မုန်တိုင်းထန်သောလမ်းမှ ကြယ်နှစ်ပွင့်ကိုလွမ်းခြင်း
(စီးဆင်းနေသောမြစ်များနှင့်ပြန် မစီးဆင်းနိုင်တော့သောမြစ်များ)
မြတ်လှိုင်း
ကျနော်တို့ ဗန္ဓုလသဘောင်္ကိုစီးပြီး ရန်ကုန်မြို့မှထွက်ခွာလာခဲ့ ကြ ပါတယ်။ အဲဒီနေ့ကတော့
၁၉၉၀ ခုနှစ် ဧပြီလမှာပေါ့။
ကျနော်တို့သွားမယ့်မြို့ဟာ
မြောင်းမြမြို့ဖြစ်ပါတယ်။ မြောင်းမြမြို့ဆိုတာ အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင် ဆန်းကတော်၊ အခုလူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ရဲ့မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ဇာတိမြို့ပါ။
အခုသွားရောက်ရမှာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကနေ အထွေထွေရွေးကောက်ပွဲကို ပါဝင်ယှ ဉ်ပြိုင်အရွေးခံမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှ စ်ယောက်ဖြစ်တဲ့ ဦးအောင်ကြင်နဲ့ ဦးစိုးမင်းတို့အတွက် မဲဆွယ် တရားဟောပြောဖို့ ပါ။ ဒီဟောပြောပွဲကို ရန်ကုန်လမ်းသစ်ရိပ်သာ မှာနေတဲ့ြေ မာင်းမြသား အင်အယ်ဒီအဖွဲ့ဝင် ကိုမြင့်လွင်က အစအဆုံးစီစဉ်ဆောင်ရွက်ပေးခဲ့ပါ တယ်။ ဒီအဖွဲ့မှာ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တာဝန်နဲ့လိုက်ပါလာသူတွေကတော့
ကိုမြင့်ဆွေ(ကဗျာဆရာ တင်ဆွေမိုး)၊ ကိုအောင်ကျော်ဦး(
လူရွှင်တော်ကိုပိန်ပိန်)နဲ့ ကျနော်တို့ဖြစ်ပါတယ်။ ကျနော်တို့ နဲ့အတူ ပါဝင်ပြီးဟောပြောပေးမယ့် သူတွေက စာရေးဆရာ မောင်လင်းယုန်(ရှမ်းပြည်)၊ ကဗျာ ဆရာ မောင်ခိုင်မာ၊ စာရေးဆရာ စိုးမြင့်လတ်တို့ ဖြစ်ပါတယ်။
ကျနော်တို့ အင်အယ်ဒီတာဝန်ရှိသူတွေကတော့ ကိုမြင့်ဆွေ( ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်ရေး အတွင်း ရေးမှူး)၊ကျနော်နဲ့ကိုေ အာင်ကျော်ဦး(ကိုပိန်ပိန်)တို့က ဗဟိုတတ် သိအဖွဲ့ဝင်နဲ့ဗဟိုပြန်ကြားရေးေ က်ာမတီ အဖွဲ့ဝင်တွေဖြစ်ကြပါတယ်။ ဒါ့အပြင် ကျနော်က အင်အယ်ဒီ၊ ဧရာဝတီတိုင်း၊ ရွေးကောက်ပွဲအောင် နိုင်ရေး ကော်မတီအတွင်းရေးမှူးတာ ၀န်လည်း ယူထားရပါတယ်။ ကျနော်တို့ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖွဲ့ဟာ မြောင်းမြမြို့ကိုမနက်အစောကြီးရောက်ခဲ့ပါတယ်။ မြောင်းမြမြို့က ဧရာဝတီတိုင်းစည်းရုံးရေးအဖွဲ့ ဝင် ဦးလှသန်းကတော့ ပုသိမ်ထောင်ထဲမှာ ထောင်နန်းစံနေ ရပါတယ်။ မြို့နယ်စည်းရုံးရေးေ ခါင်းဆောင် ဦးမြင့်လွင်နဲ့ မြို့နယ်စည်းရုံးရေးအဖွဲ့ဝင်များကြိုဆိုခဲ့ကြပါ တယ်။ အင်အယ်ဒီမြို့နယ်ရုံးကို ဦးဘချိုလမ်းမှာဖွင့်လှစ်ထားပါ တယ်။ ဧရာဝတီတိုင်း အင်အယ်ဒီ အောင်နိုင်ရေး အဖွဲ့မှာ ဥက္ကဋ္ဌ ဦးတင်ထွဋ်( ၉၀ ခုနှစ်အိမ်မဲလွှတ်တော်ကိုယ်စား လှယ်)၊ ဒုဥက္ကဋ္ဌကတော့ ဦးလှဖေ(၉၀ခုနှစ် မော်ကျွန်းလွှတ်တော်ကိုယ်စားလှယ် )တို့က တာဝန်ယူထားပါတယ်။
ကျနော်တို့အဖွဲ့ကို ဦးဘချိုလမ်းကတော်ဝင် တည်းခိုခန်းမှာ တည်းခို စေခဲ့ပါတယ်။ တည်းခိုခန်းမှာနေရာချပေးတော့ မနက်အစောကြီးရှိ ပါသေးတယ်။ မဲဆွယ် တရားဟောပွဲက နေ့လည် ၁၂ နာရီမှစမှာပါ။ ဒါပေမဲ့ တည်းခိုရမယ့်အခန်းတွေ ကိုနေရာချတုန်း စစ်သားတွေရောက် လာပြီး သန်းခေါင်စာရင်း စစ်တော့တယ်။ ကျနော်တို့ရဲ့မှတ်ပုံတင်တွေကို ကြည့်ပြီး နာမယ်နဲ့လူ တူမတူ သေချာ စစ်တယ်။ အဲဒီမှာ ကျနော်တို့သိလိုက်ပြီ။ ရွေးကောက်ပွဲအတွက် မဲဆွယ်ဟောပြောပွဲကို အနှောင့်အယှက်ပေးတော့မယ်ေ လ။ သူတို့သိချင်တာက ကျနော့်ကိုပါ။ ကျနော်က အင်အယ်ဒီပါတီ ဧရာဝတီတိုင်းရဲ့အတွင်းရေးမှူြး ဖစ် နေတာကိုး။ ဧရာဝတီတိုင်းထဲမှာ မြို့တိုင်းကို ကျနော်သွားပြီး ၉၀ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှ ယ် လောင်းတွေ နဲ့တွေ့ဆုံခဲ့တာကို
အာဏာပိုင်တွေက သိနေခဲ့ တယ်။ ဒါပေမဲ့ အာဏာပိုင် စစ်အာဏာရှင်တွေ အနေနဲ့
မြတ်လှိုင်းဆိုတဲ့အမည်ကိုပဲကြားဖူးပါလိမ့်မယ်။ လူ ကိုတော့ မတွေ့ဖူးပါဘူး။ ကျနော်ကလည်း တမြို့ ကိုရောက်ပြီးတာနဲ့  ချက်ချင်းပြန်ထွက်ခဲ့တယ်။ ပုသိ မ်တိုင်း ရုံးမှာလည်း အထိုင်နည်း ပါတယ်။ နောက် ကျနော် မှတ်ပုံတင်နာမယ်က စိုးမြတ်ဖြစ်နေတာလည်း ကျနော် ကံကောင်းတာပါ။ ဒီမှတ်ပုံတင်ကြောင့် ကျနော် အဖမ်းခံရမယ့်အခြေအေ နကလွတ်ခဲ့တာပါ။ ပုသိမ်မြို့ကို ဒေါ်အောင်ဆန်း စုကြည်နဲ့ စည်းရုံးေ ရးခရီးစဉ် သွားတဲ့အချိန်မှာတခါ ။ အခုတခါနဲ့ဆို နှစ်ခါရှိပြီ။ မနက်ဖက်ကြီးသန်းခေါင်စာရင်းစစ် ရတယ်လို့ဆိုပြီး မကျေ မချမ်းနဲ့ ဆရာရှမ်းက တဗျစ်တောက်တောက် ပြောေ နပါတယ်။ စစ်အာဏာရှင်ခေတ်မှာ ဘာကိုမှထူးဆန်း တယ်ပြောလို့မရနိုင်ဘူးလေ။
