သစ်ခက်သံလွင် ကဗျာ၊ မြတ်လှိုင်းနှင့် ဟိန်းနိုင်(မန္တလေး) တို့၏ ကဗျာများး

မေ့လျော့ နေခဲ့တဲဒီနေ့
www.pinterest.com
 ဝင်္ကဘာပန်းချီကားတပ်ချပ်ထဲ
ငါထွက်ပေါက်ရှာနေမိတယ်
မနက်ဖြန်ကို ငါပိုင်သလား
ခက်ဆစ်အမေးကိုလမ်းညွှန်မြေပုံလိုကြည့်ခဲ့။
စီးကရက်တလိပ်လိုပြာကျနေခဲ့
ငါ့ကိုလောင်ကျွမ်းခဲ့တဲ့နေ့တွေတလိပ်ပြီးတလိပ်
ဒီပစ္စက္ခကိုဖြေရှင်းဖို့ရိက္ခာရှာရင်း
မနက်ဖြန်အတွက်အသိတရားဝမ်းစာကိုမေ့လျော့နေခဲ့
ခန္ဓာကိုယ်ဟာ တဖြည်းဖြည်းဖောင်းပွလာ
ဦးနှောက်ကပိုလီယိုရောဂါသည်ဖြစ်နေရ။
ငါတို့ထွက်ပေါက်ဟာ
တဖြည်းဖြည်းကျဉ်းမြောင်းလာခဲ့
မနက်ဖြန်ဟာ ဘာဖြစ်မလဲ
ကံကြမ္မာကြိုးဆွဲနေတဲ့ရုပ်သေးတရုပ်လို က နေရမှာလား
ရုပ်ဝတ္ထုတွေကြီးထွားလာတဲ့မြို့ကြီးဟာ
အနာဂတ်စိတ်ဝိညာဉ်တွေကိုစိန်ခေါ်နေကြတယ်။
ဒီဝင်္ကဘာပန်းချီကားထဲမှာ
ထွက်ပေါက်ရှာရင်း
အတိတ်တွေထားပစ်ခဲ့ပြီး
အရိပ်လိုထွက်သွားခဲ့တဲ့ ငါတွေ
စာတစ်ကြောင်းကိုရေးနိုင်ခဲ့သလား
ဒီနေ့ကိုရှာဖွေဖို့အရေးကြီးတယ်။    

မြတ်လှိုင်း
https://ssl.gstatic.com/ui/v1/icons/mail/images/cleardot.gif…..
ချုပ်ထားသောစာအုပ်အစိမ်း
 
www.pinterest.com

နလန်မထူ အသက်ရှူမဝ
ထလျှောက်လှမ်းနိုင်ရေးတိုက်ပွဲ
အပြောင်းအလဲတောင်းဆိုတယ် 
မပြောင်းရဲသူအုပ်စု
လုယူကောက်စားလုပ်
စာအုပ်စိမ်းကြီးဆုပ်ကိုင်
တစ်ကျပ်ထဲက- တစ်မတ်နှုတ်
သုးံမတ် - ရှေ့သွားမရအောင်
သုံးခုယူပြီး တားထားတယ် ၊။ 


ဟိန်းနိုင်(မန္တလေး)
၂၄၊ မတ်၊ ၂၀၁၇


Comments