သစ်ခက်သံလွင်ကဗျာ၊ ကေဇော်မိုး ၏ " ခရီးသွားခြင်း (၂)"

ခရီးသွားခြင်း ( ၂ )

 ကေဇော်မိုး
POS
ညီလေးရေ
ရှေ့ကရေဗူးလေးကမ်းမယ်
ခွက်ရေအတိအကျညှိပေါ့
အစဉ်အလာအရ
တိုးကြောင်ကလေးဟာစတင်ခြင်းအမှတ်အသား
ဒိုက်ဦး
ဖြူး
တောင်ငူ
ရေမီးဟာ စုံလင်ရင်းမှန်လာပြီ။
ပျဉ်းမနား
လွန်ရင်လွန်ပါလေ့စေ
နေပြည်တော်ကိုငါတို့ စိတ်ကလှမ်းလှမ်းခွာထား
တပ်ကုန်း
ရမည်းသင်း
ပျော်ဘွယ်
ထီလာ
သာစည်
အဆင်ပြေသလိုငါတို့ ခြေချစာလေးမှာမိုးလင်းမယ်
တဝမ်းတခါးအတွက်
ကျော်ခွချသွားတဲ့  ဈေးသည်တွေကိုစိတ်မရှိနဲ
ရထားဟာ ရရှိရာအစာအိမ်ရဲ့အရှင်သခင်
  ရထားကြီးပျော်ပျော်စီးလို
ချက်ကောဗ့်နဲ့ဂေါ်ဂီရဲ့ဇာတ်ကောင်တွေနဲ စကားပြောကြမယ်

ဖြေးဖြေး  ဘေးဖယ်
နောက်ကအစ်မကြီး ရေအိမ်ဝင်မယ်
ကိုယ်လေးကိုကျုံပြီး ဘေးကိုမျက်နှာလွှဲထား
ညီမလေးတယာက်သန့်စင်ဖိုလာပြီ
ခပ်လှမ်းလှမ်းကိုခေတ္တစတေးရှောင်ပေးမယ်
နားလည်မှုဟာ ကိုယ်ထူကိုယ်ထကြိုးစားရတဲ့
သံသရာရထားပေါ်က ဝိမုတ္တိ
နံနက် ၃ နာရီ
ကော်ဖီကျကျလေးတခွက်နဲ
အာရုဏ်ကိုချီးစ်ယားလုပ်ကြစို့
ကော်ဖီ ကော်ဖီ
အမျှော်သည်ဟာဘယ်ထောင့်ချိုးကြားငိုက်နေလဲ
သည်းခံ သည်းခံ
သွေးနဲ့စပ်ထားတဲ့သံပတ်မှာ
သူ့နှလုံးခုန်သံပမ်းရှာရောပေါ့။
သည်းခံ သည်းခံ
စောင့်ဆိုင်းခြင်းက  ၃၇ မိုးမှာ
၃၇မင်းနဲမိဆိုင်ဖဆိုင်ပြနေတုန်း
ရထားဟာ ရရှိရာလမ်းထဲ လှမ်းဆဲ
မှောင် ရီ  ရီ ဝေ
မကြာခင် လင်းလုပေါ့
"ဖြန်း  ဗွမ်း "
အို...
နှစ်သစ်အကြို  ဦးဦးဖျားဖျားရေတွေစိုလို
ပြတင်းပေါက်က ကျော်ဝင်လောင်းတဲ့
ရေကစားသူရယ် ကျေးဇူး
အပူထည်ဟာ တသံသရာလုံးစာ ဘဝဖြစ်နေပေါ့
အေးစေ  ငြိမ်းစေ
အားလုံးငြိမ်းအေးစေ
ရကောက်ရထားက အလင်းကိုငံဖွင့်လို
အာရုဏ်ဦးရဲ့ကွမ်းဝါနုမှာ
ဗဟိန်းမြို့ပေါ် ကဗျာတွေအလည်တခေါက်ရောက်လာမယ်     

ကေဇော်မိုး

Comments