သစ်ခက်သံလွင် ကဗျာစင်မြင့်၊ အောင်သန့်(တံတားဦး) ရဲ့ "မယားပါမြို့​လေး "

မယားပါမြို့​လေး
 
Pinterest
 

ရှမ်
းပြည်​နယ်​​တောင်​ပိုင်း
တောင်​​ပေါ်မြို့အားလုံးရဲ့ မုခ်​ဦးတံခါး
အညာသံပီပီနဲ့ သူ့တို့စကား
အမှန်
တရားအတွက်​ဆို
ဓား လှံ
တွေ မိုး ထား တဲ့ မြို့။

တောင်​​ပေါ် နဲ့ ​မြေပြန့်​ကို
နှလုံးသားနဲ့ တံတားထိုးပေးထားပြီး
ပင်
လယ်​​ရေမျက်​နှာပြင်​အထက်​ ​ပေ ၇၀၀ မှာ
နေပူ​လောင်​ခံ​နေရတဲ့မြို့။

အထင်
ကရ မင်းလှကန်​ကြီးကို ရင်​ဝယ်​ပိုက်​ရင်း
ရေမ​လုံ​လောက်​​နေတဲ့မြို့။
ရထားဥသြသံ
တွေကြားမှာ
အ
ဝေး​ရောက်​မြို့သား​တွေရဲ့ အိမ်​လွမ်းစိတ်​​တွေညံ​နေတဲ့
လမ်
းဆုံ ဘူတာမြို့။
အာဏာရှင်
စနစ်​မှာ သူပုန်​ကြီးဗိုလ်​စံဖဲရဲ့
တော်​လှန်​မှု​တွေနဲ့
သူရဲ
ကောင်း​သွေး​တွေ ​မွှေးမြ​နေခဲ့တဲ့မြို့။
လေဘာတီမမြရင်​ရဲ့
အနုသုခုမရနံ့
တွေ သင်းထုံ​နေတဲ့မြို့။

ဗိုလ်
ချုပ်​​အောင်​ဆန်းကို
အုန်
းထမင်း/ကြက်​သားဟင်းနဲ့ ဧည့်​ခံနိုင်​ခဲ့တဲ့မြို့။
တက္ကသိုလ်
ဘုန်းနိုင်​ရဲ့ ခံစားချက်​​​ဆေးစက်​​တွေ
စုပ်
ချက်​ခြယ်​ခဲ့ဖူးတဲ့ ​နွေကန္တာဦးမြို့။
နီရင်
့​ရင့်​ရဲ့ စာ​ပေအနုပညာ​တွေ
ရဲရဲ
တောက်​ခဲ့တဲ့မြို့။

တင်
ညွန့်​မြိုင်​(သာစည်​)ရဲ့ ကဗျာ​တွေကို
ကာရံညီ
အောင်​ ​နေရာထိုင်​ခင်းမ​ပေးနိုင်​​သေးတဲ့မြို့။
ပရဟိတအသင်
း​တွေများပြားလာသလို
ပရဟိတစိတ်
ဓာတ်​​တွေထွန်းကားလာဖို့
မေတ္တာတရားကို ပျိုးကြဲထားတဲ့မြို့။

အ.ထ.က
ကျောင်း​တော်​ကြီး နှစ်ကျောင်းနဲ့
အနာဂတ်
ပညာ​ရေးအတွက်​ ​မောင်းတင်​ထားတဲ့မြို့။
သမိုင်
းဝင်​​ရွေး​ကောက်​ပွဲမှာ ခွက်​ခွက်​လန်​​အောင်​ရှုံးဖူးလို့
ခွပ်
ဒေါင်း​သွေး​တွေ ပွက်​ပွက်​ညံ​အောင်
အလံထူထားတဲ့မြို့။

ဒီမြို့...
ကျွန်
တော့်​အတွက်​​တော့
ဆံထုံး
နောက်​ ​သျှောင်​ပါခဲ့ရပြီး
ချစ်
ခြင်​ဖွဲ့မိုး​ကောင်းကင်​မှာ
သံ
ယောဇဉ်​တိမ်​တိုက်​​တွေ အ​ခြေစိုက်
မိတဲ့မြို့။ ။

အောင်​သန့်​(တံတားဦး)

Comments