ဘေးကျပ် နံကျပ်
AliExpress.com |
ဗွေကြန်လက္ခဏာ မကောင်းတဲ့ ကုန်ဈေးနှုန်းနဲ့
အတိုင်အလှည့်ညီအောင် ထမ်းပိုးမရုန်းနိုင်တော့
ကျွဲပခုံးထတာပဲ အဖတ်တင်ရဲ့ ။
ကုန်ဈေးနှုန်းကျဆင်းရေးဆိုတာကလည်း
အရောင်းမြှင့်တင်ရေး ကံစမ်းမဲလို
Thank You နဲ့ပဲ ပြီးနေတာဆိုတော့
အစစအရာရာ မပြည့်စုံမှုကသာ
အိမ်ဦးခန်းမှာ အမြိုင့်သားထိုင်လို့ ။
အတိုင်အလှည့်ညီအောင် ထမ်းပိုးမရုန်းနိုင်တော့
ကျွဲပခုံးထတာပဲ အဖတ်တင်ရဲ့ ။
ကုန်ဈေးနှုန်းကျဆင်းရေးဆိုတာကလည်း
အရောင်းမြှင့်တင်ရေး ကံစမ်းမဲလို
Thank You နဲ့ပဲ ပြီးနေတာဆိုတော့
အစစအရာရာ မပြည့်စုံမှုကသာ
အိမ်ဦးခန်းမှာ အမြိုင့်သားထိုင်လို့ ။
ရန်နည် (ဘုတလင်)
...
မသိကျိုးကျွန်
artist Khalid Shahin |
သူနစ်တဲ့မြစ်မှာပဲ
သူရေဆင်းချိုးပြန်တယ်
အသက်ဟာ
မသေကောင်းမပျောက်ကောင်းဆိုပြီး
သူ့အချစ်က ပိုးဖလံလို
မီးကိုတိုးတယ်
နှင်းတွေ တံစက်မြိတ်က တပေါက်ပေါက်
ကျသလို
သူမျက်ရည်ကျပြတယ်
သူ့အတွက်
နံနက်စောစောဆိုပေမယ့်
သူ့အချစ်က နေဝင်ခဲ့ပါပြီ
ဒီရှုခင်း ဒီသီချင်းမျိုး မနှစ်မျို့ပေမယ့်
ပင့်ကူအိမ်ထဲက ခြင်ကောင်လေးကို
လက်နဲ့သွားတို့လိုက်ရမလားလို့ စဉ်းစားမိတဲ့အခါ
တဖက်ကအစာ
တဖက်က အသက်
ကျနော် အသာလှည့်ထွက်ခဲ့ရတယ် ။ ။
ကိုပွေး
....
ဘယ်ကိုသွားမလဲ အိမ်ရဲ့အဝေး
Tate |
အကြော်တဲလေးရဲ့မီးဖိုက အလင်းရောင်ကြောင့်
မြေသားလမ်း အမှောင်ရိပ်အောက်
ရပ်နေသူလူငယ်တယောက်ကို
နေရောင်မကျရောက်ခင် ကောင်းမွန်စွာငါမြင်ခဲ့တယ်
အိမ်ပြေးသူလူငယ်လေး
မွန်းကျပ်မှုတွေ စည်းကမ်းတွေ
ကျောပိုးအိတ်ထဲ အပြည့်ထည့်လို့
ဘယ်လိုအရပ်မှာ သွားစွန့်ပစ်မလဲ
နှင်းတွေကျနေတဲ့ကြားထဲ
ပူပူလောင်လောင် ငါတွေးတယ်။
မြေသားလမ်း အမှောင်ရိပ်အောက်
ရပ်နေသူလူငယ်တယောက်ကို
နေရောင်မကျရောက်ခင် ကောင်းမွန်စွာငါမြင်ခဲ့တယ်
အိမ်ပြေးသူလူငယ်လေး
မွန်းကျပ်မှုတွေ စည်းကမ်းတွေ
ကျောပိုးအိတ်ထဲ အပြည့်ထည့်လို့
ဘယ်လိုအရပ်မှာ သွားစွန့်ပစ်မလဲ
နှင်းတွေကျနေတဲ့ကြားထဲ
ပူပူလောင်လောင် ငါတွေးတယ်။
သူ့ကို မတားဆီးခဲ့ဘူး
ဒီလိုမနက်ခင်း
အိမ်လေးတအိမ်က လူငယ်တယောက်
လူတွေလမ်းပေါ်မှာအမြဲရှိတဲ့
အိမ်အကြီးကြီးတလုံးဆီထွက်ပြေး ခဲ့
ငါ့ လက်ဖျံပေါ်က ခေတ်ကထိုးပေးတဲ့
မင်ကြောင်ရုပ်ကို ငါဂုဏ်ယူတယ်
ငါ့ကျောပြင်က တက်နင်းခံရလို့ရတဲ့ အမာရွတ်တွေ
ပြန်ပြန်စမ်းရင်း အိုမင်းမစွမ်းချိန်မှာ
ငါပျော်ရွှင်ရတယ်
တိမ်တွေ တနေ့တော့အိမ်ပြန်လာစမြဲ
ဖွင့်ထားတဲ့အိမ်တံခါးမှာ ဘယ်သူငေးနေမလဲ
အိမ်ပြေးသူတွေသာ တွေးတတ်တဲ့အရာတခု
သူရဖို့သာ အရေးကြီးတယ်
အိမ်ပြေးတွေ
သံသရာထဲ တအိမ်ပြီးတအိမ်ကူးနေကြပေါ့ ။
ဒီလိုမနက်ခင်း
အိမ်လေးတအိမ်က လူငယ်တယောက်
လူတွေလမ်းပေါ်မှာအမြဲရှိတဲ့
အိမ်အကြီးကြီးတလုံးဆီထွက်ပြေး
ငါ့ လက်ဖျံပေါ်က ခေတ်ကထိုးပေးတဲ့
မင်ကြောင်ရုပ်ကို ငါဂုဏ်ယူတယ်
ငါ့ကျောပြင်က တက်နင်းခံရလို့ရတဲ့ အမာရွတ်တွေ
ပြန်ပြန်စမ်းရင်း အိုမင်းမစွမ်းချိန်မှာ
ငါပျော်ရွှင်ရတယ်
တိမ်တွေ တနေ့တော့အိမ်ပြန်လာစမြဲ
ဖွင့်ထားတဲ့အိမ်တံခါးမှာ ဘယ်သူငေးနေမလဲ
အိမ်ပြေးသူတွေသာ တွေးတတ်တဲ့အရာတခု
သူရဖို့သာ အရေးကြီးတယ်
အိမ်ပြေးတွေ
သံသရာထဲ တအိမ်ပြီးတအိမ်ကူးနေကြပေါ့ ။
ထက်လူအောင်
Comments
Post a Comment