သစ်ခက်သံလွင်ကဗျာစင်မြင့်၊ အောင်မော်ဦး၊ တေဇလင်း...နှင့် မိုးအိမ်တို့၏ကဗျာများ

"အစီရင်ခံစာ"
Melt, JOAN-MIRO-WOMAN-AND-BIRD-IN-THE-NIGHT-FEMME-ET-OISEAU-DANS-LA-NUIT
ယာဉ်ရထားအတွက်
ဗျာများရတဲ့ ရက်တွေလည်း
လွန်ပါစေ

သားအမိကြား
စကားမှားခဲ့ရင်လည်း
ခွင့်လွှတ်နိုင်ပါစေ

ဒီလိုပါ ခင်ဗျာ
"နားလေးတဲ့သူတွေ တင်မက
မေ့တတ်သူတွေလည်း တွေ့ရတယ် မေမေ”

အောင်မော်ဦး
၁၇၊ ဇန်နဝါရီ၊ ၂၀၁၇

ဒုတိယမြို့ရိုးအဖွင့်
cópias de pinturas na WahooArt, Jackson-Pollock-Black-Pouring-over-Color
ခပ်ထုတ်ပစ်လိုက်တဲ့အနည်တွေထဲက
အနစ်မပါဖို့ အရေးကို
ဆွေးနွေးနေကြရတာလည်းသိတယ်
သွေးထားတဲ့အရေးမှန်သမျှဟာ
ကိုယ့်တံတွေးကိုယ်မြိုချ
နှစ်သိမ့်ဆုချခံထားရတာလည်းသိတယ်
ဘာပဲလုပ်လုပ်
အမြတ်ထုတ်သွားခဲ့ကြတဲ့
မာတိကာအဟောင်းတွေကြောင့်
တမြို့လုံးမပျောက်အောင်
စောင့်သင့်သလောက်စောင့်နိုင်ရင်
ရောက်သင့်သလောက်ရောက်မှာမြင်ရ
ရှေးမြို့ရိုးတို့သဘာဝက
တုတ်မိုးရုံနဲ့ ကျိုးချင်ကြ
အုပ်စိုးရုံနဲ့ ရိုးချင်ကြ … … … ။။

တေဇလင်း နည်းပညာတက္ကသိုလ်

ဆည်းဆာ
Chippewa Native American artist, 8c8e26654aa205a271aa3ae5139f9102
ဖြတ်စီးနေတဲ့မြစ်ထဲ
ဖြန့်ထိုးထားတဲ့နေရောင်
ပြန့်ပြောတဲ့ကောင်းကင်ထဲ
ပျံထွက်သွားတဲ့ ငှက်အုပ်
ကြည်နူးဖွယ်မြင်ကွင်းဟာ
ကြေကွဲစွာ ပျောက်ကွယ်
ကမ္ဘာထံနောက်တဖန် မရောက်ခင်ထိ။ ။


မိုးအိမ်


Comments