သစ်ခက်သံလွင် ကဗျာသုံးသပ်ချက်၊ ကိုနိုင်း၏ "ရင်ထဲကိုစီးဝင်လာသောကာရန်များ"



ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့် ( ၂ )
ရင်ထဲကိုစီးဝင်လာသောကာရန်များ
သူရိယနေဝန်း-Vol 1.No 138. 25 Feb 2017 မှဖော်ပြပြီးဆောင်းပါး-စာရေးသူခွင့်ပြုမှုအရ။
သစ်ခက်သံလွင်
 
ကျွန်တော်တို့နိုင်ငံမှာ နှလုံးသားတွေနာကျင်စွာဖြတ်သန်း ခဲ့ရတဲ နှစ်တွေ မနည်းတော့ပါဘူး။ နာကျင်လွန်းလို့နှုတ်ခမ်းကို တင်းတင်းစေ့ပြီး မျက်ရည်တွေကျခဲ့ရသလို၊သွးတွေပါ စွန်းထင်းခဲရပါတယ်။ ဟိုဘက်ခေတ်ကသာမကပဲ၊ဒီဘက်ခေတ်၊ဒီနေ့အချိန်ထိနှလုံးသားထဲကိုသွေးစွန်းတဲကာရန်တွေ ကမြစ်တစင်းလို စီးဝင်လာနေတုန်းပါ။

စိတ်ပြတ်ရွေ့ကြောမှာ နင်းမိတယ် 

မိုင်ပေါင်းများ စွာသောနေရာ ဆီသို့ 
နာမ်ဟာ တစိမ့်စိမ့်စီးလို့  
ဘယ်အထိ စီးဆင်းလဲ၊ အဆုံးသတ်ဆိုတာရှိသလား မေးခွန်းဝါကျများ

ဒီလိုမြစ်တစ်စင်းလိုစီးဆင်းစေတဲ့ ကဗျာရေးသူကကျွန်တော်တို့ရင်ထဲကိုကာရန်ဖွဲ့ပြီးမေးလိုက်ပါတယ်။
ကျွန်တော်တို့ဘယ်လိုဖြေမလဲ။ပန်ဖြေဖို့အတွက်အတွေးများစွာကိုတွေးနေမိမှာပါ။ခတ်ကလည်း တခတ်ကနေတစ်ခေတ်ကိုပြောင်းခဲ့သလို၊ ဒီမေးခွန်းကိုဖြေမယ့်သူတွေမှာလည်းကွဲပြားမှုတွေ ရှိနေပါလိမ့်မယ်။ ကဗျာရေးသူကရော၊ဘယ်လိုဖြေမလဲဆိုတာ ဆက်စီးဆင်းမှုမှာမျာပါကြည့်ရအောင်

 

တိုင်းတာခြင်းဖြင့် ဘောင်ခတ်မရ၊
တရားခံမရှိသော အဖြေ
ခန္ဓာကိုယ်ထဲ စီးဝင်သော မြစ်တစ်စင်း
နှလုံးသွေးစက်တွေ စွန်းထင်းနေတာ
မင်းသိလား


တိုင်းတာလို့မရအောင် နှလုံးသွေးစွန်းနေ တဲ့မြစ်တစ်စင်းဟာ ကျွန်တော်များ ရဲ့ရင်ထဲကိုစီးဆင်းနေတုန်းပါပဲ။ ကဗျာဆရာမရွှေပိုးအိမ်(ပဲခူး)ရဲ့မြက်ပင်ရှည်ရှည်လို ညများထဲကနေ အတွေးကဆက်ပီး စီးဆင်းနေမိတယ်။ ရင်ထဲကိုနှလုံးသွေးစွန်းတဲ့မြစ်တွေ ဘာကြောင့် စီးဆင်းနေရသလဲ။
အဲဒီမှာ ခေတ်ရနံ့မဂ္ဂဇင်းထဲက မင်းထင်ကိုကိုကြီးရဲ့ကဗျာမှာ အဖြေကိုတွေ့လိုက်တယ်။


