သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မောင်နောင်မွန်၊ မင်းလွင် နှင့် သုတလင်း(ဆင်ပေါင်ဝဲ) တို့၏ ကဗျာများ

ကြောင်တကောင်နဲ့အခန်း
artmoscow.wordpress.com
ပ်လှမ်းလှမ်းက အမှောင်ထဲမှာ 
အလင်းရောင်လေးနှစ်လုံးမြင်တွေ့လိုက်တယ်။

လေတိုးသံကိုခွဲပြီးထွက်လာတဲ့ အသံတစုံမှာ
ကြောင်အက်အက်သံလို
တစ္ဆေတစ်ကောင်ငြီးငြူးသံလို
အစာတောင်းနေတယ်ထင်လိုက်ရ
အခန်းထဲမှာ
ခြေထောက်ကိုလာပြီးပွတ်သပ်နေတဲ့ သိမ်မွေ့တဲ့အထိအတွေ့တခုဆီ
အခုထိ ဘယ်သူမှ ပြန်မရောက်ကြသေးဘူး။

လှုပ်ခါသံတွေကြားရတယ်
နှုတ်ခမ်းသပ်သံတွေကြားနေရတယ်
အစာခွက်ထဲမှာ ဘယ်လောက်ထဲ့ထဲ့
မပြည့်နိုင်သော အစာဟောင်းကြီးတွေတပုံတပင်နဲ့။

မီးခလုတ်လေးကိုဖွင့်ကြည့်လိုက်မိတယ်
အစာခွက်ထဲ အစာတွေပလုတ်ပလောင်းနဲ့
မီးပြန်မှိတ်ကြည့်တယ်
ကြောင်အော်သံက အလင်းရောင်နဲ့အတူပါသွားတယ်
အခန်းထဲမှာ ကြောင်ခြေရာအထပ်လိုက် မြင်နေရတယ်။

မောင်နောင်မွန်
...
တီဗွီ
www.pinterest.com
 ငယ်ဘဝညတွေဟာ
တီဗွီဇာတ်လမ်းတွေစောင့်ရင်း
ရှစ်နာရီသတင်းနဲညီလာခံအကြောင်းအရောက်မှာ
အိပ်ပျော်ပျော်သွား
မီးပျက်သွားတဲ့အခါ ရေဒီယိုနားထောင်ရင်း
တီဗွီမျက်နှာပြင်မည်းကြီးကိုငေးစိုက်ကြည့်နေ
ညသန်းခေါင်ကျော် မီးပြန်အလာ
တီဗွီဟာ ဖုတ်ကောင်ဝင်သွားသလို
တရှဲရှဲမြည်နေတဲ့လိုင်းသေကြီးပေါ်လာ
အဘိုးဟာ တီဗွီရှေ့ထိုင်ပြီး
မျက်တောင်မခက်တမ်းစိုက်ကြည့်နေ။ ။

မင်းလွင်
...

အဲဒီမှာ ဇာတ်လမ်းကစတော့တာပဲ
 ငြိမ်းချမ်းရေးဟာ ဒီလို
arttattler.com
နှုတ်ခမ်းပဲ့ချင်း မီးပြိုင်မှုတ်ကြတယ်
လေ ရောက်ရာအခြား မီးက တခြား။

အမြင်စူးရှတယ်ပြောရမလားပဲ
ကိုယ့်မျက်ခုံးမွေးထက်သူတပါး
ရဲ့ အတ္တမွေးကိုမြင်ကြ။
ရေရေလည်လည် ခံစားရပါတယ်
ဘာဟဲ့ဆို နိုင်ငံတော်ကြီးနဲ့အစချီလို့
ကမ္ဘာကြီးနဲ့ရင်ဘောင်တန်းလို့
ဟိုးလေးတကျော်ကျော် ခေတ်ကြီးကို အစပြုလို့။

မယောင်ရာ ဆီလူးတတ်ကြတယ်
မိတ်ဆွေလိုလို အရောဝင်မှုတွေနဲ့
ကျေးဇူးရှင်သဖွယ် မျက်နှာလို မျက်နှာရတွေနဲ့
မျက်နှာပေးရာ အလေးသာမှုတွေနဲ့။
အိမ်ကြက်ခြင်း အိုးမည်းသုပ်တိုက်တဲ့ပွဲမှာ
ဒဏ်ရာတွေ အပြည့်ရခဲ့သူက ပျဉ်းမငုတ်တိုတွေလား။
အစစ်အမှန်လို့ ထင်ခဲ့ကြတယ်။
ပြဒါးသုပ်ထားတဲ့ မှန်တွေကို ယုံကြည်ကိုးစားခဲ့ကြတယ်။
ရုပ်မပီပဲလည်း ရုပ်တည်ကြီးနဲ့ ရုပ်ပီပြခဲ့ကြတယ်။
ဆွဲချလိုက်လို့ ကျလာတဲ့အရုပ်က အဆုံးအဖြတ်လား။

ဝိရောဓိကစားကွင်းထဲက ဟိုကန် ဒီကန်နဲ့ ဝင်သွားတဲ့ ဂိုးဟာ
အဆုံးအဖြတ် ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးပြီး
လက်ဖက်ရည်ဆိုင် ရောက်သွားကြတယ်။
အဲဒီမှာ ဇာတ်လမ်းက စတော့တာပဲ။

သုတလင်း(ဆင်ပေါင်ဝဲ)
10.2.2017(11:05pm)
 

Comments