သစ်ခက်သံလွင်ကဗျာ ၊ နရီမင်းရဲ့ "တကယ်ချစ်ခဲ့ဖူးတယ်လို့.... "

တကယ်ချစ်ခဲ့ဖူးတယ်လို့....
Artsy

(၁)
 
အရက်ဆိုတာက မူးလည်း ခဏပါ။
မင်းကို သောက်မိမှ တဘဝလုံး မူးရတယ်။
အမူးမပြေတဲ့စိတ်နဲ့ မော့ကြည့်တော့
ကောင်းကင်က အထာမကျဘူး။
စုန်းမက လမ်းသလားသွားသလို
ရောင်ပြင်ပြာမှာ နှုတ်ခမ်းနီတွေ ပေပွနေလေရဲ့။
ငယ်တုန်းက ပက်လက်လန်မော့ကြည့်ရင်
ကောင်းကင်ပြာဟာ လွတ်မြောက်ရာဖြစ်တယ်။
ခုကျ ငါက ကောင်းကင်ထဲ အကျဉ်းကျလို့။
ဘယ်လိုပျံပျံ ကောင်းကင်နဲ့ မလွတ်ဘူး။
ရထားက ဒီဘူတာပဲ ပြန်ပြန်ဆိုက်တယ်။
ကြက်သီးတွေ ဖြန်
းခနဲ ထလည်း
သောက်ရမှာ ကြောက်စိတ်က
တခွက်ပြီး တခွက် မော့သောက်မိစေတယ်။
ငါက မင်းကို သောက်လို့ မူးသွားပြီး
မင်းက ငါ့ကို သောက်လို့ ဘယ်တော့မှ မမူးတာ
အရက်သမားဝါနဲ့ ဆိုင်သလား။


(၂)
 
သစ်ရွက်တွေ သင်္ခါရအကြောင်း မတွေးမိဘဲ
ကြွေကျသွားကြသလို
အချစ်အကြောင်းနားမလည်ဘဲ
အရွယ်တွေလွန်လာခဲ့တယ်။
သူငယ်
ချင်းတယာက် ပြောတော့
သူ ပျောက်သွားကတည်းက
တသက်လုံး လိုက်ရှာနေခဲ့တယ်ဆိုတဲ့
ကောင်မလေးက
ခုတော့ ကလေးနှစ်ယောက်အမေတဲ့။
သူလည်
း ကလေးနှစ်ယောက်အဖေလေ။
ဒီတော့လည်း ကြွေပြီလေပေါ့။
သူငယ်
ချင်းဟာ
အသက်ကြီးမှ နိုင်ငံကို ပြန်ခွင့်ရတယ်။
ဘာပဲဖြစ်
ဖြစ် တရားနဲ့ ဖြေကြစို့ရဲ့
အချစ်က အမှန်တရားထက် ပိုပြီး
နောက်ကျမှ ရောက်တတ်တယ်ဆိုလို့လေ။


(၃)
 
အမူးလွန်အိပ်ပျော်သွားပြီး
မနက်မှာ ဝေဒနာတွေနဲ့ နိုးလာခဲ့။
နောက်ဘယ်တော့မှ မသောက်တော့ဘူးဆိုတာ
အမူးမပြေသေးတဲ့ ဆုံးဖြတ်ချက်ပဲဖြစ်မှာပါ။
တကယ်ချစ်မိပြီဆို
ဒီကနေ အသက်ရှင်လျက် မလွတ်မြောက်နိုင်ဘူးထင်ရတယ်။
နွံထဲ တဘိုင်းဘိုင်း လဲလို့။
အချစ်
က မကောင်းဆိုးဝါးသံနဲ့ ရယ်တယ်။
သူ့ရယ်သံတွေက တိုးလိုက်ကျယ်လိုက်နဲ့
မျက်နှာကျက်ပေါ် ချာလပတ်
ရမ်းနေလေရဲ့။
ကတုန်
ကယင်ဖြစ်နေတဲ့ သတ္တဝါမှန်သမျှဟာ
သူ့ရယ်သံတွေအောက် ကျဆုံးရမှာပါ။
အန်ချင်စိတ်က လိပ်လိပ်တက်လာလည်း
လက်ညှိုးထိုးထည့်ပြီးတောင် အန်မရတာ
အချစ်လို့ ခေါ်သလား။


(၄)
 
တချို့ အချစ်ကို တယောပေါ်တင်ပြီး
တချို့ အချစ်
ကို ဗုံပေါ် တင်ကြသတဲ့။
အချစ်
ကို အရက်ခွက်ပေါ် တင်မိတာ ဆန်းသလား။
``ရှင် ကျွန်မ ခန္ဓာကိုယ်
ကိုပဲ ရမယ်။
ကျွန်မအချစ်ကိုတော့ မရဘူး´´
``အကိုကြီး လိုချင်တာကလည်း
အဲ့ဒါပဲလေ´´တဲ့။
ဒီဇာတ်ဝင်ခန်းမျိုးက ဘာဆန်းလဲ။
ဆင့်ကဲဖြစ်စဉ်သမိုင်းမှာ
လူတွေဟာ တိရစ္ဆာန်
တွေပါ။
အစာစားရဖို့နဲ့ မိတ်လိုက်ဖို့
ယှဉ်
ပြိုင်တိုက်ခိုက်ခဲ့တာပဲ မဟုတ်လား။
တကယ်က လူဟာ
မီးကို စတင်တွေ့ရှိချိန်မှာ ယဉ်ကျေးလာတာဟုတ်
ဘူး။
အချစ်ကို စတင်ခံစားမိချိန်မှာ ယဉ်ကျေးလာတာပါ။
တရားနဲ့ ထပ်ပြီး ဖြေကြစို့ရဲ့သူငယ်
ချင်း။
နောက်ကျမှ ရောက်လာတဲ့ အချစ်က
သံဝေဂတွေ တ
ပါတည်း ယူလာတယ်။


(၅)
 
လူငယ်တွေက
အချစ်ဆိုတာ ဘာလဲ စူးစမ်းချင်တယ်။
လူကြီးတွေက
ဘယ်တော့မှ အမှန်အတိုင်း မပြောဘူး။
လူကြီးအများစုဟာ
အချစ်
ဆိုတာ ဘာလဲလို့ အမေးခံရချိန်မှာ
မချစ်တတ်ကြတော့ဘူးလေ။
အချစ်နဲ့ နောင်တဟာ
ပြန်ရောင်းစားလို့ မရတဲ့အရာတွေမှန်း သူတို့သိခဲ့ပြီ။
လူငယ်တွေ မမှားစေချင်ဘူးတဲ့။
အရက်ကို ဝအောင် သောက်ခဲ့ပြီးမှ
အရက်မကောင်းကြောင်း ပြောတယ်။
ဘာပဲဖြစ်
ဖြစ်ပေါ့ သူငယ်ချင်းရေ
ထူးခြားဆန်းကြယ်တဲ့ နေရာတခုကို
ရောက်ခဲ့ဖူးသလိုမျိုး
ဘဝမှာ တကယ်ချစ်ခဲ့ဖူးတယ်လို့
ငါတို့ ဂုဏ်ယူလိုက်ရအောင်။

နရီမင်း
၂၇- ၂- ၂၀၁၇

Comments