သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ကဗျာရှည်- ခင်ဇော်မိုးရဲ့ "သမိုင်းအရေးကို လှလှပပ ဆေးခြယ်သနိုင်တဲ့ လက်များ "

သမိုင်းအရေးကို လှလှပပ ဆေးခြယ်သနိုင်တဲ့ လက်များ 
Abstract Art
(၁)

အတ္တတွေပူးကပ်​​နေတဲ့ ပါးစပ်​​တွေက
တကိုယ်
တော်​​ကောင်းစားမှုတွက်
အန်
ထုတ်လိုက်တဲ့ အတွေးတွေ
ပရမ်းပတာ မှောက်ချလိုက်တဲ့စကားတွေကြောင်
ကျေချင်ပဲကျေရ
သေချင်လည်း သေရတဲ့ ဘ၀တွေ
မြေပြင်မှာ ကျွန်တော်တို့မြင်လောက်မြင်ရတယ်
သမိုင်း
ဖတ်စာအုပ်ထဲကလို
မှတ်
လောက်လည်း မှတ်လိုက်တာရှိတယ်
ဖတ်လိုက်ရတဲ့ သတင်တွေ
မြင်
လိုက်ရတဲ့ မြင်ကွင်တွေ
မှတ်
လိုက်ရတဲ့ အပြုသဘောတွေ
လွန်
ခဲ့တဲ့နှစ်များစွာက
တချို့လူကြီးများရဲ့
အနှစ်
မပါတဲ့ ဗျည်တွေ
သတင်
းစာပေါ်က၊ တီဗွီဖန်သားပြင်​​ပေါ်က
မြင်ခဲ့ ဖတ်
ခဲ့ရတဲ့အကြောင်အရာများစွာ
ကျွန်တော်အားလုံးရဲ့ မှတ်
ဉာဏ်ထဲမှာ
သံမှိုအဆုံးထိရိုက်
ထည့်ထားသလိုပဲ
နှုတ်
မရခဲ့ဘူး
ဒါဟာ
ကျွန်တော်တို့အားလုံးဖတ်
ခဲ့ရတဲ့ သမိုင်းဘာသာရပ်တခု
ပြောင်းလဲဖို့ ပြောင်းလဲဖို့ဆိုပြီး
သေနတ်ပစ်​​နေတဲ့ ကြားမှာ
ဝါးမျိုခံရတဲ့ ပြည်
သူတွေသာ
များသထက်
များလာပြီး
သား
ပျောက်တဲ့အမေတွေ
မေပျောက်တဲ့သားတွေ
ငြိမ်းချမ်း
ရေးအစား အင်းအားများလာခဲ့

(၂)

ရှိတယ်
စစ်
အာဏာစကားအောက်မှာ
နင်
းပြားဖြစ်ခဲ့ရတဲ့ ပြည်သူတွေ
ရှိတယ်

တာဝန်
ဆိုတဲ့ အဝတ်တစ်စကိုဗန်းပြ
နံပါတ်
စဉ်တပ်တဲ့ တုတ်​​​တွေအောက်မှာ
မှောက်ခဲ့ရတဲ့ပြည်သူတွေ
ရှိတယ်

လူတစစုရဲ့ အဆန်
းအပြား
ဘီလူးကကွက်
တွေအောက်မှာ
ကျ
ပျောက်ခဲ့ရတဲ့ ပြည်သူတွေ
ရှိတယ်

ရမ္မက်
နေတဲ့ အကြည်တွေအောက်မှာ
ဗွက်ထသွားတဲ့ သွေးကွက်ကြီးတွေ
ရှိတယ်

လောဘတွေ အတောမသတ်နိုင်တဲ့
လူ
့ဗာလတစချို့ကြောင်
ရွာကိုပစ်
အိမ်ကိုစွန့်လို့
စစ်
ဘေးသင့်ခဲ့ရတဲ့ ဒုက္ခသည်ပြည်သူတွေ
ရှိတယ်

စာသင်
ခန်းကိုစွန့်လို့ ဒုက္ခသည်စခန်ရောက်​​နေရတဲ့
ကျောင်နေအရွယ် ကလေးငယ်​​တွေ
ရှိတယ်

