သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မောင်ရဲနွေ ပလိပ် ၏ "ဇန်နဝါရီ ၂၀"

"ဇန်နဝါရီ ၂၀"
 
သူတို့ ဒီနေ့ ချီတက်ခဲ့ကြတယ်
မန္တလေးက စပြီး  လက်ပံတန်းမှာ ဆုံးခဲ့တယ်...။

ပြီးဆုံးပြီးလား
မပြီးဆုံးသေးဘူးလား...။

အောင်မြင်မှုလား
ရှုံးနိမ့်မှုလား...။

အနာတရတွေနဲ့ ခြေလှမ်း
လမ်းမထက်က သွေးစက်များ...။

ရဲတဲ့သွေး
နီတဲ့သွေး...။

ရဲနေဦးမယ်
နီနေဦးမယ်...။

သူတို့
မန္တလေးကနေ ရန်ကုန်ကို
ချီတက်ခဲ့ကြတယ်လေ...။ ။


မောင်ရဲနွေ ပလိပ်
၁၉.၁.၁၇

မှတ်ချက်- ကွန်ပြူတာ ချို့ယွင်းသွားတဲ့အတွက် ကဗျာဖော်ပြမှုနောက်ကျသွားခြင်းအပေါ် ကဗျာဆရာမောင်ရဲနွေနှင့် ကဗျာချစ်သူများအပေါ် တောင်းပန်အပ်ပါတယ်။
သစ်ခက်သံလွင်

Comments