သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မောင်ရဲနွေ ပလိပ်၊ အာကာဦး နှင့် လင်းသက်ငြိမ်တို့၏ ကဗျာများ

 သမိုင်း

IRF
လုပ်ရဲလို့
လုပ်ခဲ့တဲ့ မင်းတို့ သမိုင်း
ထင်ရာစိုင်း
ရိုင်းခဲ့တာ
ကမ္ဘာသို့စေ
ဘယ်မကျေ။

မောင်ရဲနွေ ပလိပ်
       ၉.၃.၁၇
ကျောင်းသား သပိတ်ဖြိုခွင်းမှု (၂) နှစ်ပြည့်
            
            
 ...
လက်ဖက်ရည်ဆိုင်
Alibaba.com
ဆေးရောင်မရှိတော့တဲ့စားပွဲတလုံးပေါ်
မှောက်မှားခဲ့တဲ့အတိတ်တွေကိုသွန်ချလိုက်တော့
အကြမ်းပန်းကန်လုံးထဲကရေနွေးပူပူရဲ့အငွေ့လို
ခေတ်ဟာ ထောင်းထောင်းထတယ်။
အမှောင်ခေတ်ထဲကလူငယ်တယောက်နဲ့တူတဲ့
လောင်းကျွမ်းသွားတဲ့ဆေးလိပ်တွေရဲ့အငွေ့ဟာ
မျောချင်ရာကိုမျောလို့။

ကိုယ့်ကိုကိုယ်ပြန်မြင်နေရတဲ့
ခေတ်ပြိုင်ရုပ်လုံးတွေကြား
ငါတို့ဟာ
တယောက်အသံကို
တယောက်ကအားစိုက်
ဂျင်းထည့်ခံထားရတဲ့သမိုင်းတွေကို
ကြိုးစင်တင်လိုက်ကြတယ်
သမိုင်းသစ်တွေထွန်းလင်းခဲ့ပေါ့။

အာကာဦး
...   
 မေ့နေလို့မဖြစ်တော့ဘူး
Pinterest
ငါ့မျက်နှာပေါ်ကျလာမယ့် မင့်လက်သီးကိုအားနာတယ်
မင်းမျက်နှာပေါ်သွားကျမယ့် ငါ့လက်သီးကိုလည်းအားနာတယ်
ဓားချင်းယှဉ်တဲ့ ခေတ်လွန်ခဲ့ပြီ
တရားချင်းယှဉ်တဲ့ ခေတ်ကိုလည်းလွန်ခဲ့ပြီ
သိပ်ခေတ်မစားလှတဲ့အပြုံးနဲ့
ငါတို့အမုန်းကို ဆေးကြောရင်အဆင်ပြေမလား
တကယ်တော့လူတယောက်က လူတယောက်ကို
ပြုံးပြလိုက်တာ
လူတယောက်ကို လူတယောက်က
နွေးထွေးလိုက်တာ
ငါတို့မေ့လျော့နေတဲ့ ငါတို့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေ
မဟုတ်ဘူးလား ။

လင်းသက်ငြိမ်

Comments