သစ်ခက်သံလွင် ကမ္ဘာတခွင်မြင်ကွင်း၊ ငြိမ်းချမ်းအောင် ၏ " သမီးရေ"



သမီးရေ

(မူးယစ်ဆေးဝါး လူငယ်တို့ရဲ့အနာဂတ်နဲ့ တာဝန်ယူမှုများ)

 ငြိမ်းချမ်းအောင်

Sobriety Home
ကျောင်းမှာ ဆရာမတွေက မိဘတွေကို ခေါ်ပြီး သတိပေးတယ်နော်။ ရုရှားနယ်စပ်မှာ အင်ဖက်တာမင်း (စိတ်ကြွဆေး) တွေကို ဟိုနေရာက ကောက်ရလိုက်၊ ဒီနေရာက ကောက်ရလိုက်နဲ့ ဖြစ်နေလို့ ဖင်လန်နိုင်ငံ တနိုင်ငံလုံး ပျံ့နှံ့နိုင်တယ်။ ကျောင်းကလည်း သတိထားပါတယ်။ မိဘတွေလည်း သတိထားပါ၊ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ မြို့တော်ဝန်တွေ သူကြီးတွေကလည်း စေတနာ့ဝန်ထမ်း တွေအများကြီးနဲ့ အရပ်ထဲရွာထဲ မြို့ထဲကို စောင့်ကြည့်နေပါတယ်ဆိုပြီး ခေါ်ရှင်းပြတာ ဖေဖေ မှတ်မိ သေးတယ်။
-
အင်ဖက်တာမင်း(စိတ်ကြွဆေး) ဟာ မူးယစ်ဆေးဝါးထဲမှာ ဦးနှောက်ကို အန္တရာယ်အပေးဆုံးလို့ပါ သေသေ ချာချာ(သေသေချာချာ) နှစ်ခါ သုံးခါလောက် လေးလေးနက်နက်ကိုထည့်ပြီး ပြောသွားတာ သတိထားမိ တယ်။
-
သမီးရယ် ရုရှားနဲ့ ဖင်လန်ဆိုတာလည်း ကမ္ဘာ့ရန်ဖက်လို ဖြစ်နေတာ။ တချိန်တုန်းက ရုရှား သိမ်းပိုက်ထား တဲ့ ဖင်လန်နိုင်ငံ၊ အခုတော့ အိမ်နီးချင်းနိုင်ငံနှစ်ခုရဲ့ ကွာခြားချက်က အများကြီး။ မော်စကိုက ရုရှား အာဏာပိုင်တွေ ချမ်းသာချင်သလောက် ချမ်းသာနေပေမဲ့ နယ်စပ်က ရုရှား ပြည်သူတွေကတော့ ဆောင်းတွင်းရောက်ရင် ဖင်လန်နိုင်ငံက ကြက်ခြေနီအဖွဲ့ကို မျှော်နေရပြီ။
-
ဆေးလိပ်တွေ အရက်တွေပေါပေါလောလောရနိုင်တဲ့ ရုရှားမှာ ရိုးရိုးသားသား ပြည်သူတယောက် က ဆေး လိပ်တတောင့်ကိုကိုင် ဗော်ဒကာတပုလင်းကို ဆောင်ပြီး ဖင်လန်နိုင်ငံကို ဝင်လာရင် အပြန်ကျတော့ ဖင်လန်မှာမစားတဲ့ ဝက်သားအဆီတွေ၊ အရိုးတွေ၊ ငါးအရိုးတွေကို ၀ယ်ပြီး မိသားစု တပတ်စာ လောက် စားဖို့ ကြိုးစားနေရတာ ရုရှားနိုင်ငံသားဖြစ်တဲ့ သမီး မြင်ဖူးမှာပေါ့။ ၀င်ငွေနှုန်းထား နည်းပါးပြီး ပြည်သူတွေ ဆင်းရဲလှတဲ့ရုရှားမှာ မသန့်ရှင်း မလတ်ဆတ်၊ အစစ်အဆေးမရှိတဲ့ သားငါး ကုန်ဈေးနှုန်းက ဖင်လန်နိုင်ငံ ထက် ပိုပြီးဈေးကြီးတယ်လေ။ ရုရှားမှာ အရိုးအသားပါတဲ့ ဝက်သား တကီလိုကို ၅ ယူရိုလောက်ပေးနေ ရတဲ့အချိန်မှာ ဖင်လန်နိုင်ငံမှာက ၃ ယူရိုလောက်ပဲ ပေးရတယ်။ အရိုးလည်း မပါဘူးပေါ့ သမီးရယ်။
-
ရုရှားနိုင်ငံမှာ ဆေးလိပ် ၁၀ ဗူးပါတဲ့ တတောင့်ခေါ်တဲ့ တကာတွန့်မှ ယူရိုတဆယ် မပြည့်ဘူး။ ဖင်လန်နိုင်ငံရဲ့ မှောင်ခိုဈေးကွက်ထဲမှာ ယူရို ၃၀ လောက် ရတယ်။ တယူရိုကို ရုရှား ယူဘယ် ၇၀ လောက် ဆိုတာ့ သမီးရယ် ၁၄၀၀ ယူဘယ်လောက် ဆေးလိပ်တတောင့်ကိုအမြတ်ရတော့ တရက်ကို အခြေခံလုပ်ခ ၁၅ ယူရိုလောက်တောင်မရတဲ့ အရပ်သားတွေအတွက်တော့ တော်တော့်ကို မက်လောက်စရာပေါ့။ စံချိန်မမီတဲ့ ဗော်ဒကာအရက်လည်း အလကားနီးပါးရပြီး ဖင်လန်နိုင်ငံမှာ တစ်လစ်တာကို ၄၀ ယူရိုလောက် ရနေတော့ သမီးရယ် ဖင်လန်နိုင်ငံကို သူတို့ အဲဒီဆေးလိပ်၊ အရက် နှစ်ခုလောက်နဲ့ ဝင်လာနိုင်ရင် ရုရှားမှာ တပတ်လောက် မိသားစု ၄ ယောက်လောက် ချွေချွေ တာတာ စားရင် ၁ ပါတ်လောက် လုံလောက်တာကိုး ……….
-
ကိုယ့်အိမ်နီးချင်း နိုင်ငံက ပြည်သူတွေ ဆင်းရဲရင် ချမ်းသာတဲ့ နိုင်ငံလည်း ဒုက္ခတွေ မျှဝေခံစားရတာပေါ့။ သမီးတွေ့ပြီလား ဈေးပေါတဲ့ရုရှားက ဆေးလိပ်တွေ၊ အရက်တွေကြောင့် ဖင်လန်မှာ လူငယ်တွေ ပျက်စီး၊ လူကြီးတွေ မသေဘဲ ဆေးရုံရောက်တော့၊ လူမှုရေးဒုက္ခတွေ ကြုံရတာလေ။

