သစ်ခက်သံလွင် ကဗျာစင်မြင့်၊ သုထက်မှူး၊ မင်းချောမြင့်နှင့် စောမျိုးထွေးတို့၏ကဗျာများ

ညံ့ခြင်းများ
euro-decoration.en.hisupplier.com
 ညကြီးထဲ...
ညအတု လုပ်  လုပ်နေရတာ ခက်တယ်...
လရောင်နဲ့ ငါ
ငါနဲ့ လရောင်
အပြန်အလှန် ငတ်မွတ်ကြ..
အခန်းကျဉ်းလေးထဲ လူက (၄) ယောက်
အိပ်မက်ချင်း ချိတ်မိ ငြိမိသံ တကျိကျိ
ညက...အိပ်မရဘူး....။
စိတ်အကင်းတို့  တဖျောဖျောကြွေရာ
အိပ်ရာကျဉ်းကျဉ်းလေးထဲ..
မနက် မနက်ဆို...နိုးစက်က
"ဟသာင်္ကိုးသောင်းဇာတ်" ပဏာမတီးလုံးနဲ့  လှုပ်နှိုး
ဆင်ကျီစားရာ ကွင်းထဲက ဆိတ်များ
ဦးချိုရ  ....မြင်းများ
ရေမြွေတွေလို..
လူးလွန့် ပွတ်တိုက် ငုံ့လျှိုး
ကိုယ်တိုင်ကိုယ်ကျ ရှုန်း
တနေ့  အလုပ်ချိန် (၁၂) နာရီ
ဒဏ်ရာ အလယ်ဗဟိုမှ မျက်ဝန်းများ
တန်ရာတန်ကြေး နားလည်မှု စံနှုန်းများ
လုပ်အား...
အချိန်...
ခိုးဝှက်ခြင်းကို လေချွန်ပြီး
ကြည်ဖြူပြလို ပြရ...
အန္တရယ်ကို ထိပ်ပုတ် ခေါင်းပုတ် ကျီစယ်လို  ကျီစယ်ရ..
ကူးစက်ရောဂါများ....
တရားမ၀င် နေထိုင်ခြင်းများ...
ဒီမှာတော့..
သိခြင်းကလည်း ဆင်းရဲ ..
မသိခြင်းကလည်း ဆင်းရဲ
ဒူးနဲ့ မျက်ရည်သုတ်ရတဲ့ဇာတ်
နပိုလီယံ ရင်ဘတ်ကြီး ငှား ငှားပြီး
လူလုံးပြတတ်တဲ့  အရိုးစွဲ ခပ်ညံ့ညံ့ ဉာဉ်နဲ့ 
ဟေးလား..ဝါးလား...
သေချာတယ်..ကျွန်တော်တို့ တကယ် ညံ့ခဲ့ ကြပြီ...။
မေးခွန်း အမှားတွေကိုပဲ ပုတ်ထုတ်နေရ
ဘယ်လောက်ကြာပြီလဲ..
“ကောလင်း” လား “အို” လား
ဘယ်လောက် ပို့ပြီးပြီလဲ
ဘယ်တော့ ပြန်မှာလဲ
မလေးရှားမှာ ဘာလာလုပ်တာလဲ
မြန်မာပြည်ပြန်ရောက်ရင် ဘာလုပ်စားမှာလဲ
သူတို့ မေးခွန်းနဲ့ သူတို့ စာမေးပွဲကျသွားကြတယ်
ကျွန်တော် က ကဗျာဆရာလုပ်မှာပါ။ ။

သုထက်မှူး
ဇာတ်အိမ်
Bug Squad
 ပန်းပွင့်လေးပွင့်လာသံမှာ
အထီးကျန် စိတ်က
ချောက်ချား တယ်
အိပ်မက်တွေ စီစဉ်ပြီး မက်ရတာလည်း
အိပ်ရေးပျက်တယ်
ခုံပေါ်မှာ
လွတ်ကျတော့...
စကားလုံးတွေ မကွဲဘူး
ကြယ်လေးတွေ ကော်ပီကူးပြီးပြန်ပို့တယ်
စစ်ပွဲ သေးသေးလေးတွေက ရနံ့ကို ခူးလို့ ပေါ့
သေနေတဲ့သူတွေ
ထတိုက်စေ့ချင်အောင် သမိုင်းက
ကြွေးကြော်တယ်
ရှင်သူတွေပါသေသွားမယ်
အိပ်မက်ထဲ
ခိုနေရတဲ့ ဆောင်းပေါ့
-တခါတလေ ကံ က ငါ့ကို စမ်းတယ်

မင်းချောမြင့်
အရူးတယောက် ရဲ့ရာဇဝင်
 
altoonsultan.blogspot.com
နေထွက်ရာအရပ်မှာ ဥပေက္ခာတရားတွေ
ထွေးထုပ်ပစ်လိုက်တယ်…
ရှေ့ဆောင်လမ်းပြဆိုလို့
လည်မှာဆွဲထားတဲ့ နာရီတလုံးပဲ ရှိတယ်…
နာရီက မှန်ချင်မှမှန်မယ်
သူလည်း ကြည့်ချင်မှကြည့်ဖြစ်မယ်။

နားအေးပါးအေးအမြဲ
သူ့မှာပြိုင်ဘက်မရှိ
… အကောက်ကြံမယ့်သူမရှိ…
အချုပ်အရှောင်ကင်းစင်လို့
တလမ်းဝင်တလမ်းထွက်နဲ့
သူ့သမိုင်းသူရေးနေတဲ့သူ။

ခမ်းခမ်းနားနားအိပ်ရာခင်းများ…
ကျောခင်းနေကြဆိုင်ခန်းများ…
အသုပ်ဆိုင်/ ကွမ်းယာဆိုင်လွတ်များ…
သူ့အတွက် တခမ်းတနားပဲ။
သူ့ကိုယ်သူလက်ဆွဲနှုတ်ဆက်
သူ့နာမည်သူ မိတ်ဆက်စကားဆို…
သူ့အချမ်းသာဆုံးတွေထဲ…
သစ္စာတရားတွေ အများအပြားတွေ့ရှိ…
ငြိမ်းချမ်းခြင်း/ အပူအပင်ကင်းခြင်းတွေက
သူ့ရဲ့အပေါ်ယံပစ္စည်းဥစ္စာ…
ဒီလိုနဲ့မြို့ထဲ တလမ်းဝင်တလမ်းထွက်ခဲ့တယ်။ ။

စောမျိုးထွေး


Comments