သစ်ခက်သံလွင်၊ ဆရာမောင်စိမ်းနီသို့ အလေးနီပြုခြင်း -

ဆရာမောင်စိမ်းနီသို့ အလေးနီပြု ခြင်း
 
ပန်းချီသန်းဌေးမောင်

ဆရာစိမ်း,
ကျနော်အဝေးကိုပြေးရတော့မယ်
လက်ထဲ တပြားမှမရှိ
လမ်းစရိတ်လိုတယ်
အခုလာသူဟာ ကျနော့် ရဲမေပါပဲ

သူ့ကိုယုံပါ။



၁၉၉၀ နောက်ဆုံးနှစ်များရဲ့ တနေ့မှာ ကျနော့်ရဲ့ချစ်သူကိုဆက်သားအဖြစ်နဲ့ ဘဲစိမ်းဆီ (ကျနော်တို့ချစ်စနိုးခေါ်တဲ့အမည်ပါ၊ ခွင့်လွှတ်ပါဆရာ) စာတိုလေးတစောင် အဲဒီလိုရေးပေးခဲ့တယ်။
ကျနော်ကိုယ့်အရိပ်ကိုယ်ပြန်
ကြောက်နေရပြီ။
ဆိုတော့ အဲဒီ့ငွေလေးလက်ထဲရောက်အလာမှ
ာ ကျနော်အပြင်ပြေးထွက်လာနိုင်တယ်။
တကယ်မျှော်လင့်ထားတဲ့အနီးဆု
ံး အရင်းဆုံးလူတွေရဲ့ဘာသိဘာသာနေခဲ့ခြင်းကို အံ့သြနေခဲ့ပေမယ့် ကျနော်တို့တပ်ရင်းမှူးကြီးရဲ့ ကျည်ကာပစ်ပေးမှုကြောင့် ရန်သူလက်ထဲက လွတ်ထွက်ခဲ့တယ်။ ကျနော့်ကိုမိသွားရင် သူ့ကိုနွယ်နိုင်တဲ့အမျှဉ်တမျှင်ဆိုတာ သူသိနေမှာသေချာလျက် မိုးထဲလေထဲမှာ ခေါင်းမရှောင်ခဲ့ဘူး။
ကျနော့်ရဲ့ကျေးဇူးရှင်ပဲ။ လွတ်မြောက်ရာလမ်းအတွက်ကျေးဇ
ူးရှင်ပဲ။
ကျနော် လမ်းခရီးအတွက် အဆုံးတိုင်ဆက်လျှောက်နေပါ့မ
ယ်။
ဆရာစိမ်း ဘဝဆက်တိုင်း ရန်သူလက်ထဲက လွတ်မြောက်ပါစေ
အလေးနီပြုပါတယ် ဆရာမောင်စိမ်းနီ

သင့်ရဲဘော်ညီငယ်


ခင်လွန်း

၂ ဖေဖော်ဝါရီ ၂၀၁၇ ဖေ့ဘွတ်စာမျက်နှာမှာ တဆင့် ဆရာမောင်စိမ်းနီ ကွယ်လွန်သွားကြောင်းသိရသည့်အတွက် ဝမ်းနည်းစွာ ရေးသားပါသည်။
-ဆရာသန်းဌေးမောင်ပုံကို ယူသုံးပါတယ်

Comments