သစ်ခက်သံလွင် ကဗျာသုံးသပ်ချက်၊ ကိုနိုင်း၏ "ခေတ်ပြိုင်ထဲက အနာဂတ်"(ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့် -၄ )

ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့် ( ၄ )
ခေတ်ပြိုင်ထဲက အနာဂတ်

သူရိယနေဝန်း-Vol 1.No 140. 11 March 2017 မှဖော်ပြပြီးဆောင်းပါး-စာရေးသူခွင့်ပြုမှုအရ။

ကျွန်တော်တို့က ခေတ်ပြိုင်တွေပါ။
နှစ်တစ်ရာအတွင်းမှာနေထိုင်တဲ့လူတွေမှန်သမျှ ခေတ်ပြိုင်တွေဖြစ်တယ်ဆိုပေမယ့် ခေတ်ပြိုင်အနေနဲ့ လူသားဖြစ်တည်မှုတူခြင်းတွေက ကွဲပြားကြပါတယ်။ အနာဂတ်ကိုမျှော်ကြည့်ပုံချင်း ကွဲပြားကြပါတယ်။
ပြောမယ်ဆိုရင် ကျွန်တော်တို့ဟာ ရာစုနှစ်နှစ်ခုကိုဖြတ်သန်းခဲ့သူတွေဖြစ်တာကြောင့် ခေတ်ပြိုင်နှစ်ခုကို ဖြတ်သန်းခဲ့သူတွေဖြစ်နေကြသည်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ ပြည်သူတွေအတွက် အနာဂတ် မျှော်လင့်အိပ်မက်က ပါးလျလွန်းနေတယ်။ အိပ်မက်ထဲမှာတောင် အမှောင်က လွှမ်းမိုးနေလို့လား။ အတိတ်လမ်းကိုပြန်တွေးရင်း အနာဂတ်လမ်းကို မမြင်နိုင်ခဲ့ဖူး ဆိုတာ၊ BEAUTYMagazine ထဲက ကိုသန်းထွန်းရေးတဲ့ " ဝင်းတင်လမ်း "ကဗျာကိုဖတ်ရင်း ဒီအတွေးနဲ့ ပြတင်းတံခါးကို ဖွင့်ကြည့်လိုက်မိတယ်။

ဒီသစ်ပင်အောက်ကိုဝင်ရင်
ဒါမှမဟုတ် ဒီကန်ရေကိုသောက်ရင်
သူစားခွင့်ရှိတယ်ဆိုတဲ့ ပုံပြင်ထဲက ဘီလူးလိုပဲ
တော်လှန်ရေးဟာ ကြီးမြတ်သူတယောက်ရဲ့အသက်ကို
တောင်းဆိုတတ်တယ်
အဲဒါကို သူပေးခဲ့တာပဲ။

အနာဂတ်ကို ယုံကြည်လို့သာ ပစ္စုပ္ပန်မှာရှင်သန်ခဲ့တာပေါ့
ပစ္စုပ္ပန်မှာ ရှင်သန်ခဲ့လို့သာ အနာဂတ်ဆီ ထွက်သွားခဲ့တာပေါ့
ရှင်သန်နေချိန် တောင့်ထားခဲ့သမျှ
သေဆုံးချိန်ကို အောင့်မထားနိုင်တာတခုပဲ
သူ့ကို မှားတယ်ပြောရမယ်
သူက အချိန်တခုကို စောင့်ခဲ့တာ။


သူတဲ့။ ကဗျာခေါင်းစဉ်က ၀င်းတင်လမ်း တဲ့။။ သူက အချိန်တခုကိုစောင့်ခဲ့တာ တဲ့။
သူဆိုတာဘယ်သူလဲ။ မြန်မာပြည်ကလူေ
တွ သိကြပါတယ် မြန်မာပြည်တင်မကပါဘူး။
ကမ္ဘာကပါသိခဲ့ကြတဲ့လူတယောက်။ ခေတ်ပြိုင်ထဲက လူတယောက်။  သူက တော်လှန်ရေးသမားလား။
ကျွန်တော်တို့ နိုင်ငံအတွက် စစ်အာဏာရှင်တော်လှန်ခဲ့သူ။ တော်လှန်ရေးမှာကြီးမြတ်ခဲ့သူ၊ စစ်ပွဲထဲမှာ လက်နက်တွေနဲ့ ရဲဝံ့စွာတိုက်ခိုက်ပြီး ကျဆုံးသွ
ားရတာမဟုတ်ဘူး။ စစ်သူရဲကောင်းတယောက် စစ်မြေပြင်မှာကျဆုံးသွားရတာထက်၊စစ်ပွဲတခုလုံးအတွက်အောင်နိုင်ရေးမဟာဗျူဟာကိုရေးဆွဲပေးနေတဲ့ ပညာရှိသုခမိန်တယောက်ကျဆုံးသွားခြင်းက ပိုကြီးကျယ်ပါတယ်။ ပိုဝမ်းနည်းကြေကွဲစရာ ကောင်းပါတယ်။
သူက ကွိ လိုလူပါပဲ။ ကျွန်တော်တို့ လေးစားအားကျခဲ့ရတဲ့လူတယောက်ပါ
။ ဆရာဟံသာဝတီဦးဝင်းတင်ပါ။ ကဗျာဆရာက ဒီလိုဆက်ရေးသားပါတယ်။