စစ်အာဏာရှင်ဗိုလ်ချုပ်ေ တွရဲ့ပါးစပ်ထဲမှာ ဥပဒေတွေရှိနေတဲ့ခေတ်ကြီးပါ။ မြန်မာပြည်ရဲ့စစ်အာဏာရှင် ခေတ်သမိုင်းဆိုးကြီးထဲမှာ ဧရာဝတီတိုင်းကစစ်အာဏာရှင်ဗိုလ် ချုပ်မြင့်အောင်က အဆိုးဆုံးစစ်အာ ဏာရှင် တယောက်ပါ။ သူအုပ်ချုပ်တဲ့ အချိန်ကစပြီး ဧရာဝတီတိုင်းအတွင်းက အင်အယ်ဒီခေါ င်းဆောင်တွေကို အဖိနှိပ်ဆုံးလုပ်ေ ဆာင်ခဲ့တာပါ။
မှတ်မှတ်ရရ အဲဒီမနက်ကမိုးတွေရွာချနေတယ်။ ပိေ တာက်ပန်းတွေလည်း ပွင့်နေတယ်။
ကျနော်တို့ထုတ်တဲ့ အင်အယ်ဒီမှတ်တမ်းလွှာထဲမှာေ ရးလို က်တဲ့ ပိတောက်တွေလှိုင်တဲ့နှစ်၊ ခမောက်ေ တွ နိုင်မယ့် ခေတ်။ ငုနဲ့ပိတောက် နွေမှာလှိုင်ပြီ၊ စုနဲ့ခမောက် မေမှာနိုင်မည် ဆိုတာကို နိမိတ်ကောင်းတယ် လို့ထင် ခဲ့တယ်။ ဒီ ၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ကျနော်တို့ ကျိမ်းသေနိုင်မယ်ဆိုတာ ကျနော်တို့သိနေပါတယ်။ ယုံလည်း ယုံကြည်နေခဲ့တယ်။
အဲဒီလိုနဲ့၊ နေ့လည်ရောက်တော့ မြောင်းမြမြို့၊ ဘောလုံးကွင်းကြီးထဲမှာ မဲဆွယ်တရား ဟောတော့တယ်။ မိုးကလည်းေ ကာင်းနေတာပေါ့။ ပရိတ်သတ်တွေရောက် လာပါ့မလားလို့တောင် စိုးရိမ်နေမိ တယ်။ ဒီမြောင်းမြကိုရောက်တော့ အဖွဲ့ဝင်တွေက သတင်းအကုန်ပေးတယ်။ ၀န်ထမ်းတွေကို ဒီမဲဆွယ်ဟောပြောပွဲ ကို ဘယ်သူမှမသွားရဆိုတဲ့အမိန့်ထုတ် ထားသတဲ့။ ကျောင်းပိတ်ရက်ဆိုတော့ ကျောင်သားတွေကိုတော့ တားမြစ်ထား လို့မရဘူး။
ဟောပြောပွဲစစချင်းမှာ ပရိတ်သတ်က နည်းပါတယ်။ နောက် မြောင်းမြမြို့နယ် ကျေးရွာတွေက အင်အယ်ဒီ ပါတီဝင်တွေ တက်ရောက်လာကြတယ်။ စစချင်း
ဆရာရှမ်းက စဟောတယ်။ စင်ပေါ်ကနေ စိမ်းမြသစ်ရွက် တို့ ကြွေနေတုန်း၊
တချို့တွေ နေနိုင်လွန်းတယ်ဆိုတဲ့ အဆိုတော်ခိုင်ထူးသီချင်းကို ဟစ် ပါလေရော။ လက်ခုပ်သံတွေဆူညံလို့ေ ပါ့။ တဖြေးဖြေးနဲ့လည်း ဘောလုံးကွင်းထဲမှာ ပရိတ်သတ်တွေပြည့်လာတယ်။ ထီးလေးေ တွဆောင်းလို့ပေါ့။
