စာနယ်တခွင်က မှိုင်းရဲ့ သဘင်


“စာနယ်တခွင်က မှိုင်းရဲ့ ကဗျာသဘင်”
၁၃၇၈ ခု တပေါင်းလပြည့်ကျော် ၁၄ ရက်၊ ၂ဝ၁၇ ခုနှစ်၊ မတ်လ၊ ၂၆ ရက် (တနင်္ဂနွေနေ့)မှာ ကျရောက်တဲ့ ဇာတိမာန်စာဆို၊ ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ၁၄၁ နှစ်မြောက်မွေးနေ့ အထိမ်း အမှတ်အဖြစ် “စာနယ်တခွင်က မှိုင်းရဲ့ ကဗျာသဘင်” ခေါင်းစဉ်နဲ့ ကဗျာရွတ်ပွဲအခမ်းအနားကို ရန်ကုန် ဘွတ်ခ် ပလာဇာ၊ ၁၇ လမ်း၊ လမ်းမတော် သံဈေး၊ ၅ လွှာမှာ နေ့လည် ၁းဝဝ နာရီက ၄းဝဝ နာရီထိ ကျင်းပ  မှာ ဖြစ်ပါတယ်။ ဆရာကြည်နိုင်၊ ဆရာ ချစ်ဦးညို၊ ဆရာအောင်စောဦး၊ ဆရာမောင်နွေထက်၊ ဆရာ ထွန်းဝင်းငြိမ်းတို့က မဟာမှိုင်း စာ၊ မဟာမှိုင်း ကဗျာ၊ မဟာမှိုင်း ဒေသနာတို့ကို တင်ပြကြပြီး လူငယ်ကဗျာ ဆရာတွေရဲ့ကဗျာ ရွတ်ဆိုမှု အစီအစဉ်တွေ ပါဝင်မှာဖြစ်တဲ့အတွက် တက်ရောက်ချီးမြှင့်ကြပါရန် လေးစား စွာ ဖိတ်ကြားအပ်ပါတယ်။ 
ကဗျာရွတ်ဆိုမှုအစီအစဉ်အတွက် ဆရာရွှေကြယ်မိုး (ဖုန်း - ၀၉၇၇၇၇၄၈၅၅၅)ထံ ၂ဝ၁၇ ခုနှစ်၊ မတ်လ၊ ၂၆ ရက် (တနင်္ဂနွေနေ့) နေ့လည် ၁၂ နာရီ နောက်ဆုံးထားပြီး စာရင်းပေးသွင်းပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

Comments