သစ်ခက်သံလွင်ကဗျာစင်မြင့်၊ မင်းချောမြင့်၊ မိုးအိမ်၊ ကျော်ကျော်မြရည်စမ်းနှင့် လွင်နောင်နောင်တို့၏ကဗျာများ

ကြယ်တွေ ပျံသွားရာအရပ်ဆီ
KT#
  ကြယ်တွေ ကောင်းကင်လုရတဲ့အဖြစ်တွေ
ပူဖောင်းလေးတွေလိုပဲ
ကမ္ဘာမြေ ဆွဲငင်ထားရတဲ့ ဇာတ်လမ်း တွေ

ပွင့်လာရတယ်ဆိုပေမယ့်လည်း
နရီ ရှိတယ်

စွန့်စားမှုကို ကြောက်ကြောက်နေတဲ့
မေးမြန်းလိုစိတ်သိပ်မရှိတဲ့
ခေတ်ရဲ့ခေါင်းပါးမှုပါပဲ ကြယ်တွေ


မင်းချောမြင့်
ဗင်းဆင့်ဗင်ဂိုး (Vincent Van Gogh)
KT#
 အားလ်စ်မြို့ကနေရောင်ခြည်က
ဒုက္ခတွေ အရိပ်ချနေခဲ့ပြီ
ရာချယ်အတွက် ညာဘက်နားရွက်က
ဆေးရုံနဲ့ ဆက်သွယ်ချက်
အရူးထောင်အနီးတဝိုက်
ဆိုက်ပရပ်စ်ပင်တွေလန်းဆန်းလို့
"ဂျုံခင်းတခင်းပေါ်မှ ကျီးကန်းများ"
ပန်းချီကားနဲ့ ကမ္ဘာကို နှုတ်ဆက်စကားဆိုတယ်
"အခုအချိန်မှာ သေချင်ပြီ သီအို"
တဘဝမှာ တခါသေဖို့
မိမိကိုယ်ကို ပြန်လည်တွေ့ရှိခဲ့တယ်
သြဗားစ်ရဲ့နေရောင်ခြည်ဟာ
ဂျုံခင်းအလယ်က သုသာန်ပေါ်
ရင့်ရင့်သီးသီး ထိုးကျနေပေါ့
ကမ္ဘာပေါ်မှာ သူ့ပန်းချီကားတွေ
လူတွေက အငမ်းမရကြည့်လို့
တဘဝစာ အရောင်တွေ။

မိုးအိမ်
ရေဓာတ်ချို့ခြင်
 
KT#
ငါ့မှာ သွေးပူလေ့ကျင့်ခန်းမပြီးနိုင်ဘူး
သစ်
ရွက်​​သေတွေကလည်း အကုန်ကြွေနိုင်ဘူး
ဂစ်
တာသံမကြားရ သီချင်းသံမကြားရ လမ်းမ
တိတ်
ဆိတ်။ ။

ကျော်​​ကျော်မြရည်စမ်း
၂၄၂၁၇
 ...
ဖြေးဖြေးအေးအေး 
KT#
အသံထွက်တော့အော်တယ်ဆိုရင်
အသံမထွက်တော့ အ နေတာမို့လား
အကြောင်းအရာက မရှားဘူး
အကြောက်တရားက ရှားလာတာ
ခေတ်စကားအရ  ဘာလာလာဒေါင်းပဲ
လုံခြုံမှုရှိချင်ရင် လုံခြုံရေးရှာထားရမယ်
သို့မဟုတ် ဓားသွေးထားရမယ်
သို့မဟုတ် သေနတ်ပစ်ကျင့်ထားရမယ်
သို့မဟုတ် ဘာလုပ်မလဲ
ပြီးတော့လည်း ပြီးတာပါပဲ
ငါမှမဟုတ်တာ မင်းမှမဟုတ်တာ
အသက်ဟုတ်လား
ပြီးတော့လည်းပြီးတာပါပဲ
ငါမှမဟုတ်တာ မင်းမှမဟုတ်တာ
ဗျာ ဒီမှာ ဟေ့လူ မနေ့ကသတင်း ခင်ဗျားကြည့်မိသလားမသိဘူး
အဖွဲ့အစည်းပဲရှိတာ အာဏာမရှိသေးဘူးဗျ
ပြီးတော့လည်းပြီးတာပါပဲ
ငါမှမဟုတ်တာ မင်းမှမဟုတ်တာ
မြန်မာနိုင်ငံပဲ
ငါမှမဟုတ်တာ မင်းမှမဟုတ်တာ ။ ။

လွင်နောင်နောင်
၂၀ . ၁၀ . ၂၀၁၆
နေ့လည် ၀၂ . ၄၉

Comments