အမှန်တရားရဲ့စစ်တလင်းမှာ
အံသွားပဲ့နေတဲ့ ခင်ဗျားရဲ့ခံတွင်းက ချစ်ကြည်ခြင်းတေးကို ဆိုတယ်
ခင်ဗျးဟာ သိမ်မွေ့တဲ့ဆိုရှယ်လစ်ပဲ
တပြိုင်နက်တည်းမှာ စစ်ချီသီချင်းကိုလည်း ဆိုတယ်
ခင်ဗျားဟာ ပြတ်သားတဲ့ ဒီမိုကရက်တစ်ပဲ
တက်အကျိုးမှာ  ခွက်ထိုးခံသူတွေကြား ခင်ဗျားက လက်ထိုး ဆန်ခဲ့တယ်
ခင်ဗျားဟာ ရိုးဖြောင့်တဲ့ ဂျာနယ်လစ်တယောက်
ခင်ဗျားလျှောက်ခဲ့တဲ့လမ်းဟာ ကျွန်တော်တို့ လျှောက်ချင်တဲ့လမ်းပါပဲ။


တကယ့်ကိုပြောပြနေသလိုပါပဲ။ သူလျှောက်လှမ်းခဲ့တဲ့လမ်း၊ သူရှေ့ဆုံးက လျှောက်ပြခဲ့တဲ့လမ်း၊ သူ အနစ်နာခံပြီး လျှောက်ရမယ့်လမ်းကို ညွှန်ပြခဲ့သလို သူကိုယ်တိုင်လည်း လျှောက်လှမ်းခဲ့တဲ့လမ်း။
ကျွန်တော်တို့နဲ့ခေတ်ပြိုင်ထဲ
ကလူတယောက်အဖြစ် ကြီးမြတ်မှုကိုပြသနိုင်ခဲ့တဲ့လူသားစစ်စစ်လူတယောက် ပါပဲ။ ဒါ အခုအချိန်မှာ ဘယ်သူတွေလျှောက်လှမ်းနေကြပြီလဲ။ တကယ်လျှောက်ပြီး မှတ်တိုင်တခုကိုရောက်ခဲ့ ကြပြီလား။ လျှောက်ချင်ယောင်ဆောင်နေကြတဲ့လူတွေ များနေသလား။ လမ်းရဲ့ဘေးထွက်ထိုင်ဘုပြောနေတဲ့လူတွေကို လှည့်မကြည့်ပါနဲ့ဦး။ သူဦးဆောင်လျှောက်ပြခဲ့တဲ့လမ်းရဲ့ရှေ့ဆုံးမှ ကြွေးကြော်လျှောက်လှမ်းခဲ့တဲ့လူတွေတောင် အချောင်ခိုနေကြပြီလား။ ထိုင်ခုံကောင်းကောင်းမှာ ထိုင်ခွင့်ရပြီး ထိုင်နေကြပြီလား။
သူဆိုတဲ့သံမဏိလူသားကို လေးစားမှုေ
တွ ဖုံးကွယ်ထားကြပြီလား။ သံမဏိလူသားရဲ့မှာကြားချက်စကားတွေကို အခွင့်အရေးခွက်နဲ့ လဲလှယ်လိုက်ကြပြီလား။

ခုနေများ သူရှိရင်
ဘယ်သူမတွေးမိဘဲ ရှိမလဲ
သူ ဘာတွေ ပြောမလဲ
သူပြောမယ့်စကားတွေ ကိုယ့်ဘာသာကိုယ်တွေးတွေးပြောကြ