သည်နိုင်ငံကို
မနာလိုခြင်းနဲ့တည်တယ်။

၁၉၄၇ မှာ ဂဠန်ဦးစောက
ဦးအောင်ဆန်းကိုမနာလိုဘူး။

ဟောသည် ၂၀၁၆ အထိ
ဂဠန်ဦးစောတွေက
ဦးအောင်ဆန်းတွေကို
မနာလိုဖြစ်တုန်း။


ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကဗျာဆရာပြောသလို၊ မနာလိုခြင်းနိုင်ငံတော် ဖြစ်နေရတာပေါ့။ ဒါပေမဲ့  ကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့အခြေအနေက မနာလိုခြင်းထက် ပိုပါလိမ့်မယ်။ မနာလိုဖြစ်ခြင်းက ခံရ ခက် ရုံလောက်ပါပဲ။ မနာလိုခြင်းကစတယ်ဆိုရင်မှန်ကောင်းမှန်နိုင်ပါလိမ့်မယ်။ တဖြည်းဖြည်းယုတ်မာမှုတွေ    ရောက်တဲအထိအရှိန်တွေတက်ခဲ့ရတယ်။ အချင်းချင်းသတ်ဖြတ်တဲအထိရောက်ခဲ့ရတယ်။ ကျွန်တော်တို့နိုင်ငံဟာ အနံ့ဆိုးတွေထွက်နေတဲ့နိုင်ငံပါ။ 

ဒါကို မိုးမခမဂ္ဂဇင်းထဲမှာ ကဗျာဆရာကမ်လူဝေးက...

စာလုံးတွေပေါင်းပေါင်းပြရတာလဲ အမော
ဖန်တရာတေ နိမိတ်ပုံအဟောင်းတွေ
ရီစရာကောင်းတဲသုံးပီးသား စကားလုံးတွေ
အဲဒါတွေ စုပေါင်းပြီး
ကဗျာတဲ့ လုပ်ချလိုက်ပုံများ
စီးဆိုလို့ စီးဆင်းခဲ့ပါတယ်
မြစ်က နောက်ပြန်မစီးဘူး တဲ့
ဘဝကလည်း နောက်ပြန်မလှည့်ဘူးတဲ့ ရှိစေ။


ရှိစေရဦးမှာပါပဲ။နာက်ပြန်စီးရင်ပိုပြီး ဆိုးရွားတဲ့အနံ့တွေထဲပိတ်မိနေမှာပါ။ ဆက်ပြီးစီးဆင်းနေရပါ လိမ့်ယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံအနေနဲ့ နောက်ပြန်ဆုတ်လို့မရပါဘူး။ခတ်ဆိုးကြီး ထဲကရုန်းထွက်လာနိုင်ခဲ့ကြပါပြီ။စာလုံးတွေကိုတော့ သတ်ပုံမှန်အောင်ပေါင်းပြရမှာပါ။
သတ်ပုံကိုမှန်အောင်ရေးပြဖို့ကို ကဗျာဆရာအောင်ဝေးက မိုးမခမဂ္ဂဇင်းထဲကနေ ပြောပြလိုက်ပါတယ်။


အခုအချိန်ဟာ
တိုင်းပြည်တည်ထောင်စအချိန်လား
တိုင်းပြည်ပျက်တဲ့အချိန်လား
သတ်ပုံကိုမှန်အောင်ရေးကြ။
အခုကာလဟာ
ငြိမ်းချမ်းနေတဲ့ကာလလား
စစ်ပွဲတွေဖြစ်နေတဲ့ကာလလား
သတ်ပုံကိုမှန်အောင်ရေးကြ။
ဒီနေ့အခြေအနေဟာ
ပန်းပေါင်းတရာပွင့်တဲ့ အခြေအနေလား
ပန်းခင်းကိုမြင်းစီးပြီးတက်နင်းတဲ့အခြေအနေလား
သတ်ပုံကိုမှန်အောင်ရေးကြ။


ကျွန်တော်တို့ရှေ့ကိုဆက်ပြီး စီးဆင်းနေရမှာပါပဲ။ခတ်စနစ်ပြောင်းတော်လှန်ရေးကို အခုမှစတဲကာလပါ။ ခေတ်ပြောင်းတော်လှန်နေတဲ့ကာလမှာ သတ်ပုံတွေမှားနေပါသေးတယ်။ အမှားကို ဝိုင်းဝန်းပြင် ကြရပါလိမ့်ဦးမယ်။ ဝါကျအပျက်ကြီးကိုပင်ဆင်ရေးနေရပါပြီ။ နိုင်ငံတခုလုံးအတွက်၊ ပုဂ္ဂိုလ်တဦးတယာက် အတွက် သတ်ပုံအမှားများရင်ဝါကျကလည်း ပျက်နေမှာပါပဲ။ ဘယ်သူ့ကိုမှသတ်ပုံအမှားတွေရေးဖို့ ခွင့်မပြုနိုင်တော့ပါဘူး။ အမှားသတ်ပုံတွေရေးနေပြီး ငါရေးတာအမှန်ဆိုတဲ့ခေတ် မဟုတ်တော့ပါဘူး။ ဒီလိုအခြေအနေတွေဖြစ်ခဲ့လို့လည်း ကျွန်တော်တို့နိုင်ငံဟာ အတွင်းကြေ ကြေခဲ့ဖူးပါပြီ။
ဒါကို ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းထဲမှာ ကဗျာဆရာ မင်းဆွေနှစ်(မုံရွာ)က ဒီလိုဖွဲ့ပြထားပါတယ်။


