မြို့တမြို့ရဲ့
ကျဆုံးခန်း
Imagekind |
ဒီလိုနဲ့
ထရိုဂျန်မြင်းဟာ
မြို့ထဲကို ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာခဲ့
ထင်မှတ်မထားမိခဲ့လေတော့
ငါတို့တွေ
အလဲလဲအကွဲကွဲ အတုံးအရုံးပဲ။
မြို့ထဲက လူတချို့လည်း
လွတ်မြောက်လို လွတ်မြောက်ငြား
ထရိုဂျန်မြင်းအောက်ကို ဝင်သွားတယ်။
တမြို့လုံးကို
မီးခိုးမှိုင်းတွေ တိုက်ထားတော့
ငါတို့တွေ
ရန်သူမိတ်ဆွေ မခွဲခြားနိုင်ကြတော့ဘူး။
အချင်းချင်းတွေ
ပြန်ခုတ်မိ
တချို့တွေလည်း
သွေးရူးသွေးတမ်းနဲ့မို့
အော်ဟစ်သတိပေးတာတောင်မရ။
ငါတို့ ဓားတွေ
တရမ်းရမ်းလုပ်နေတာဟာ
မြို့ကို ကာကွယ်ဖို့လား
ကိုယ့်ကိုယ်ကိုယ်
ကာကွယ်ဖို့လား
စဉ်းစားဖို့ အချိန်မရှိဘူး။
ဘာပဲဖြစ်ဖြစ်
မြို့ကတော့ ပျက်ပြီ
မြို့ပျက်ကြီးထဲ
ဘယ်သူမှ
ဂုဏ်သိက္ခာနဲ့အတူ
အသက်ရှင်ခွင့်မရှိတော့ဘူး။
နရီမင်း
၁၅- ၁၁- ၂၀၁၆
…
မှောင်ရိပ်ထဲမှာရှိနေမယ်လို့ယူဆပြီး
အရိပ်လေးလို
လိုက်ပါလာရတဲ့တစ္ဆေတကောင်ရဲ့
အတင့်ရဲမှုမျိုးပါ
နှလုံးသားထဲ
ခလုတ်တခုထဲပဲ နှိပ်လိုက်ရင်
လူမိသွားမလား
ညက
အဖြူထည် လေးဝတ်ပြီးသွားလာနေ
ချောင်းကြည့်ကြယ်တွေက
တညလုံးလိုလို
ဆုတောင်းမပြည့်တပြည့်
ထပ်မံဆုတောင်း ရရုံပဲ
လူတွေ
မီးထွန်းထားကြတဲ့ မြို့ကြီးထဲ
ဆူညံနေတာပဲ
ပျော်ရုံပဲ တင်ဆက်ကပြရမှာပါ
စိတ်ကူး အိမ်ထဲမှာ အရေးတကြီး ဖွဲ့တယ်
ယနေ့
လမင်းလေးအကြောင်းသိပ်ပြောဖြစ်တာပါ
အိမ်တွင်းပုန်းနေတတ်ပြီး
မကြာခဏ ရန်တွေ့ရလေ့ရှိတယ်
မကြာခဏ ရောက်လာလေ့ရှိပါတယ် ....
မင်းချောမြင့်
…
ရှုခင်း
စကားဦး သမ်းမထားရင်
ပန်းကလေး နွမ်းနေရှာရော့မယ်
ခြံစည်းရိုးမှာ
ကြက်ဟင်းခါးသီးတွေ သီးနေတယ် ။
အဓိပ္ပာယ်မူရင်းက
သီချင်းထဲ
မြင်းခွာရွက်တွေ ရောစွက်လို့။
တကွက်ချင်း
ကောက်သင်းကောက်သလို
ငါလိုက်ကောက်မိတဲ့
အရိပ်ရဲ့ပုံသဏ္ဌာန်အမျိုးမျိုးပဲ။
ထမင်းဝိုင်းကို
အင်ဖက်တွေနဲ့ ခုခင်းထားတယ်
ခါးပတ်ထဲက
သစ်စေးမည်းမည်းတွေ ထွက်ကျလာတယ်။
မွန်းတည့်နေဟာ
စိတ်ကို ပိုပြီးယားယံစေခဲ့။ ။
ဝေယု
Comments
Post a Comment