Saturday, December 3, 2016

k

သစ်ခက်သံလွင် ကမ္ဘာတခွင်မြင်ကွင်း၊ လှရွှေ "အမေရိကားက ဒုက္ခသည် အာဂလူတွေ "



အမေရိကားက ဒုက္ခသည် အာဂလူတွေ  
လှရွှေ
Soapbox
-အမေရိကားမှာ ပညာမတတ်ရင် ငရဲပြည်မှာ နေရသလိုပဲလို့ မြန်မာပြည်က အထက်တန်းစားတဦး ပြောခဲ့ ဖူးတာမှတ်မိသေးတယ်။
အမေရိကားမှာ ဘွဲ့ဒီဂရီတွေပိုင်ဆိုင်နိုင်မှ၊ ကမ္ဘာကျော် တက္ကသိုလ်ကြီးတွေက ဒီဂရီပိုင်ဆိုင်နိုင် မှ အောင်မြင် တဲ့ လူသားတဦးအဖြစ် ရပ်တည်နိုင်တာမဟုတ်။ အောင်မြင်ခြင်းဆိုတဲ့အရာကို ပြောတဲ့အခါ ပစ္စည်းဓန ဥစ္စာ အရ ပြောမလား၊ ဘွဲ့ဒီဂရီနဲ့ ပြောမှာလား…. စတဲ့စတဲ့ ရှုထောင့်တွေက များသား။

အင်္ဂါဂြိုလ်ကိုသွားဖို့ပြင်နေတဲ့ Elon Reeve Musk ကတော့ အမေရိကားဆိုတာမရှိခဲ့ရင် လူသားမျိုးနွယ်ဆို တာဒုတိယကမ္ဘာစစ်ကတည်းက တခုခုဖြစ်ခဲ့ပြီလို့ ပြောခဲ့သူပါ။ သူက အမေရိကားဆိုတာကမ္ဘာမှာ အကောင်းဆုံးနိုင်ငံ၊ မိမိစိတ်ကူးရှိတာ အကောင်အထည် ဖော်ခွင့်ရှိတဲ့နိုင်ငံလို့ အင်တာဗျူးတခုမှာပြောခဲ့ ဖူးတယ်။ သူလည်း သူလည်း ကနေဒါကနေ ပြောင်းလာတဲ့သူ။ ၁၁ ဘီလီယံလောက် ချမ်းသာတယ်။
ကျနော်တို့လို အမေရိကားကို ခြူးတပြားမှပါမလာတဲ့သူတွေ ဘဝကို ဘယ်လိုတည်ဆောက်ကြသလို ကျနော့်အမြင်ကိုယ်တွေ့လေးတွေကို မျှဝေတင်ပြချင်ပါတယ်။

အမေရိကားကို တရားဝင်ရောက်လာ အခြေချတဲ့လူတယောက်အနေနဲ့ မိမိဘဝကိုဘယ်လိုဘယ်ပုံ တည်ဆောက်မလဲ စဉ်းစားဆုံးဖြတ်ရပါတယ်။
ဝင်ငွေ နည်းနည်းလေးရတဲ့အလုပ်ကိုလုပ်၊ အစိုးရဆီက အစားသောက်ပေးတဲ့(Food Stamp)တွေလျှောက် ဝင်ငွေနည်းတဲ့အတွက် မိသားစုဝင်ငွေအလိုက် ငှားပေးတဲ့ တိုက်ခန်းမှာနေမလား၊ ကျနော်သိတဲ့ ကရင် မိသားစုတစုဆို တလကို (၁၀၀) ဒေါ်လာသာပေးရတဲ့တိုက်ခန်းမှာ နေခွင့်ရတယ်။ အဲဒါမှမဟုတ် တပတ်ကို နာရီ (၇၀) လုပ်ပြီး ကာယလုပ်သားကောင်းဖြစ်အောင် ကြိုးစားပြီးဘ၀ကို တည်ဆောက်မလား။ မိမိစိတ်ကြိုက် ရွေးလို့ရတဲ့နိုင်ငံ။ စိတ်ကူးကောင်းတဲ့သူက ထိပ်ဆုံးရောက်တဲ့ နိုင်ငံ။

ဒုက္ခသည် စခန်းက လာတဲ့ စာမတတ်တဲ့ ကရင် မိသားစုက “ ကိုလှရွှေ အစိုးရဆီက တောင်းစားမနေနဲ့ ရှက်စရာ ကောင်းတယ်၊ ကျမတို့လင်မယား စာမတတ်ပေမတတ်လုပ်တာ တနှစ်ဝင်ငွေ ဒေါ်လာ (၇၀၀၀၀) ခုနှစ်သောင်း ကျော်တယ်လို့ပြောတော့ တော်တော်စိတ်ဝင်စားမိတယ်။ သူ့အကို ကျနော့်မိတ်ဆွေ ကရင်တော်လှန်ရေးက အရာရှိ၊ တိုက်ပွဲမှာ ကျသွားတယ်။ ကရင်တွေဆိုတော့ ပြောလိုက်ရင် ဒေ့။ ဟုတ်လည်း ဟုတ်တယ်။ သူတို့က ဒေါ်လာ (၁၅၀၀၀၀) တစ်သိန်းခွဲ ကျော်တန်တဲ့ အိမ်၊ ဒေါ်လာ (၄၀၀၀၀) လေးသောင်းလောက်တန်တဲ့ ကားကို စီးနေတာသတိတော့ ထားမိတယ်။ 