ခေတ်ပြိုင်ထဲကလူတွေ တွေးကြပါ။ အတိတ်ကတွေးခဲ့ဖူးကြမှာပါ။ အခုပစ္စုပ္ပာန်မှာ ငါတို့ ဘယ်လမ်းလျှောက် မယ်ဆိုတာ တွေးကြည့်ကြပါ။ ဒီလိုသာမတွေးပဲ လျှောက်ချင်သလိုလျှောက်နေကြမယ်ဆိုရင်၊ အနာဂတ် လမ်းပျောက်ကွယ်သွားမှာရော တွေးမိရဲ့လား။
ဝင်းတင်လမ်းက ညွှန်ပြနေပါတယ်။

လမ်းနာမယ်ကအရေးမကြီးပါဘူး။ လမ်းအမည်နာမတခုပေးချင်လာစေတဲ့စိတ်ဓာတ်က အရေးကြီးပါတယ်။
ကျွန်တော်တို့ကြားနေရတယ်။ အောင်ဆန်းတံတား အမည်ပေးဖို့။ နာမယ်ကအရေးကြီးတာလာ
း။ မြန်မာနိုင်ငံထဲမှာနေထိုင်နေတဲ့ တိုင်းရင်းသားလူမျိုးတွေအားလုံး သူ့ကျွန်ဘ၀ကလွတ်မြောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့အောင်ဆန်းစိတ်က အရေးကြီးလား။ ဒါကို ကဗျာဆရာ အောင်ဝေးက မိုးမခအွန်လိုင်း ကနေ ဒီလို အောင်ဆန်းဟာ တံတားဖြစ်တယ် ဆိုပြီး ပြောလိုက်ပါတယ်။

အမှောင်ဘက်ကမ်းကနေ
အလင်းဘက်ကမ်းဦး
ခေတ်ကိုကူးဖို့
ကျောခင်းပေးသူ။

သူ့ကျောပေါ်မှာ
မွန်ပြည်နယ်မွေး ကလေးတယောက်
လမ်းလျှောက်လာရဲ့။

သူ့တရားဟာ
သူ့ တံတားဖြစ်တယ်။


ကဲ၊ တံတားနာမယ်အငြင်းပွားနေသူတွေကလည်း၊ အောင်ဆန်းတရားနဲ့အောင်ဆန်းတံတားပေါ်မှာ လျှောက် လာကြသူတွေပဲ။ ဒီတံတားပေါ်လျှောက်လာကြတဲ့သူတွေအထဲမှာ၊ မွန်ကလေးတယောက်ဖြစ်ခဲ့တဲ့ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းမင်းကိုနိုင်လည်း ပါတယ်။ ဘာအရည်အချင်းမှမရှိပဲ မွန်ပြည်နယ်ဝန်ကြီး ချုပ် တက်လုပ်သူလည်း ပါခဲ့တယ်။
လမ်းတို့တံတားတို့ဆိုတဲ့သက်မဲ့ေ
တွက အရေးမကြီးပါဘူး။ အဲဒီလမ်းအဲဒီတံတားကိုအမှတ်တရ ရေးထိုး ချင်စိတ်ဖြစ်ပေါ်နေဖို့က အရေးကြီးပါတယ်။ ပြောရမယ်ဆိုရင် စစ်အာဏာရှင်တွေရဲ့အမည်နာမတွေတပ်ခဲ့တဲ့လမ်းတွေ တံတားတွေ ဘယ်သူတွေက အသိအမှတ်ပြုပြီး တလေးတစားတန်ဖိုးထားခဲ့ကြလို့လဲ။
ကျွန်တော်တို့စိတ်ထဲမှာ အောင်ဆန်
းထာဝရရှိတယ်။ ၀င်းတင်ထာဝရရှိတယ်။ ပြည်သူတွေအတွက် လုပ်ဆောင်ချက်တွေက တန်ဖိုးရှိနေရင် ပြည်သူတွေရဲ့စိတ်ထဲမှာ ထာဝရရှိနေမှာပါ။
ခေတ်ထဲနေသူတွေအနေနဲ့ ခေတ်ပြိုင်တွေဖြစ်တယ်ဆိုတာလည်း မမေ့သင့်ပါဘူး။
ခေတ်ပြိုင်တွေထဲမှာ သမိုင်းကောင်းကို ရေးထိုးနိုင်
ရမှာပါ။ မိုးမခထဲက ခက်သီ ရဲ့အခွံမာသီး ကဗျာကိုဖတ်မိလိုက်တယ်။