မတရားမှုတွေ အချိန်အခါမဲ့ပေါက်​​နေတဲ့တောမှာ
အမှန်
တရားတွေ ချခင်းပြလို့
ပုဒ်
မတပ်ပြီး အချူပ်ခန်းထည်
စာမသင်
ရတဲ့ ကျောင်းသူကျောင်းသားတွေ
ရှ်
ိတယ်
ငြိမ်
းချမ်ရေးကို လောက်စာလုံးလုံးပြီး
အာဏာ
ရူး​​တွေ ပစ်ချင်တိုင်းပစ်ခဲ့ခြင်တွေ
ရှိခဲ့ကြတယ်
တချို့
တချို့
ရှိနေတုန်းပါပဲ
မရှိတာဆိုလို့ ပြည်သူတွေရဲ့ရယ်သံချိုချိုတွေသာ
မျိုးတုန်းပျောက်
ကွယ်​​နေခြင်တွေ
နိုင်ငံတော်အလံရှေ့မှာ
ဒါတို့ပြည်၊ ဒါတို့မြေ ဆိုပြီး
နိုင်ငံတော်သီချင်းကို
အလေးပြု သီဆိုနေတဲ့
ကလေးငယ်တွေကိုပဲ
အားနာနေမိတာပါ
ငြိမ်းချမ်းရေးဟာ ဖမ်းဆုပ်မရတဲ့
တိမ်စိုင်၊ မြူငွေ့တွေလို
ငြိမ်းချမ်းရေဟာ
ရုပ်မြင်သံကြားလည်း မထုတ်လွင့်နိုင်သေး
ငြိမ်းချမ်းရေးဟာ လိုင်းဆွဲအားမကောင်းတဲ့
ခပ်ဝါးဝါး ရေဒီယိုလွင့်သံ
အားစိုက်နားထောင်နေတဲ့
ပန်းချီဆရာလက်ထဲက စုတ်တံတွေဟာ
မြေမှာလူးလွန့်နေတယ်
ရေးလက်စ ကဗျာကိုရပ်
ခေါင်းငှဲ့နားထောင်အပြီးမှာ
ကဗျာဆရာဆီက စကားလုံးတွေဟာ
မွေးရာပါ အက်ကြောင်းတွေအထင်းသားနဲ့
ဒါပေမဲ့ ခေတ်ကိုအပြစ်မတင်ချင်ပါဘူး
အဲ့ဒီအဖြစ်
အပျက်​​တွေကို
အကွက်
ချဖန်​​ခဲ့ပြီး
ရမ္မက်
ထနေတဲ့ တချို့လူကြီးမင်းများဆိုတာကိုပဲ
အဆိုးရွားဆုံး မုန်
းပါတယ်
 
(၃)

ရှိခဲ့ကြတယ်
အတိတ်ဟာ ငယ်ချစ်ဦးလိုမို့
မေ့ဖို့ခက်တယ်
ရိဆွေးမသွားတဲ့
နှလုံးသားထဲမှာ သံမဏိတံဆိပ်တွေ
ခတ်နှိပ်ခံခဲ့ရ
ထောင်နဲ့ကျောပြင် ဘယ်သူနှောချင်​​ရောချင်ပါ့မလဲ
အငတ်
ငတ်အပြတ်ပြတ်နဲ့
ဟင်
းတစ်ခွက်အဖြစ် ထောင်ထဲကရွက်လှပင်ကို
ဘယ်
သူခူးချက်ချင်မလဲ
ယိမ်းယိုင်ချိနဲ့နေတဲ့ တိုင်းပြည်ကို
ဘဝနဲ့ရင်
းပြီး
ကျားကန်
ပေးခဲ့ကြသူတွေ
နိုင်
ငံ့အရေးတွက် သူတို့တတွေက
မိသားစု
တွေကိုလည်း မငဲ့ကွက်ခဲ့ကြဘူး
သူတို့တတွေဟာ
စင်စစ် နိုင်ငံ့အရေးကိုသာ
အလေးထားတဲ့
ပြည်ချစ်သား မျိုးချစ်များပေါ့
ညသန်ခေါင်ကျော် ထောင်တံခါးဖွင့်သံတွေကြားတိုင်
ဘယ်
သူအလှည့်ကျမလဲဆိုတဲ့အတွေးနဲ့
ခလုတ်
ဆွဲသံတွေကြားမှာ
သူတို့တ
တွေ
ရင်
တဒိန်းဒိန်းခုန်ခဲ့ကြဖူးသတဲ့
နာကျင်မှုတွေလိမ့်ဆင်းလာတိုင်း လက်သီးရိုင်တွေနဲ့
နံရံကိုသာ လက်
မှတ်ထိုးခဲ့ကြဖူးသတဲ့
အဲ့ဒီအဖြစ်
တွေကြားမှာ
ရင်
ကွဲနာကျသွားတဲ့
မေပေါင်းများစွာ
ဖရိုဖရဲနဲ့ ဘဝပျက်
သွားတဲ့
ဇနီးနဲ့သားသမီး
ပေါင်းများစွာ
ကျိုးပဲ့သွားတဲ့
မိသားစု
ပေါင်းများစွာ
ရှိခဲ့ကြတယ်