ဒုက္ခသည် စခန်းကလာပြီး ဆရာဝန်ဖြစ်နေတဲ့သူတွေလည်းရှိတယ်။ ပါမောက္ခ ဖြစ်နေတဲ့သူတွေ၊ လုပ်ငန်း ရှင်ဖြစ်နေတဲ့သူတွေ များမှများ။
အမေရိကားမှာ ကားဝယ်စီးတာ အထင်ကြီးမနေနဲ့ အကြွေး၊ အိမ်ဝယ်တာ အထင်ကြီးမနေနဲ့ အကြွေး ပြော တဲ့၏သူ တော်တော် များများ တွေ့ဖူးတယ်။ အဲဒီအကြွေးကိုချေးပေးတာ ဘဏ်တွေပါ။ ဘဏ်တွေက လူမြင် တိုင်း ဒေါ်လာသိန်းချီ၊ သောင်းချီ ချေးပေးတာမဟုတ်။ ကားဝယ်မယ်၊ အိမ်ဝယ်မယ်ဆို သူတို့ တောင်း တာ (pay check) လို့ခေါ်တဲ့ လာစာဝင်ငွေ၊ (Tax Return) လို့ခေါ်တဲ့ ဖက်ဒရယ် အစိုးရကို တနှစ်ဝင်ငွေ ဘယ်လောက် အခွန်ဆောင်ထားတဲ့ စာရွက်တွေကိုပဲတောင်းတာ။ ဒေါ်လာ တစ်သိန်း တန်၊ ဒေါ်လာ တစ်သန်းတန် မှာနေတဲ့၊ စာမတတ်တဲ့ မြန်မာပြည်က ဒုက္ခသည်တွေများမှများသား။ 

အမေရိကားမှာ ဓာတ်ဆီဆိုင် အသေးလေးတွေကို အိန္ဒိယတွေ ထိမ်းထားတယ်။ လက်သည်း အလှပြင် တဲ့လုပ်ငန်းကို ဗီယက်နာမ်တွေ ထိမ်းထားတယ်။ တနှစ်ဝင်ငွေ (၅) ဘီလီယံ လောက်ရှိတဲ့ ဆူရှီ လုပ်ငန်း ကြီးကို တို့ရွှေ ဒုက္ခသည်တွေ ထိမ်းထားတယ်။ တပတ်ကို ဒေါ်လာ (၂၀၀၀) လောက် ရောင်းရတဲ့ အသေးဆုံး ဆူရှီဆိုင်တခုရဲ့တနှစ်ဝင်ငွေက ဒေါ်လာ ( ၅၀၀၀၀) ငါးသောင်း နီးပါး ရှိတယ်။ အမေရိကားက ဘွဲ့ရ မန်နေဂျာတဦးနဲ့ သူမသာ ကိုယ်မသာ ဝင်ငွေပါ။ 

စာမတတ်တဲ့ဒုက္ခသည် သားသမီးတွေ ခုတော့ အမေရိကန်တွေတောင် အထင်ကရ သားသမီးတွေ၊ ထူးချွန်ထက်မြက်တဲ့သူတွေသာ တက်ခွင့်ရှိတဲ့ ဟားဗတ်၊ မန်ဆာချူးဆက်၊ ပရင်စတန်၊ ကိုလံ ဘီယာ၊ ယေးလ်၊ ဂျွန်ဟော့ပကင်း စတဲ့ တက္ကသိုလ်တွေမှာ ပညာသင်ယူနေတာ တွေ့ရတော့ ဝမ်းသာ ပိတိ ဖြစ်မိတယ်။
ဒုက္ခသည်တွေ စာမတတ်လို့ ဆူရှီလိပ်တယ်ပြောရင် အဲဒီ ဆူရှီ လုပ်ငန်းဆိုတာ အမေရိကားမှာ တနှစ် ဝင်ငွေ(၅) ဘီလီယံလောက်ရှိတဲ့ လုပ်ငန်းကြီးဆိုတာပဲ။
မြန်မာတွေ အချင်းချင်းဆူရှီလိပ်တယ်ပြောရင် အထင်သေး မျက်လုံးလေး ကလပ်လပ် ဖြစ်နေကြပေမယ့်၊ အမေရိကန်လူဖြူတွေက ဆူရှီဆိုတာနဲ့ နားရက်မရှိ၊ တနေ့ကို ၁၂ နာရီကျော်လုပ်တဲ့ ဇွဲကောင်းတဲ့ အာဂလူတွေလို့ မြင်တယ်။

လှရွှေ