သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ရွှေကြယ်မိုး၊ ကျော်ကျော်(မြရည်စမ်း) နှင့် ခင်လွန်းတို့၏ကဗျာများ

ပါးကွက်
Mark Manson
 တိမ်မယောင်နဲ့ နက်နေတဲ့ တူးမြောင်းတွေက
အချစ်နဲ့စပြီး အချစ်နဲ့ပဲဆုံးတယ်
ခြယ်သထားတဲ့ ထုထည်ကို မတိုင်းတာနိုင်ပေမယ့်
မြင်နေတဲ့ ရိုးမတောင်တန်းတွေထက်
အလှပဆုံး နက်ရှိုင်းခဲ့
အရေးအကြောင်းလေးတွေက
ထွန်ဆွဲထားတဲ့ လယ်တကွက်လို
ပြန့်ပြန့်ပြူးပြူး ပါးပေါ်မှာ သင်းပျံ့လို့
ရေနှုတ်မြောင်းလို
အဲ့ဒီ့အရေးအကြောင်းလေးတွေထဲမှာ
လောကအကြောင်း ယဉ်ပါးပြီးသား ချွေးဖြူဥလေးတွေ
အဲ့ဒီ့ ချွေးဖြူဥလေးတွေထဲမှာ
ငေးနေတဲ့ နှုတ်ခမ်းက
တဆတ်ဆတ်ခါနေတာ တွေ့ရမယ်
တောင်တွေပေါ်တက်
ကြယ်တွေရေရင်း
ညထဲ စကားမပြောနိုင်ခင်
ငေးပြီးပြန်ရမယ့် သနပ်ခါးနဲ့ မိန်းကလေး။

ရွှေကြယ်မိုး
ချိုးဖြူ
 
Xun Art Gallery
ပီကာဆို ရေးခဲ့တယ်
ခင်ဝမ်းချစ်တဲ့ အို မောင်ဒီ ရေးခဲ့တယ်
မလိမ်မိုးမလိမ္မာ သူတို့
ဖျက်ပစ်ကြတယ်...
ပန်းချီဆိုတာ တိတ်ဆိတ်တဲ့ကဗျာဆိုပဲ
နားမရှိတော့ မကြားရပြီပေါ့
ကဗျာဆိုတာ စကားပြောတဲ့ ရုပ်ပုံဆိုပဲ
အဝိဇ္ဇာဖုံးနေရင် မမြင်နိုင်ပြီပေါ့
ကာထားတဲ့မှန်ချပ်ကိုသာ  
ကွဲအောင်ပစ်လိုက်ပါ
လွတ်လပ်စွာခံစားနိုင်ပါစေ။ ။


ကျော်ကျော်
၁၁၁၀၁၆
ည ၉ နာရီ၃၃ မိနစ်
နှစ်ကိုယ်ခွဲဇာတ်ရုပ်နဲ့ပင်လယ်

Wallcoo.net
 ခန္ဓာကိုယ်ကြီးသလောက်
ဝမ်းဗိုက်ကျယ်လွန်းလှသူဟာ
ဆာလောင်လွန်းသတဲ့လား
မိုးတွေရွာသလောက်
သူ မြိုချပစ်လိုက်တာပဲ

တခါတခါတော့လည်း
သူ့လက်ခုပ်ဖောင်ထဲ ရေတွေကဲ့ကဲ့ထည့်ပြီး
ကုန်းပေါ် လှမ်းပက်တတ်ပြန်သေး…

သူဟာ
ဒို့များစိတ်ကူးနဲ့တည့်တဲ့အခါ
လူချောလူလှလေးဖြစ်သလို
ရာဇဝင်လူဆိုးကြီးအဖြစ်လည်း ကျော်ဇောတိက္ကိမရှိလေရဲ့။

ခင်လွန်း
သြဂုတ် ၅၊ ၂၀၁၆
နံနက်- ၁ဝ နာရီ ၁၅

Comments