အိပ်မက်တွေ ကိုင်းကူးဆက်လို့
ငါ့ကောင်းကင်မှာ စိုက်ခဲ့တယ်
ကြယ်ဆိုပေမယ့်
ညက လက်မခံရင်ကွေရတာပဲ ။


ငါဆိုတဲ့ခေတ်ကီးတခုလုံး ညကလက်မခံပဲကြွေခဲ့ရပါပြီ။ ပြောမယ်ဆိုရင်စ်အာဏာရှင်ဆိုတဲ့ခေတ်ကြီးကိုတောင်ကြွေကြသွားအောင်ခွပြနိုင်ခဲ့သေးတာပဲ။ ဒီစစ်အာဏာရှင်ခေတ်ဟာ တိုင်းပြည်ကို စစ်ဖိနပ်အောက် မှာ နင်းခြေကြေမွအောင်ပြုခဲ့တာနှစ်ပေါင်းများစွာပါ။ မန်မာနိုင်ငံရဲ့ပြည်သူတွေဟာခါင်းထောင်မကြည့် နိုင်လောက်တဲအထိပြားပြားဝပ်နေအောင်သေနတ်ပြောင်းဝတွေချိန်ထားတာခံခဲ့ရပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်တံတိုင်းကို ခေါင်းထထတိုက်နေတဲခွပ်ဒေါင်းတွေကြောင့် သေနတ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူးဆိုတဲ့ ကြိမ်းဝါးသံဟာ သေနတ်မပါပဲ လက်သီးဆုပ်တွေ မိုးပေါ်တပြိုင်နက်ထဲ ထထောင် ပီး ကွေး   ကြော် တိုက်ပွဲဝင်ခဲ့တာကို ဘယ်လိုမှမခံနိုင်ပဲ အရှုံးပေးခဲ့ရပါတယ်။
လက်သီးတွေညီညီညာညာမြှောက်ထားတဲရှစ်ဆယ့်ရှစ်အရေးတော်ပုံရဲ့ခွပ်ဒေါင်းတွေရဲ့ဦးခေါင်းတွေကို အရှုံးပေးခဲ့ရသလို၊စည်းတားထားတဲ့အထဲကိုကွမ်းတယာရေတမှုတ်နဲ့မအိုစာလိုချော့ပြီးစည်းအတွင်း
ဝင်လာခဲ့တာတွေကိုလဲငြင်းဆန်ပစ်ခဲ့ပါတယ်။ဒါကို ဆရာငြိမ်းဝေ(ကဗျာ့အိုးဝေ)က ဒီလို သစ်ခက် သံလွင်အွန်လိုင်းပေါ်ကနေ တွန်ကျူးပြခဲ့ပါတယ်။


မနေ့တုန်းက
အိမ်ရှေ့ကုက္ကိုပင်ကြီးမှာ လာငြိနေတဲစွန်ကလေးကို
သနားသလို သနားခဲ့
ဒီနေ့မနက်
အမှားတခုလုပ်ခဲ့မိတဲကလေးတယာက်လို
ဝမ်းနည်း
လက်ကလေးမြှောက်ပြလိုက်စမ်းပါ
သေနတ်ချက် ဖောက်လိုက်စမ်းပါ
မအိုစာရယ်
ကွမ်းတယာ ရေတမှုတ်လောက်နဲ့များ
ငါ့ဘဝကို
ငါ့ဘာသာ စည်းသုံးချက်တားတော့မယ်ထင်ရင်
မင်း
မှားပြီပေါ့။