-
သမီးရေ ပြည်သူတွေက တဦးနဲ့ တဦး ကူညီကြပေမဲ့၊ ပြည်သူတွေက တယောက်နဲ့ တယောက် ချစ်ချစ် ခင်ခင်နေကြပေမဲ့ အာဏာရှင်တွေဆိုတာကတော့ ကိုယ်ချမ်းသာဖို့ပဲ တွေးကြတာလေ။ တခါတခါ ဖင်လန်နိုင်ငံက ဆင်းရဲတဲ့ ရုရှားတွေကို သွားကူရင်တောင် အကူအညီ မပေးရလို့တားကြတယ်လေ။ ဘုရားကျောင်းအဖွဲ့တွေနဲ့ သွားရင်လည်း လူသာရင်တွေက အောက်သာဒိုစ့်တွေကို လာပြီး စည်းရုံးတာလား အမေးခံရ တယ်လေ။ ဒါတောင် ခရစ္စယာန်ဘာသအချင်းချင်းက ဘယ်မေးမလည်း သမီးရယ် မီလီစီ ခေါ်တဲ့ ရုရှားစစ်ထောက်လှမ်းရေးတွေ က လုပ်တာပေါ့။
-
မူးယစ်ဆေးဝါးအကြောင်းကနေ ဘယ်တွေရောက်သွားပြန်ပြီလည်း မသိပါဘူးသမီးရယ်။ အင်ဖက်တာမင်း (စိတ်ကြွဆေး) ဟာ လူတွေရဲ့ဦးနှောက်ကို အဖျက်ဆီးဆုံး ဆိုတာတော့ ဆေးပညာရှင်တွေ၊ စိတ်ပိုင်း ဆိုင်ရာဆရာဝန်ကြီးတွေ တညီတညွတ်တည်း စစ်ဆေးတွေ့ရှိ ကောက်ချက်ချတယ် မှတ်ထားပေါ့သမီးရယ်။
-
သမီးရေ ဖေဖေသိပ်ချစ်တဲ့ ဗမာပြည်မှာလည်း အင်ဖက်တာမင်း(စိတ်ကြွဆေး)က အလကားနီးပါး ရတယ် ဆိုလား၊ အရက်ဆိုင်တွေက မှိုလိုပေါက်တယ်ပြောကြရဲ့၊ ဆေးလိပ်ကလည်း ကြိုက်တဲ့သူ ဝယ်လို့ ရတယ် ကွဲ့။
-
သမီးရယ် မကောင်းတာတွေ ပေါပေါများများလွယ်လွယ်ကူကူရနေမှတော့ အဲဒီနိုင်ငံ ရာဇ၀တ်မှုတွေ များတာ အဆန်းလားလို့ သမီးကပြောမှာပေါ့၊ မေးမှာပေါ့။
-
ဟုတ်တာပေါ့ သမီးရယ် သမီးပြောတာ မှန်တာပေါ့။
-
အဲဒီ မကောင်းတာတွေ အားလုံးက အစိုးရအဆက်ဆက်မှာ ဒီနေ့ အစိုးရသစ် လက်ထက်ထိ လွယ်လွယ် ကူကူနဲ့ ပေါပေါများများရအောင် လုပ်ထားတာကိုး ....။ ဘယ်အစိုးရအဆက်ဆက်မှ အသက် ၁၈ နှစ်မပြည့် တဲ့ ကလေးတွေကို ဆေးလိပ်မရောင်းရ၊ အရက်မရောင်းရ အမိန့်မထုတ်သလို။
-
CSMT