နေရောင်က ဖွဲဖွဲလေးရယ်
နေ့တွေက ကြောင်တောင်ကန်း
သွားပိုးစားနေရှာသူ လမ်းမထက်
လူနဲ့လူချင်း တက်နင်းကြရ
လူနဲ့လူချင်း
လက်ရမ်းနှုတ်ဆက်ကြရ။

အိပ်နေရှာသူ ခွေးလောက်မှ
အပြစ်ကင်းစင် တောက်ပရတဲ့အဖြစ်
လူတွေက ညစ်ညမ်းတယ်
အိုးအိမ်တွေက ညစ်ညမ်းတယ်
ရပ်ရွာတွေက ညစ်ညမ်းတယ်။

ဘယ်နေရာမဆို ဖြတ်လမ်းရှိတော့
အရှင်မွေး နေ့ချင်းကြီးတွေ
ဒူးတနှံ့နှံ့
မနက်ဖြန်ဟာ လန့်ဖို့ကောင်းတယ်။


ဒီခေတ်ကြီးကလည်း ပြောင်းလဲပစ်ဖို့အချိန်ရောက်နေပါပြီ။ ပြောမယ်ဆိုရင် ပြောင်းလဲချိန်တန်နေပေမယ့် ပြောင်းလဲမှုကို အတင်းအဓမ္မဟန့်တားထားသူတွေရဲ့အနှောက်အယှက်တွေကရှိနေတော့ရှေ့ မဆက်နိုင်သေးပါဘူး။ အပြောင်းအလဲကို ရှေ့ဆက်အောင်နိုင်အောင်လည်း မစွမ်းဆောင်နိုင်ကြတာကိုပဲ အပြစ်ပြောရမလား။ ပြောင်းလဲရမည်ဆိုပြီး လက်သီးလက်မောင်းတန်း ကြွေးကြော်ပြခဲ့သူတွေကလည်း လက်သီးလက်မောင်းတန်းတဲ့လက်တွေ ပြန်အချမှာ အသေဖြစ်သွားကြပြီလား။ ငြိမ်သက်သွားကြပြီလား။ ပြည်သူတွေ အတင်းဆွဲတင်ပေးခဲ့တာကိုတောင်မှ လက်မှိုင်ချနေကြရအောင် အားမရှိတော့တာလား။
ခေတ်ထဲမှာနေသူတွေက ခွေးလောက်တောင် မတောက်ပရတဲ့အဖြစ်မျိုး ဖြစ်နေရေ
တာ့မှာလား။

ဘယ်နေရာကြည့်ကြည့်
အများစုက လူညံ့ချည်းပဲ
ဘုရားတခွန်းထူး တစ်မတ်နဲ့
ကိုယ့်အနာဂတ်ကိုယ်သတ်ပစ်ကြတော့
မှာလား
ဟေ့ နာမယ်ကောင်းလက်မှတ်ကိုင်ပြီး
သမိုင်းကိုရှက်နေရမယ့်အစား
ဘေးထွက်ထိုင်နေလိုက်မယ်
ဒီပွဲမျိုး ငါမကစားနိုင်ဘူး။


မကစားနိုင်သူတွေဘေးထွက်ထိုင်နေကြပါ။ ဆက်လုပ်သလိုမျိုးနဲ့လုပ်ပြယောင်ဆောင်နေမယ်ဆိုရင် သမိုင်းမှာ နာမယ်ဆိုးနဲ့ရေးထိုးသွားပါလိမ့်မယ်။ ကျွန်တော်တို့လျှောက်တဲ့လမ်း၊ ကျွန်တော်တို့ဖြတ်ကူးမယ့် တံတားဆိုတာကလည်း စိတ်ကူးယဉ်နေလို့မရတော့ပါဘူး။ လက်တွေ့လျှောက်လှမ်းရပါတော့မယ်။ ဒါကို သမိုင်းကမှတ်တမ်းတင်နေသလို၊ နောက်မှလိုက်ပါကြည့်နေတဲ့ပြည်သူတွေကလည်း အကဲဖြတ်နေပါတယ်။ ဒီခေတ်ပြိုင်ထဲမှာအနာဂတ်ကိုစိတ်ကူးယဉ်လို့မရနိုင်ဘူးဆိုတာ THE PEOPLE’S DIGESTမဂ္ဂဇင်းထဲမှာ ကဗျာဆရာကျော်ထူးရဲ့ လမင်းကိုဖောက်ထွက်မိတဲ့ကြယ် ဆိုပြီး ရေးထားပါတယ်။

