ဘုရားလောင်းဖြစ်ချင်ဖြစ်မယ်
နွားကျောင်းသားဖြစ်ချင်ဖြစ်မယ်
နွားကျောင်းသားဖြစ်ချင်ဖြစ်မယ်
မေးခွန်းများ
ငါတို့ဘယ်လိုနေရမှာလဲ
ငါတို့ဘယ်လိုနေရမှာလဲ
ချစ်ရမယ့်အခါချစ်ပေါ့
မုန်းရမယ့်အခါမုန်းပေါ့
စွဲရမယ့်အခါ စွဲပေါ့
ပြတ်ရမယ့်အခါ ပြတ်ပေါ့
မုန်းရမယ့်အခါမုန်းပေါ့
စွဲရမယ့်အခါ စွဲပေါ့
ပြတ်ရမယ့်အခါ ပြတ်ပေါ့
ဒါ တရားပဲ
ဒါတရားတယ်
နှလုံးသားချည်းသက်သက်
ဦးနှောက်ချည်းသက်သက်
မရဘူးပေါ့
ဘဝဟာ မှတ်ကျောက်ပဲ
ဘဝနောက်ခံသမိုင်းဟာ
အဆုံးအဖြတ်ပဲ
မချစ်ရဲ မမုန်းရဲ
မစွဲရဲ မပြတ်ရဲ
မင်းဖြစ်နေရင်
မင်းဟာ ပုံသေကိန်းထားခံထားရတဲ့
ဘဝနောက်ခံသမိုင်းဟာ
အဆုံးအဖြတ်ပဲ
မချစ်ရဲ မမုန်းရဲ
မစွဲရဲ မပြတ်ရဲ
မင်းဖြစ်နေရင်
မင်းဟာ ပုံသေကိန်းထားခံထားရတဲ့
စက်ရုပ်မဟုတ်ရင်
သူများကြိုးဆွဲခံရုပ်သေးပဲ
သူများကြိုးဆွဲခံရုပ်သေးပဲ
ချစ်ရဲမုန်းရဲ
ပြတ်သားရဲ
လောကထဲမှာ မင်းနေနိုင်မှ
မင်းရဲ့ဘဝ ကိုယ်ပိုင်ရမှာ။
မင်း စက်ရုပ်လား
မင်း ရုပ်သေးလား
မင်း သူများဖုတ်သွင်းခံထားရတာလား
ကိုယ်တိုင်မေးဖို့မေးခွန်းများ
ကိုယ်တိုင်ဖြေဖို့အဖြေများ…။ ။
မင်း ရုပ်သေးလား
မင်း သူများဖုတ်သွင်းခံထားရတာလား
ကိုယ်တိုင်မေးဖို့မေးခွန်းများ
ကိုယ်တိုင်ဖြေဖို့အဖြေများ…။ ။
ခင်လွန်း
မေ ၁၂၊ ၂၀၁၇
မေ ၁၂၊ ၂၀၁၇
Comments
Post a Comment