သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မင်းချောမြင့်၊ ဆောင်းခူးလက် နှင့် ထက်လူအောင်တို့၏ ကဗျာများ

အနီးလား အဝေးလား မှုန်တယ် 
Artsy
အရင်လို ရယ်စရာမကောင်းတော့ဘူး
အရင်လို မရယ်ရတော့ဘူး
အရင်လို မရယ်နိုင်တော့ဘူး
အရင်လို မဟုတ်တော့ပါဘူး

ချက်ချင်းပဲ တုန့်ပြန်မှုတွေ
သက်ရောက်ရာ နယ်ပယ်တွေ
ခရစ်တော်မပေါ်ခင်က နှစ်တွေ
အရင်လို ဝန်ကြီးဟောင်းပါပဲ

အရင်လိုစာသားများထဲကပဲ
သိပ်အားမရချင်ဘူး
အရင်လို အတူရှိနေခဲ့ဖူးပေမယ့်
နေရာလွတ်ကလေးက
အရင်လို မဟုတ်တော့

အရင်လို ခြေဖျားလက်ဖျားအေးဆဲ
အရင်လို နွေးဆဲ
အရင်လို ဆတ်ဆတ်တုန်နေဆဲ
လည်ချောင်း ထထ နင်ဆဲ

အရင်လို အပစ်အခတ်တွေ မပါတော့ဘူး
အရင်လို ချောင်းမခြားတော့ပါဘူး
အရင်လို ဇာတ်သံမပါတော့ဘူး
အရင်လို ရယ်မရပြန်ဘူး

အရင်လို ကိုယ့်အကြောင်း သိပ်မမေးဖြစ်တော့ဘူး
အရင်လို မနှိပ်စက်ဖြစ်တော့ဘူး
အရင်လို မရောင်းချဖြစ်တော့ဘူး
အရင်လို ရွာလို့ မရတော့ဘူး

အရင်လို ယုတ်မာဆဲ
အရင်လို ယူဆနေဆဲ
အရင်လို နည်းနည်းရောထားဆဲ
အရင်လို နှုတ်ခမ်းတွေ စိုဆဲ
အရင်လို နာဖျား နေဆဲ
အရင်လို အိပ်ရာထဲမှာပဲ အရင်လို နိုးနေဆဲ

မင်းချောမြင့်

ဆောင်းမနက်ခင်း 
Culture Type
ဆောင်းက မနက်ကို
နှင်းနုလေနဲ့ ခင်းထားတယ်
နှင်းဆွတ်ပန်းတွေးနဲ့ ခင်းထားတယ်
ထုံးစံအတိုင်း
ငှက်သံ ကြက်သံလေးတွေတပ်ဆင်ပြီး
ခင်းထားတယ်
မိုးတိမ် အပြင်အဆင်
ပန်းပွင့်တို့ရဲ့အနေအထား
ရနံ့တို့ရဲ့အချိတ်အဆက်
လေနုအေးရဲ့အဝင်အထွက်
တပ်ဆင်ထားပုံအားလုံး
ရှုချင်စဖွယ်ခင်းထားတဲ့ ရှုခင်းပဲ
သက်ရှိများမနိုးကြားသေး
နိုးကြားသူရဲ့စိတ်တို့
ကိလေသာတို့မနိုးထစေရန်
ဂရုပြုဖို့
အထိအတွေ့မရဖူးသူအပျိုစင်လို
မနက်ဟာခင်းထား
သက်ရှိတို့ရဲ့ကိလေသာအစွယ်
ကုတ်ခြစ်ရာ နည်းပါးသော
အချိန်အခိုက်အတန့်
"လှတယ်"
ဒီလိုအသံထွက်လို့အပြစ်ရှိမှာလား
စိတ်ထဲ နှင်းလေတွေ ဝေလာတယ်
ပြတင်းပေါက်ထဲ နှင်းလေတွေ
ဝေလွင် ဝင်လာသလိုလေ မြင်ဖူးစ
ဟုတ် ။ ။


ဆောင်းခူးလက်


မီးစွဲလောင်နေသောအကြောင်းများ
abstractartlesson.com
အရောင်းအဝယ်ကောင်း၍
လူ့အသက်များ ဆက်လက်ဈေးကျ
သတင်းစာတွေထဲ သွေးသံတရဲရဲနဲ့
ခန္ဓာတွေမသေခင်
စိတ်တွေ ကြွေကြွေနေရတာတွေ
လမ်းပေါ်ချချရေးနေကြတဲ့
မင်းလူမိုက်လားဆိုတဲ့စကားလုံးတွေ
လွတ်လပ်စွာတွေးတောခွင့်ဆိုတာလည်း
လူကြီးခွင့်ပြုချက်လိုပါသလား
နေနည်းတွေက ရိုးရှင်းပါတယ်
သေတဲ့အခါတော့ ထောက်ခံစာယူဆဲပေါ့။
ဖော့ဖိနပ်ပါးစီးထားတဲ့စားပွဲထိုးလေး
ရွေးကောက်ပွဲအကြောင်းမေ့ထားတယ်
ကျကွဲသွားတဲ့ပန်းကန်တွေမှာ
သူ့လစာ တစ်ဝက်ပါသွားလို့
အာဟာရမပြည့်ဝတဲ့နိုင်ငံသားများ
စာအုပ်ဆိုင်တွေကို မသွားတော့တဲ့အခါ   
ပယောဂဆရာသတ်လို့သေသွားတဲ့ကလေးငယ်သုံးယောက်လို
ခေတ်ဟာ
ဟိုလူ့လက်ထဲလည်း စင်းစင်းသေ
ဒီလူ့ လက်ထဲလည်း စင်းစင်းသေ။


ထက်လူအောင်

Comments