သစ်ခက်သံလွင်ကဗျာ၊ ကိုခြူးလေး(MP) ၏ "ဗိုလ်ချုပ်အောင်ဆန်း ၁၀၂ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်ကဗျာ"

ထို့ကြောင့်... ဗိုလ်ချုပ်အောင်ဆန်းဟု ခေါ်သည်

GOOGLE.COM
လူငယ်လေးတစ်ယောက် 
ငေးငေးငူငူနဲ့ တခုခုကို စဉ်းစားနေတယ် ။
နောက်ပြီး
ပြဒါးရှင်လုံးတစ်လုံးလောက်ရရင်ကောင်းမယ်လို့ 
စိတ်ကူးယဉ်နေတယ် ။
သူ့စိတ်ကူးမှာ 
သူ့အတွက် တစ်ပြားသားမှ မပါ ။
ကျွန်တော်တို့ နိုင်ငံကြီးကို လွတ်လပ်ရေးရအောင် 
လုပ်ပေးချင်လို့တဲ့...
သူကား အခြားမဟုတ် ဗိုလ်ချုပ်ဆိုတဲ့ 
အောင်ဆန်းပင်တည်း ။
ဒီလိုပြောတော့ 
စိတ်ကူးသမားလို့ အထင်ရှိပေရာပေါ့
သို့သော်
တိုင်းပြည်အကျိုး လွတ်လပ်ရေးအတွက်
ကြိုးပမ်းဆောင်ရွက် 
လက်တွေ့ကျကျ လုပ်ပြနိုင်ခဲ့ပြီ မဟုတ်လား 
ထို့ကြောင့်
ဗိုလ်ချုပ်အောင်ဆန်းဟု ခေါ်သည် ။

ကိုခြူးလေး(MP)
၁၃ ၂ ၂၀၁၇

Comments