ဆေးလိပ်ကို လွယ်လွယ်ကူကူ ကလေးတွေမီနိုင်တဲ့နေရာမှာ ထားရင်၊ အရက်ကို ကလေးတွေရှေ့ မှာ သောက်မပြရဘူးဆိုတဲ့ပညာပေးခြင်းလည်း မရှိဘူးလေ။
-
တကယ်တော့ ဗမာ့အသိုင်းအဝန်းဆိုတာ မူးယစ်ဆေးဝါးတွေကိုနှိမ်နင်းလို့ အကောင်းဆုံး လူ့အသိုင်း အဝန်းလို့ ကမ္ဘာကြီးကပြောကြတယ်သမီးရဲ့ ။ ဘာကြောင့်လဲဆိုတော့ ငါးပါးသီလထဲမှာ ဘိန်းဘင်း၊ ကဇော်၊ လှော်စာ၊ အရက် စသည်ဖြင့် မသုံးစွဲရလို့ တားမြစ်ထားတဲ့အပြင်၊ အတင်းပြောသိပ်ပြီး ဝါသနာ ပါလွန်းလို့ မကောင်းကြောင်း ရွာလှည့်ပြောတတ်တဲ့ ယဉ်ကျေးမှုထဲမှာ ဘယ်သူတွေ ဘာလုပ်တယ် ဆိုတာ ချက်ချင်းသိတာပေါ့သမီးရယ်။ တကယ်လို့သာ မူးယစ်ဆေးဝါး ရောင်းတဲ့ သူတွေ၊ ဖြန့်ချိတဲ့သူတွေကို ဖမ်းချင် ရင် ၂၄ နာရီ စုံစမ်းရေးလုပ်စရာမလိုပါဘူး၊ အရပ်ထဲမှာ လူထုထဲမှာနေ တဲ့ နိုင်ငံရေးသမားတွေရှိရင်၊ လူထု အကျိုးကို လုပ်ပေးချင်တဲ့၊ တိုင်းပြည် အနာဂတ်ကိုတန်ဖိုးထားတဲ့ အစိုးရဆိုရင် ချက်ချင်း အရေးယူလို့ ရတာပေါ့သမီးရယ်။
-
မူးယစ်ဆေးဝါးမကောင်းဘူးလို့ ဖေဖေမပြောဘူးနော်။ မူးယစ်ဆေးဝါးဆိုတာ ဘာနဲ့မှနှိုင်းလို့ မရအောင် ကောင်းလွန်းလို့ စလိုက်မိတာနဲ့အဆုံးမသတ်နိုင်အောင်ကို ဖြစ်လွန်းလို့ပေါ့သမီးရယ်။
-
သမီးရယ် ပညာကိုသာကြိုးစားသင်ပါကွယ်၊ ဆေးလိပ်သောက်တဲ့အပေါင်းအသင်းတောင်မထားနဲ့ အနားကပ်ရင် အင်္ကျီတွေ အနံ့စွဲတတ်တယ်။

ငြိမ်းချမ်းအောင်

Comments