သစ်ခက်သံလွင် ကဗျာစင်မြင့်၊ အခရာ၊ ပိုင်(ဆေး-၁)၊ နွန်လတ် နှင့် မောင်ထိန်လင်း(မြို့သာ)တို့၏ ကဗျာများ

အပ်တွေဟာ အပ်တွေမဟုတ်ဘူး 
Blindfold Gallery
အပ်တွေ ... အပ်တွေ
ထင်ကြေးတွေထဲ
ပုံရိပ်ဖွဲ့ပြေးလိုက်လာကြတယ်။
ချွန်မြနေတဲ့ခြေဗလာတွေလို
အရေပြားထဲဖောက်တွယ်
ကင်းမြီးကောက်ဖြစ်သွားတဲ့ငါ
အရေခွံချွတ်ထွက်ပြေးခဲ့ရတယ်။

အပ်တွေနဲ့မဆံ့တော့တဲ့သံစဉ်တွေ
ငါ့လက်ထိပ်ကနေအန်ထွက်
အချိန်ဓားပေါ်မှာ
ခရီးထွက်ကြပြန်တယ်။
တစ်ရှူးလိပ်တွေပါလို့ အပ်တွေဆီ
သတင်းပို့ပြီးပြီးချင်း
မျက်လုံးဟာ ပူပေါင်းလို
ဆိုက်ရောက်ဘူတာ။

အပ်တွေကို ငါ့နာမည်အတိုင်း
စာလုံးဆက်ရေးလိုက်ချိန်
ငါ့ခန္ဓာမှာ သံလိုက်လို အပ်တွေ
တစီစီစိုက်ဝင်လို့ပေါ့။

အပ်တွေဟာ
အပ်တွေမဟုတ်တော့ဘူး။
ငါနဲ့အပ်တွေကြား ခြားနားချက်မရှိတော့ဘူး။
ငါ့ဘဝမှာရုပ်လုံးပေါ်လာတဲ့
ဆူးရောင်အကုသိုလ်အမြစ်တွေဖြစ်နေလေရဲ့။

အခရာ
  ...

ကြောင်

Mil personas con talento
လက်ပိုက်ကြည့်တော့
အမွှေးတွေက တဖွားဖွားထောင်ထလာတယ်။

ကြောင်ခြစ်ခြစ်ကြည့်တော့
ချာချာလည်
နေညိုရင် လေပြိုတတ်လို့
လက်သည်း ဝှက်ထားလိုက်တယ်။

စပွန်ဆာပေးမယ်ဆို
ပြောင်ပြောင်တင်းတင်း
အသွေးအရောင် ပြောင်းလိုက်ပြီးသားပဲ
မွေးရာပါ အရောင်ကို 
တပ်မက်မနေပါဘူး။

ရှူး တိုးတိုး
ကြောင်ကျကျဖို့
ဟန်ချက်ညှိ
သိသိကြီးနဲ့ဆန်းကြယ်ချင်တာ
ကြောင်မျိုး ကြောင်နွယ်ပီသဖို့
အမွှေးကြောင်
မျက်ပြူးကြောင်
ဆက်ကပ်ပွဲထဲ ပြူးကြောင်
ကွေ့ရင်းကောက်ရင်း
ကြောင်တောင်တောင်။ ။

ပိုင်(ဆေး-၁)
ကိုယ့်အရူးကိုယ်ပတ်

Two Coats of Paint
သူ့အရေးနဲ့ ငါ့အသားနဲ့
နေဝင်သွားတဲ့ နေ့များ

သူ့လယ်ပြင်မှာ ငါ့ကျားနဲ့ဆင်
လထွက်လာတဲ့ ညများ

ဒီလမ်းဒီခရီးအတွက် ဒီထီးပဲရှိတယ် ဆိုပါတော့
ဒီအတိုင်းရှေ့ကိုပဲဆက်
ထိုင်နေရင်းထိုင်းသွားတဲ့ နားတွေအတွက် နံရံ
ထိုနံရံကို ယခုဝင်မှန်သော အုတ်ခဲတခဲ
စိတ်ဖြေစရာ ခြေရာတွေ တဖြည်းဖြည်းဝေး၍ပျောက်ကွယ်

အန္တရာယ်တောထဲတိုးဝင်သွားမယ့် ခန္ဓာအတွက်
အန္တရာယ်ကင်းဂါထာတွေအလွတ်မရခဲ့တဲ့ေ
နာက်

သူ့အရူးဟာ သူ့အရူး
ကိုယ့်အရူးဟာ ကိုယ့်လာပတ်တာပါပဲ။ ။


နွန်လတ်
………

ချောင်းကြည့်နေတဲ့ မြစ်
Pinterest
 ဝေးဝေးကပဲ လွမ်းနေမယ်ဆိုပြီး
ကမ်းမရှိတဲ့ မြစ်က
ချစ်တတ်သူကြီးဘွဲ့ကို ခံယူနေတယ်။
သူ ကွယ်ကွယ်ဝှက်ဝှက် စီးဆင်း
ဂီယာထိန်းရင်း သင်ဖြူးခင်းရတော့မယ်။
ငယ်ရွယ်စဉ်က မိုးဦးကျတုန်းက
နှလုံးသားဒုန်းဆိုင်း
အချစ်မုန်တိုင်းကျ
ဘဝမှာ ပထမက အချစ်
ဒုတိယက အချစ်
ပြုသမျှတိုင်း အချစ်
မျက်စိထဲမှာ ချစ်စရာတွေချည့်။
အသည်းတခြမ်းနဲ့ လမ်းခွဲရတော့
ရေအကျမှာ
ရနိုင်သမျှ ယူခဲ့ပေမယ့်
ရွာအခြေမှာ သွေးတစ်စက် နှစ်စက်
မျက်ရည်အကွက်လိုက်ကျန်ရစ်
မြစ်ကိုမချစ်တဲ့ငါးတွေ ချန်ရစ်
ချစ်တတ်သူကြီးသာ အလွမ်းနာ အဆွေးဖျားနဲ့
ခပ်ကောကောကမ်းနှစ်ဖက်ကြား
တွားသွားနေရဲ့။
လွမ်းလို့ရှိရင်
မြင်နေရတဲ့ရွာကလေး
ခပ်ဝေးဝေးက ငေးကြည့်နေလိုက်တယ်။

မောင်ထိန်လင်း(မြို့သာ)

Comments