နောက် ကိုမြင့်ဆွေ(တင်ဆွေမိုး)၊ ကိုအော င်ကျော်ဦး(ကိုပိန်ပိန်)၊ ကိုပိန်ပိန်ကတော့ ရွေးကောက်ပွဲမှာ မဲပေးရမှာကိုရှ င်းသွားတယ်။ ကိုခိုင်မာနဲ့ ကိုစိုးမြင့်လတ်တို့ကလည်း ကဗျာတွေရွတ်ပြသွားကြတယ်။ ကဗျာဆရာေ မာင်ခိုင်မာက စင်ပေါ်တက်တက်ချင်း” မြောင်းမြကိုလှမ်းမြင်လိုက်ကတည်းက ရင်ထဲထိတ်ခနဲဖြစ်သွားတယ်၊ ဘုရား ဘုရား ဒါ ဧရာဝတီတိုင်းပါလား” ဆိုပြီး ပြောလိုက်တာကိုလည်း လက်ခု ပ်သံတွေ ဆူညံသွားစေခဲ့ပါတယ်။
နော က်ဆုံးက ကျနော်ဟောပြောရတယ်။ ကျနော်ဟောပြောဖို့ စင်ပေါ်တက်သွားတဲ့အချိန်ထိ
မိုးရွာလို့ ကောင်းတုန်းပါ။ ထီးတွေဆောင်းထားညပီး
ဘောလုံးကွင်းအပြည့်နားထောင်နေတု န်းပါ။ ကျနော်က စပြီး၊ ကျနော်တို့ ခေါင်းဆောင်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယိချုပ်ခံထားရတယ်။ သူ့ ဘ၀က မြန်မာပြည်အတွက် လမ်းကြမ်းကြမ်းကို နင်းလျှောက်ေ နရတယ်။ နေပူနေတဲ့နွေနေ့လည်ခင်းတွေမှာလည်း အမိုးအကာမပါပဲဖြတ်သန်းနေရတယ်။ အခုလို
မိုးရာသီမှာလည်း ထီးမဆောင်းပဲ မိုးရေထဲမှာ ဖြတ်သန်း နေရတယ်လို့  စပြီးပြောလိုက်တဲ့အချိန်မှာ ဆောင်းထားတဲ့ထီးတွေအကုန်ပိတ်သွားတယ်။
ကျနော်တို့ရဲ့ခေါင်းဆော င် ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းခရီးစဉ်တုန်းက ခမောက်လေးတလုံး ဆောင်းပြီး ပြည်သူတွေကိုတရားဟောခဲ့တာကို သတိ ရလိုက်သလိုပါပဲ။ မိုးရွာနေတဲ့အချိ န်မှာ ကျနော်တို့ ခေါင်းဆောင်နဲ့အတူ မိုးရွာထဲမှာ အမိုးမကာမပါပဲအတူလျှောက်လှမ်း မယ်ဆိုတာကို ပြည်သူတွေက ပြလိုက် တာပါပဲ။ ကျနော်က ပြိုင်ဘက်ပါတီကခေါင်းဆောင်ဖြစ် သူပြောတဲ့စကားကို စင်ပေါ်က ပြန်စိန်ခေါ်လိုက်ပါ တယ်။ အဲဒီအချိ န်တုန်းက ကျနော်တို့အင်အယ်ဒီကိုလိုက်ပြိုင်ပြီး ထိုးနှက်နေတာက ဦးအောင်ကြီးပါ။ သူပြောလိုက်တာက ဦးခေါင်းမရှိပဲနဲ့(နေအိမ်အကျယ် ချုပ်ကျနေတဲ့ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကိုညွှန်းဆိုပြီး တိုက်ခိုက်လိုက်တာပါ) ခမောက်ဘယ်လိုမှမဆောင်းနိုင်ဘူး လို့ တိုက်ခိုက်ပြောလိုက် တာကို ကျနော်က ကျနော်တို့ သန်းလေးဆယ်သောပြည်သူတွေရဲ့ခေါင်းပေါ်မှာ ခမောက်ဆောင်းထားတာ ကို ဦးအောင်ကြီး မမြင်နိုင်ပါဘူး၊ ခေ မာက်က ကျနော်တို့ အမိအဖဆိုပြီး သဘောထားတဲ့ပြည်သူေ တွရဲ့ ဦးခေါင်းပေါ်မှာဆောင်းထား တာပါ။ အခုအချိန်မှာ ကျနော်တို့အနေနဲ့ မိဘဆိုတဲ့ပြည်သူတွေကိုဦးဆောင် နိုင် တဲ့အနေအထားမရှိသေးပေမယ့် ပြည်သူနဲ့အတူတူ ဒီမိုကရေစီလမ်းကြမ်းကြီးကို လျှောက်လှမ်းပါ့မယ်ဆို တဲ့ကတိကိုပေး နိုင်ပါတယ်။ သန်းလေးဆယ်သောပြည်သူေ တွနဲ့အတူတူ