ဒါပါပဲ။ ကျွန်တော်တို့အချိန်၊ ကျွန်တော်တို့ခေတ်မှာ မအိုစာတွေများခဲ့သလို၊ မအိုစာတွေမှားခဲ့ကြတယ်။သ နတ်တွေပစ်၊ ဘက်နက်တွေနဲ့ထိုးခဲ့တဲ့ မြို့ပြစစ်မြေပြင်မှာ လက်သီးတွေဆုပ်ပြီး ရှေ့ကိုချီတက်ခဲ့တဲ့ ခွပ်ဒေါင်းတွေကို ကွမ်းတယာ ရေတမှုတ်နဲ့ အရှုံးပေးခိုင်းလို့မရပါဘူး။
ဒါကြောင့်လည်း ခေတ်တခတ်ကိုညကောင်းကင်ပေါ်က ကြယ်ကိုဖြုတ်ချနိုင်ခဲ့ပြီး၊ ဒီမိုကရေစီလမ်းမအဝကို လှမ်းလျှောက်နိုင်တဲ့ခေတ်ကိုရခဲ့တာပါ။ခေတ်ကိုအောင်နိုင်ဖို့တော့ကြိုးစားရဦးမှာပါ။ကျွန်တော်တို့ပြည်သူတွေအားလုံး ငြိမ်းချမ်းတဲ့ခေတ်ကြီးကို စိတ်ကူးယဉ်နေကြပါပြီ။
နောက်ဆုံးအနေနဲ့ သစ်ခက်သံလွင် အွန်လိုင်းပေါ်က ဆရာထက်လူအောင်ရဲ့စိတ်ကူးမြစ်ထဲကိုစီးဝင်စီးမျောကြရအောင်...


စိတ်ကူးလေးကို ကွေးပြီးလွှင့်တင်လိုက်တယ်
 
မိုးတိမ်တွေနဲ့ချစ်တင်းနှောလို့
သက်တံဖြစ်သွားမလား
ငှက်ကလေးတွေ လေးမြားအထင်နဲ့
ကြောက်နေလေမလား
မိုးစက်ဆိုလည်း မိုးစက်
ကြယ်ဆိုလည်း ကြယ်
ဘာပဲဖြစ်ဖြစ် ခင်တွယ်ရတယ်
ရောက်လေရာမှာ ပန်းတွေပွင့်ဖို့ပဲ
သေနတ်သံတွေ တိတ်ဖို့ပဲ
သတ်ဖြတ်မှုတွေမဖြစ်ဖို့ပဲ
ဘယ်အရာနဲ့ထိထိ ငြိမ်းချမ်းမှုအသံသာမည်ချင်တယ်
အရှိန်ကုန်တဲ့အခါ
တောတောင်တွေပေါ် ကျရောက်ခိုလှုံရင်း
စိမ်းလန်းသောခေတ်တွေ
အေးမြသော မြစ်တွေနဲ့
စိတ်ကူးလေး စီးဆင်းပါစေ။


တောင်တန်းမြေပြန့်မကျန် အတူတကွယဉ်တွဲနေထိုင်နေကြသော တိုင်းရင်းသားမြန်မာပြည်သူများ အားလုံးငြိမ်းချမ်းတဲ့ခေတ်ကြီးကိုစိတ်ကူးယဉ်နိုင်ကြပါစေ။ စိတ်ကူးယဉ်တဲ့အတိုင်းဖြစ်လာနိုင်ပါစေ။

ကိုနိုင်း

ထုံကူးခဲ့သော ကဗျာများ

၁။ ရွှေပိုးအိမ်( မြက်ပင်ရှည်ရှည်လိုညများ )၊ ရွှေပိုးအိမ် FaceBook timeline ၊၁၇၊ဖေဖော်ဝါရီ ၂၀၁၇
၂။ မင်းထင်ကိုကိုကြီး( မနာလိုခြင်းနိုင်ငံတော်) ခေတ်ရနံ့မဂ္ဂဇင်း၊ဖေဖော်ဝါရီလ၊၂၀၁၇
၃။ ကမ်လူဝေး(အနံ့ဆိုးတွေထွက်နေတဲ့ )၊ မိုးမခမဂ္ဂဇင်း၊ ဖေဖော်ဝါရီ ၂၀၁၇
၎။ အောင်ဝေး(သတ်ပုံကိုမှန်အောင်ရေးကြ )၊ မိုးမခမဂ္ဂဇင်း၊ဖေဖော်ဝါရီ ၂၀၁၇
၅။ မင်းဆွေနှစ်(မုံရွာ)၊( အတွင်းကြေ ) ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ဖေဖော်ဝါရီ ၂၀၁၇
၆။ငိမ်းဝေ(ကဗျာ့အိုးဝေ)၊(ကျုံ့ဝင်ပြန့်ကားသတ္တဝါကောင်ရဲ့ညည်းချင်း) သစ်ခက်သံလွင်အွန်လိုင်းကဗျာစင်မြင့်၊ ၁၃ ဖေဖော်ဝါရီ ၂၀၁၇
၇။ထက်လူအောင်၊( တနင်္ဂနွေစိတ်ကူး) သစ်ခက်သံလွင် အွန်လိုင်းကဗျာစင်မြင့်၊ ၆ ဖေဖော်ဝါရီ ၂၀၁၇

Comments