနေပါပြီ။ ဒီနေ့ခေတ်မှာ လိုအပ်နေတာက လူတွေရဲ့အသိတရားတွေ ငုံ့လျှိုးကွ ယ်ပျောက်နေတာပါပဲ။ ဒါတွေ အမြဲဖြစ်ေ နပါတယ်။ ဒီအကြောင်းကို ရေရိုင်းမြေရိုင်း အလွန် ငြိမ်း ချမ်းရေးနှင့် ကဗျာအင်အား စု group ထဲက ကဗျာဆရာရိုးတံ(ပုလဲမြေ)ရဲ့ ဖြစ်သွားပုံကဗျာကို ဖတ်ကြည့် ရင် သိနိုင်ပါတယ် ။
ကိုယ့်ကိုယ်ကိုယ်
အပြစ်ဆေးကြောဖို့
တလမ်းဝင် တလမ်းထွက်
တွေ့မယ်ထင်လား၊
အမှောင်ကိုခင်နေသမျှ ကာလပတ်လုံး
အလင်းနဲ့အိမ်ပြန်ရမှာမဟုတ်ဘူး။
ဒါနဲ့
ခုနှစ်စင်ကြယ်
ဘယ်ရွေ့သွားပါလိမ့်။ ။
လူတွေဟာ အ၀ိဇ္ဇာဆိုတဲ့အမှောင်ဖုံးလွှမ်းေ နသမျှကာလပတ်လုံး အနာဂတ်လမ်းဟာ အလင်းတွေ တွေ့ရမှာ မဟုတ်ပါဘူး။ ဝိဇ္ဇာဆိုတဲ့အသိတရားကို ရှာဖွေနိုင်ဖို့ လို အပ်နေပါတယ်။ ရှာဖွေမတွေ့နိုင်သေးခင်မှာ ဒုက္ခပင်လယ်ကြီးထဲမှာ လက်ပစ်ကူးေ နကြ ရဦးမှာပါ။ လူလိမ္မာဆိုသူတွေရဲ့  အထာနပ်မှုထဲမှာ လှည့်ဖျားခံနေရဦးမှာပါ။ ခုနှစ် စင်ကြယ်ရဲ့လမ်းပြမှုဟာလည်း မကြည့်တတ်ကြတဲ့ သူတွေအတွက် ရွေ့လျားပျောက်ကွယ်သွားမှာပါ။
နောက်ဆုံး ရုန်းကန်ရှင်သန်နေရတဲ့ဘဝနဲ့လွဲေ ချာ်ပြီး ဆုံးရှုံးမှုတွေသာ ရင်ဆိုင်နေရပါလိ မ့်မယ်။ ဘဝတွေမဆုံးရှုံးစေချင်လို့ ရှိရင် အဝိဇ္ဇာဆိုတဲ့အမှောင်ထဲကနေ တိုးထွ က်နိုင်ဖို့ ကြိုးစားကြပါ။ ဝိဇ္ဇာ အသိ တရားများလာဖို့အတွက် စာများများဖတ်စေချင်ပါတယ်။
ကိုနိုင်း
ထုံကူးခဲ့သောကဗျာများ
၁။ သစ္စာနီ(စီးကရက်တလိပ်ကိုမီး မညှိဘဲသောက်တဲ့အခါ)၊ Idea မဂ္ဂဇင်း၊မေလ ၂၀၁၇။
၂။ သန်းဆွေမိုး(ကလော)၊( ရွှေပြည်တော်မျှော်တိုင်းဝေး)၊ Than Swe Moe ဖေ့ဘုတ်၊ မေလ ၂၀၁၇။
၃။ တမျိုးနီ( သေရေးရှင်ရေး)၊ မဟေသီမဂ္ဂဇင်း၊ မေလ ၂၀၁၇။
၎။ ရိုးတံ(ပုလဲမြေ)၊( ဖြစ်သွားပုံ)၊ ရေရိုင်းမြေရိုင်းအလွန် ငြိမ်းချမ်းရေးနှင့် ကဗျာအင်အား စု group၊ မေလ ၂၀၁၇။
-သူရိယနေဝန်းဂျာနယ်
Vol 1.No 148 . 20 May 2017 မှ...
Vol 1.No 148 . 20 May 2017 မှ...
Comments
Post a Comment