သစ်ခက်သံလွင် ကဗျာစင်မြင့်၊ တင်လတ်ကို၊ အာကာဦးနှင့် မင်းလွင်တို့၏ကဗျာများ

ကျနော်တို့ ကဗျာ
Pinterest
 ပိုက်ဆံမရှိလို့ 
ပိုက်ဆံရှာမရ။

ပိုက်ဆံရှာမရတော့
ညစ်တွန်းတွန်းကြ။

ညစ်တွန်းတွန်းတော့
ငါတို့ မှာ အနာတရ။

ဘာနဲ့စစ
ဒီမှာအဆုံးသတ်မြဲ။

ငါသိထားတာတော့
လူငယ်ဆိုတာ ခေတ်ကိုမညာရဘူး။ ။

တင်လတ်ကို
ကောက်ရိတ်သမား

Pinterest
ပွေ့ပိုက်ထားသမျှ
သူ မပိုင်ဘူး
အသွားထက်ထက်တံဇဉ်ဖျားမှာ
ကောက်ပင်တွေ တိမ်းပါးခဲ့ရ
ကျန်ခဲ့တဲ့ရိုးပြတ်တွေဟာ
ရိဆွေးနေတဲ့ဘဝတခုလို
မျှော်လင့်ချက်ကင်းခဲ့တယ်
ဒီနှစ်
ရင်ဘက်ထဲဝင်လာမယ့်
ဥသြသံကို
မခမ်းနားတဲ့ချွေးနည်းစာလေးနဲ့
စောင့်မျှော်နေပါ့မယ်။

အာကာဦး


ခရီး 
Pinterest

မေမြို့ သို့မဟုတ် ပြင်ဦးလွင် ဆို
ကိုယ်က မေမြို့

သိုးမွှေးဆွယ်တာနဲ့မြို့ဟာ
သူ့ငယ်ဘဝဓာတ်ပုံတွေကို
တပုံချင်း ဆုတ်ဖြဲလို့

အသွားတလမ်း အပြန်တလမ်း
အဆင်းနဲ့အတက် လွဲ (လွှဲ) တဲ့လမ်း
လန်းနေတဲ့ ပန်းတွေရဲ့လမ်း
မင်းက ပြင်ဦးလွင်ဆို
ကိုယ်က မေမြို့ပဲ။

မင်းလွင

Comments