ခမောက်ကိုဆောင်းထားပါ့မယ်။
ပရိတ်သတ်တွေက လက်ခုပ်သံတွေ ဆူညံနေခဲ့ပါတယ်။ ဒီ
ဒီမိုကရေစီလမ်းကြမ်းကြီးကို ပြည်သူနဲ့အတူ လျှောက်လှမ်းနေပြီး ကျနော်တို့အနေနဲ့ အမိအဖဆိုတဲ့နေရာ၊ အိမ်ဦးခန်းမှာ ထားပြီး အလုပ်အကျွေးပြုနိုင်ဖို့ ကျနော်တို့ကို အလုပ်အကျွေးပြုခွင့် ဒီနေရာမှာလာတောင်းတာပါ။ အဲဒီအချိ န်ကျရင် ပြည်သူကို ကျနော်တို့ ဦးဆောင်ပြီး လက်တွဲခေါ်သွားနိုင်မှာပါ။ ဒီတာ ၀န်ကိုကျနော်တို့ယူဖို့ဆြို ပီးပြောနေပေမယ့်၊ ကျနော်စဉ်းစား မိတာကိုပြောပါ့ မယ်။ အခုပြောနေတာက ဘောလုံးကွင်းထဲမှာဆိုတော့၊ ဘောလုံးပြိုင်ပွဲရဲ့ ဥပမာကို ပေး ချင် ပါတယ်။ဘောလုံးကိုယှဉ်ပြိုင်ေ နကြတဲ့ဘောလုံးအသင်းနှစ်သင်းရှိ ပါတယ်။ ဒါကို ကြည့်နေကြတဲ့ ပရိတ် သတ်လည်း ရှိပါတယ်။ ဒီဘောလုံးပြိုင်ပွဲကို တရားမျှတအောင်ဆောင်ရွက်ပေးမယ့် ကွင်းလယ်ဒိုင်လည်း ရှိပါတယ်။ တကယ်လို့ကွင်းလယ်ဒိုင်ကတဖက် သတ်ဆုံးဖြတ်ပြီး တဖက်အသင်းကို ပဲ
ပင်နယ်တီပေးနေခဲ့ရင် ဘက်လိုက်နေခဲ့ရင် ကြည့်နေတဲ့ပရိတ်သတ်ကသိပြီး
ထဆူပူမှုဖြစ်မှာပါ။ ဒီတော့ ပွဲဆူတယ်ဆိုတာ ဒိုင်လူကြီးဘက်လိုက်ရင်လည်း
ဆူတတ်တာကိုသတိပေးလိုက်ပါရစေဆိုပြီး ကျနော် ပြောလိုက်တဲ့အချိန်မှာ
ပရိတ်သတ်တွေရဲ့လက်ခုပ်သံတွေမစဲ နိုင်အောင်ဖြစ်သွားခဲ့တယ်။ အဲဒီ အချိန်မှာ အလုပ်ရှုပ်သွားတာက စစ်ထောက်လှမ်းတွေပါပဲ။ ကျနော်ဟေြာေ ပာတာတွေကို ရီကော်တာနဲ့အသံဖမ်းထားပြီး ကျနော်ကိုဖမ်းဖို့ လုပ်နေပါတယ်။ ကျနော်ဟောပြောေ နတာကိုရပ်ပေးဖို့ စစ်ထောက်လှမ်းရေးတွေ၊ ရဲထောက်လှ မ်းရေးတွေ က စင်အောက်မှာရှိတဲ့ ကိုမြင့်လွင်တို့ကို တွန်းအားပေးေ နပါတယ်။ ကိုမြင့်လွင်နဲ့ညမို့နယ်စည်းရုံးရေး ခေါင်းဆောင်တွေက အခုကျနော်ဟောပြောနေတာကို ရပ်ပေးဖို့မပြောနိုင်ဘူး၊ ပွဲပြီးမှ
သူတို့ကိုဖမ်းပါဆိုပြီး ငြင်းဆန်လိုက်တယ်။ မြို့နယ်စည်းရုံးရေးမှူးတွေက