ဟင်းချိုထဲ ဆားခတ်ရိုက်တာလည်း ကြုံဖူးပြီ
တောင်ဖက်ဟင်းချိုက ပိုချိုတယ် ပြောသံလည်း ကြားဖူးပြီ
ရှင်ကြီးဝမ်းရော ရှင်ငယ်ဝမ်းရော မထူးသေးဘူး။

ငယ်တုန်းကတော့ ငယ်စိတ်နဲ့ ဆိုးခဲ့
ကြီးလာတော့ ကြီးစိတ်နဲ့ မိုက်ခဲ့
ရေလိုက် ငါးလိုက် မသင့်တတ်တော့
တောင်လေတိုက်ရင် မြောက်ဘက်လွှင့်လိုက်
မြောက်လေတိုက်ရင် တောက်ဘက်လွှင့်လိုက်
မိုက်တဲ့အရသာကို ချိုမြမိတာခက်တယ်။


၂၁ ရာစုခေတ်ကြီးထဲမှာ ခေတ်ပြောင်းချိန်အစဖြစ်နေတော့၊ ၂၀ ရာစုခေတ်ဟောင်းထဲကလို အလိုက်သင့် စီးမျောတတ်ရုံနဲ့မရတော့ဘူး ဆိုတာ ခေတ်ပြိုင်ထဲမှာ အနာဂတ်ရောက်အောင် လျှောက်လှမ်းနေတဲ့လူတွေ သဘောပေါက်ဖို့လိုပါပြီ။ စိတ်ကူးယဉ်နေရုံနဲ့ အနာဂတ်က အလိုလိုရောက်မလာနိုင်ပါဘူး။

သူတပါးရဲ့ ဒဏ်ရာကို စွက်ဖက်နာကျင်မိရ
သူတယောက်ရဲ့မျက်ရည်မှာ ပူးပေါင်းကြေကွဲမိရ
ဘ၀ဟာ ခါးသီးလွန်းပေမယ့်လည်း
အလေ့ကျ မြက်ရိုင်းပင်ကလေးကနေ
ချိုမြတဲ့ ပန်းသီးကို သီးပြချင်တဲ့စိတ်ကူးတွေ
ယောက်သွားတကောင်ဖြစ်ပေမယ့်
လှပတဲ့ ပုလဲလုံးကလေးကို ရင်မှာလွယ်မယ့် အိပ်မက်တွေ
အနာဂတ်က ငါတို့ဆီ အလိုလိုရောက်လာလိမ့်မပေါ့။

အခုတော့
တီကျစ်စာခဲကလေးကနေ
ပွန်ပီမြို့ကြီးကို  ချော်ရည်အပြည့်ဖုံးလွှမ်းခဲ့တဲ့
ဗီဆုဇီးယတ်မီးတောင်ဖြစ်ခဲ့တာတော့ေ
သချာတယ်
လမင်းကိုဖောက်ထွက်ကြည့်လို့ မရဘူ
းလား။

ကျွန်တော်တို့ အလိုက်သင့်ရာစီးချင်စီး၊ မျောပါနေကြတော့မလား။ ခေတ်ပြိုင်အနာဂတ်အတွက် စိတ် ကူးလေးတွေ ယဉ်ပါ။ စိတ်ကူးတွေကိုလက်တွေ့ လမ်းပေါ်မှာချပြီး လျှောက်ပါ။ အောင်ဆန်းတံတားကိုဖြတ် ကူးနိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်တွေ။ ၀င်းတင်လမ်းကိုလျှောက်လှမ်းနိုင်ရမယ်ဆိုတဲ့ ရဲရင့်တဲ့အတွေးတွေ ရှိနေကြပါစေ။

ကိုနိုင်း

ထုံကူးခဲ့သောကဗျာများ

၁။ ကိုသန်းထွန်း(၀င်းတင်လမ်း)၊ ၂၀၁၇ ဖေဖော်ဝါရီလ၊ Beauty မဂ္ဂဇင်း။
၂။ အောင်ဝေး(အောင်ဆန်းတံတားဖြစ်
တယ်)၊ ၂၀၁၇ မတ်လ၊ မိုးမခအွန်လိုင်း။
၃။ ခက်သီ(အခွံမာသီး)၊ ၂၀၁၇ မတ်လ၊ မိုးမခ အွန်လိုင်း။
၎။ ကျော်ထူး(လမင်းကို ဖောက်ထွက်မိတဲ့ကြယ်)၊ ၂၀၁၇ THE PEOPLE’S DIGESTမဂ္ဂဇင်း အတွဲ၁၊ အမှတ်

Comments