(၄)

တိုင်းပြည်ရဲ့သယံဇာတဟူသမျှနဲ့
သူတို့အတ္တတွေကို
ပထမ လူမသိသူမသိ
ထိမ်းမြှားလက်ထပ်လိုက်ကြ
ပြီးတော့...
ပြည်တန်ဆာလိုအသုံးချလိုက်ကြတယ်
ရိက္ခာအတွက်
သိက္ခာလည်းမငဲ့ကွက်နိုင်တဲ့
ဓားချက်
တွေကြောင့်
ကမ္ဘာ့အလယ်
မှာ
ကျွန်တော်တို့တတွေ
မျက်
နှာမပြရဲအောင် ရှက်ရပါတယ်
မြန်မာပြည်ဟာ
ဓားလှီးမုန့်လို မြင်ခံခဲ့ရတယ်
ဓားလှီးမုန့်လို ဖြစ်ခဲ့ရတယ်
ကျွန်တော်တို့ ဘယ်သူ့ကိုအပြစ်တင်ရပ
ဘယ်သူ့ကို နားကျည်းလိုက်ရပ
ဖဲ့ရောင်းစားရက်တဲ့
ခွက်ပျောက်သူတောင်းစားများကိုပဲ
ရင်ဘတ်ကြီးနင့်နေအောင် မုန်းမိပါတယ်
ကျွန်တော် ပြည်သူတယောက်ပါ
ဟိုးအစွန်အဖျားတွေက
နောင်မွန်ဆိုတာလည်း ချစ်ဖို့ကောင်းတယ်
ကော့သောင်းဆိုတာလည်း ချစ်ဖို့ကောင်းတယ်
မောင်တောမှာ အရေးအခင်းဖြစ်လည်
မိုင်
ယောင်းမှာ ဖြစ်သလို
ကျွန်တော်တို့တတွေ ခံစားနာကျင်
ရတယ်
ကျွန်တော်တို့စကားသံတွေ ဝဲချင်ဝ၀ဲမယ်

ကွဲချင်
ကွဲမယ်
ဒါ
ပေမဲ့ နှလုံးသားတွေဟာ တသွေးတသားတည်းဆိုတာ
ပင်
လုံက သက်​​သေ
ကျွန်တော်တို့အားလုံးရဲ့လက်တွေဟာ
သမိုင်းကို လှလှပပဆေးခြယ်သနိုင်တဲ့
လက်တွေ
အတိတ်​​ဆိုတာ
ပစ္စုန်
ပ္ပန်ရဲ့သားချင်
ကောင်းခြင်း ဆိုးခြင်းမှန်သမျှဟာ
မြစ်
ချောင်တွေလို တိမ်​​ကောမသွားဘူး
ခြေရာကောက်လို့ရတယ်
ဒါကြောင့်မို့
ဒီနေ့ဟာ မနက်ဖြန်ရဲ့ကောင်သောသမိုင်းအတိတ်ဖြစ်ဖို့ဆိုရင်
ကျွန်တော်တို့တတွေ ပစ္စုန်
ပ္ပန်ကို
လှလှပပ ခင်
းကျင်းကြရလိမ့်မယ်
ရှေ့ရပ်ဝန်းမှာလည်
ရွှေအိုရောင်အဆင်တွေ လင်းသထက်လင်းလို့
ပြည်
သူတွေဆီ ခင်းကျင်ပေးနေပြီး
ငြိမ်
းချမ်ရေး ချိုးကူသံတွေလည်း ကြားရပြီ
အတိတ်က အရိပ်မည်တွေထင်ဟပ်​​နေတဲ့
ကျွန်တော်တို့ပြည်တွင်းက
အာဏာစက်
အဆိပ်ပင်​​တွေနဲ့
အမျိုးအမည်
မသိတဲ့ ပေါင်းပင်ဟူသမျှကိုလည်
ဆက်
လက်ပြန့်ပွားခြင်းမရှိအောင်
ကျွန်တော်တို့တတွေ
တက်
ညီလက်ညီ ရိမ်းသိမ်းကြဖို့ပဲလိုတယ်။  ။

ခင်ဇော်မိုး

Comments