ဒီအခြေအနေကို သိပြီး ကျနော် စင်ပေါ်ကဆင်းတဲ့ အချိန်မှာ
ပင်နီအကျီင်္ကိုချက်ချင်းလဲစေပြီး ဘောလုံးကွင်းထဲက
အမြန်ဆုံး ခေါ်ထုတ်သွားခဲ့ကြတယ်။ ကျနော်တို့တည်းခိုတဲ့တည်းခို ခန်းကိုခေါ်မသွားပဲ၊ သဘောင်္ဆိပ်နားကအိမ်တအိမ် ကိုေ ခ်ါသွားပြီး ဝှက် ထားကြတယ်။ ညမိုးချုပ်တဲ့အချိန်မှာ ပုံမှန်ထွက်နေကျ အစိုးရသဘောင်္နဲ့မဟုတ်တဲ့ နှစ်ထပ်ပုဂ္ဂလိက ပိုင်သဘောင်္နဲ့တင်ေ ပးလိုက်ကြတယ်။ ကျနော်တို့သဘော င်္ပေါ်တက်တဲ့အချိန်မှာ အင်အယ်ဒီ ပါတီအဖွဲ့ဝင် တွေနဲ့ကျော င်းသားသမဂ္ဂတွေလူအုပ်ကြီးနဲ့ အကာ အကွယ်ပေးပြီး တက်စေပါတယ်။
နောက်တခုကံကောင်းတယ်လို့ပြော ရမှာပါ။ စစ်ထောက်လှမ်းရေးတွေက ကျနော် ဟောပြောတာတွေကို အသံသွင်းထားတဲ့ရီကော်ဒါက မိုးရေတွေစိုလို့ပျက်သွားတယ်တဲ့ ။
မြောင်းမြမြို့ကနေအောင်မြင်စွာ နဲ့ ရန်ကုန်ပြန်လာနိုင်ခဲ့ပါတယ်။ ဒါေ ပမဲ့ ကျနော်တို့စီးလာတဲ့သဘောင်္ဟာ လမ်းမှာ မုန်တိုင်းမိခဲ့ပါတယ်။
ရှေ့ဆက်မသွားနိုင်တော့ပဲ အချိန်တော်တော်ကြာအောင်
ကမ်းဘေးကို ထိုးကပ်ထားခဲ့ရပါတယ်။ ကျနော်တို့အဖွဲ့လည်း
ရင်ခုန်နေခဲ့ရတယ်။ ဘုရားစာရွတ်ေ နတဲ့သူတောင် ပါမလားမသိ။ ဆရာရှမ်းက ကိုမြင့်လွင်ကိုမေးလိုက်တယ်။” ကိုမြင့်လွင်က ‘ ဟာ ဘယ်ပြောလို့ရမလဲ ဆရာရှမ်းရဲ့၊ အချိန်မရွေးမြုပ်သွားနိုင်တယ်’ “ ဒါဆို ကျုပ်ရေမကူးတတ်ဘူး၊ အိပ်တော့မယ်၊ ဘာထူးလဲဗျ၊ သေချင်လဲသေပစေဆိုပြီး ဒီခရီးကိုလိုက်လာတာပဲ”လို့ ပြော ပီး ဆရာရှမ်းအိပ်ပါလေရော။
မုန်တို င်းကလည်းပိုပြင်းထန်လာတယ်၊ မိုး ကလည်း သည်းသည်းမည်းမည်းရွာနေတယ်။ ဆရာရှမ်း ဟောက်သံကလည်း မိုးနဲ့မု န်တိုင်းနဲ့အပြိုင်ပါပဲ။ အဲဒီညက မုန်တိုင်းဟာ အတော်ကြီးကိုကြမ်းကြမ်းတမ်း တမ်း တိုက်ခတ်ခဲ့တယ်ဆိုတာ ပြန်အမှတ်ရေ နပါတယ်။
ကျနော်ပြောရဲတာက ၉၀ ခုနှစ်က အင်အယ်ဒီပါတီဆိုတာ ပြည်သူတွေအတွက် ရှေ့တန်းက စစ်အာဏာ ရှင်စနစ်ကို ရဲရဲဝံ့ဝံ့ရပ်တည်နိုင်ခဲ့တဲ့ပါ တီဆိုတာကို ပြည်သူဖက်ကရပ်တည်နေတဲ့ ကဗျာဆရာေ တွ၊ စာရေး ဆရာတွေ ပါဝင်ခဲ့တာနဲ့သက်ေ သပြနိုင်ခဲ့ပါတယ်။ ရှေ့မှာအလွန် ခက်ခဲကြမ်းတမ်းတဲ့ ဒီမိုကရေစီခရီးလမ်း ကို ပြည်သူနဲ့ အတူလျှောက်ခဲ့ရပါတယ်။ နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်လောက်ဖြတ်သန်းခဲ့ ရပါတယ်။ အဲဒီတုန်းက ပြည်သူကို ပြန်ဦးဆောင်နိုင်ဖို့ တာဝန်ကိုရွေးကောက်ပွဲမှာ ပြည်သူတရပ်လုံးက မဲပေးလိုက်ကြ ပါတယ်။ ဒါပေမဲ့ြ ပည်သူတွေရဲ့ဆန္ဒကို စစ်အစိုးရက ဗြောင်ငြင်းပယ်ခဲ့တယ်။ ပိတောက်ေ တွလှိုင်မယ့် နှစ် ဆိုတာကို အညွှန့်ချိုးပစ်ခဲ့ကြတယ်။ ခမောက်ေ တွနိုင်မယ့်ခေတ်ကိုလည်း ရိုက်ချိုးပစ်ခဲ့ပါတယ်။ ခမောက်တခြမ်းကို ကြိုးတုတ်ပြီး တခြမ်းကိုထောင်သွင်းအကျဉ်းချ ပစ်ခဲ့တယ်။ ခမောက်ကိုဆောင်းခဲ့တဲ့ ပြည်သူတွေကိုလည်း အမိန့်အာဏာတွေနဲ့တင်းတင်းကျပ်ကျ ပ် ချုပ်ကိုင်ထားခဲ့ကြပါတယ်။
ခမောက်ေ တွကိုဆောင်း အနိုင်ကိုကာကွယ်ဖို့ကြိုးစားသူ မှန်သမျှ၊ ဘ၀တွေပျက်အောင်ဖျက်ခဲ့ ကြပါတယ်။ နောက်ဆုံး အသက်တွေကြွေတဲ့အထိအထိခြွေပစ်ခဲ့ ကြပါတယ်။ ကျနော်တို့ပြည်သူေ တွဟာ ဇွဲမလျှော့ခဲ့ကြ ပါဘူး။ နှစ်ေ ပါင်းနှစ်ဆယ့်ငါးနှစ်တာမျှ
ခရီးကြမ်းကြီးကို အတူပါဝင် လျှောက်လှမ်းခဲ့ပါတယ်။ ကျနော်တို့
မြန်မာပြည်ရဲ့ပြည်သူတွေကို အသိအမှတ်ပြုရမှာပါ။ အာဇာနည် သူရဲကောင်းတွေအတွက်
အထိမ်းအမှတ် ကျောက်တိုင်စိုက်ထား သလိုမျိုး ဒီမိုကရေစီတိုက်ပွဲဝင် ပြည်သူများကျောက်တိုင်စိုက်ထူထားရပါလိမ့်မယ်။ ပြီးတော့ ပြည်သူတွေနဲ့အတူပါဝင်ခဲ့တဲ့ကဗျာ ဆရာများ၊ စာရေးဆရာများကျောက်တို င်ကိုလည်း စိုက်ထူထား ရမှာပါ။ ဒီအေ မှာင်ခေတ်လမ်းမှာ ကဗျာဆရာတွေ၊ စာရေးဆရာတွေအနေနဲ့ ကြယ်ပွင့်တွေတောက်ပခဲ့ သလို တောက်ပခဲ့ပါတယ်။
ဒီခရီးလမ်းရဲ့ကြမ်းတမ်းမှုတွေထဲ မှာ အခုဆိုရင် ကြယ်နှစ်ပွင့်ကြွေကျသွားခဲ့ရပြါ ပီ။ ကဗျာဆရာမောင်ခိုင်မာနဲ့ စာရေးဆရာမောင်လင်းယုန်(ရှမ်ြး ပည်)တို့ပါ။ တခြားသောအတောက်ပဆုံး ကြယ်ပွင့်ကြီးတွေလည်း ကြွေခဲ့ ကြပါတယ်။
ဆရာရှမ်း(မောင်လင်းယု န်ရှမ်းပြည်)နဲ့ ဆရာမောင်ခိုင်မာတို့ ကိုလည်း မှတ်တမ်းတင်ထားမိပါတယ်။ ကြွေသွားတဲ့ အတောက်ပဆုံးကြယ်နှစ်ပွင့်ကို ပြန်တမ်းတနေမိပါတယ်။ နောက်ဘ၀ရှိ ခဲ့ရင် ဒီဘ၀ထက်ပိုပြီး လင်းလက်တောက်ပတဲ့ကြယ်ကြီးတြွေ ဖစ်ပါစေ။
Vol -6.No - 280 .28.4.2017 First Weekly ဂျာနယ်မှာ ဖော်ပြပြီးဖြစ်သည်။
Comments
Post a Comment