သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မင်းလွင်၊ တေဇလင်း-နည်းပညာတက္ကသိုလ် နှင့် သျှင်မျိုးငယ်တို့၏ ကဗျာများ

မိုဘိုင်းလ်ဖုန်း
www.pinterest.com
ကိုယ့်ကိုကိုယ် ဆက်သွယ်ဖို့ဆိုတဲ့
ဆင်ခြေနဲ့ ရောက်လာပြီး

တချို့ရဲ့ဘောင်းဘီိအိတ်ထဲ
ထိုးထိုးထောင်ထောင်နဲ့ ဒုတိယလိင်အင်္ဂါလို
ဆီလီကွန် ရင်သားလို
တချို့ရင်ဘတ်မှာ လှုပ်တုပ်လှုပ်တုပ်
တချို့က ကောင်းဘွိုင်တွေလို ခါးမှာချိတ်

ဟော်မုန်းဆေးထိုးသလို အင်တာနက် ချိတ်လိုက်တဲ့အခါ

သာရေးနာရေး ရွာဆော်ကြီးအဖြစ်
လွှတ်တော်ထဲက ထိုင်ခုံတလုံးအဖြစ်
စံနက်တံ တချောင်းအဖြစ်
တကိုယ်ရေဖျော်ဖြေမှု အကူပစ္စည်းအဖြစ်
သွားယာဉ်တစင်းအဖြစ်
မီးလောင်ရာပင့်တဲ့ လေအဖြစ်
အသုံးတော်ခံနိုင်ပြီး ထို့ပြင်တဝ

ဖုန်း/ လူ/ မျိုးရေး။ ဖုန်း လိင်ခွဲရေးကိစ္စ
ဒေါသထွက်နေတဲ့ လူအုပ်လက်ထဲက ဖုန်းတွေ
ငတ်မွတ်နေတဲ့ ကလေးငယ်ရဲ့ပန်ကန်ထဲက ဖုန်း
ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ဖုန်

ကိုယ်နဲ့မကွာဆောင်ထား ချိန်ကိုက်ဗုံးတလုံးလို
မာရ်နတ်ရဲ့ဖုန်းထဲ အားလုံးရဲ့အီးမေးလ်လိပ်စာ
ဖေ့စ်ဘွတ်နဲ့ဂူဂဲလ်အကောင့်တွေရှိကြောင်း စနိုဒန် ဖွင့်ချ

လွှင့်ပစ်ချင်တိုင်း ပစ်လို့မရတဲ့
ပန်ဒိုရာသေတ္တာထဲက နောက်ဆုံး လက်ဆောင်။

မင်းလွင်
ဖြစ်စဉ်များ
artistsinspireartists.com
 ပြုတ်ကျကျန်ရစ်ခဲ့တဲ့အရိပ်တွေပြီးနောက်
ခေါင်းတွေရောကိုယ်တွေပါပါမလာကြတော့ဘူး
ဖြစ်စဉ်ဟာ
သွေးရိုးသားရိုးသဘာဝဇီဝကမ္မပဲ
ယုံကြည်သူတွေလက်စုံမိုးပြီး
မယုံကြည်သူတွေတုတ်ခုန်တိုးနေတဲ့ဇာတ်ရိုးပဲ
အိပ်မက်ဆိုးတွေထဲကမိုးမလင်းသူများဟာ
ကိုယ့်တရားကိုယ်ပြန်နာရင်းမိုးစင်စင်လင်းဆဲပဲ
အထက်ပါဖြစ်စဉ်များအောက်ပါဖြစ်စဉ်များ
ပြီးတော့လည်းပြီးသွားဆဲပါပဲ
နေရဲမှသေခဲတဲ့ခေတ်သစ်စနစ်သစ်ဟာ
ဖြစ်စဉ်တခုလုံးအတွက်မျက်နှာစာဖြစ်လာ
ကမ္ဘာပေါ်မှာသမိုင်းဆိုတာ
ဖြစ်စဉ်များစွာရဲ့ဥပမာ
ဒီဖြစ်စဉ်များမှာ
ခေါင်းနဲ့ကိုယ်မပါကြတာကလွဲရင်
ပြီးတော့လည်းပြီးသွားတာတွေကလွဲရင်
နေရဲသေခဲလှတာကလွဲရင်
ကြောက်စရာကောင်းလာတာတွေကလွဲရင်
ကြောက်စရာမကောင်းတော့တာလည်းဖြစ်စဉ်။ ။

တေဇလင်း နည်းပညာတက္ကသိုလ်
ပြတင်းပေါက်ကို ဆွဲဖွင့်လိုက်တဲ့အခါ 
www.pinterest.comm
 ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို မြိုချပစ်လိုက်မိတယ်
အသက်ရှူ သံတွေပြာကျသွားတဲ့အချိန်အထိ
ပြတင်းပေါက်ဟာ ပြတင်းတံခါးချပ်တွေကို ဆုပ်ကိုင်လို့
ဘာလာရှာပါသလဲ မိတ်ဆွေ
အမှန်တရားလား အဲဒီပြတင်းပေါက်ကိုဆွဲဖွင့်လိုက်ပါ...
ပြတင်းပေါက်ကို ဆွဲဖွင့်လိုက်တဲ့အခါ ပြတင်းတံခါးချပ်များ
ပြတင်းတံခါးချပ်တွေကို ဆွဲဖွင့်လိုက်တဲ့အခါ မှန်တံခါးချပ်များ
မှန်တံခါးချပ်တွေကို ဆွဲဖွင့်လိုက်တဲ့အခါ ကြည်လင်မှုများ
ကြည်လင်မှုတွေကို ဆွဲဖွင့်လိုက်တဲ့အခါ လေပြေညင်းများ
လေပြေညင်းတွေကို ဆွဲဖွင့်လိုက်တဲ့အခါ အလင်းစက်များ
အလင်းစက်တွေကို ဆွဲဖွင့်လိုက်တဲ့အခါ အလင်းပြန်နိယာမများ
အလင်းပြန်နိယာမတွေကို ဆွဲဖွင့်လိုက်တဲ့အခါ ပုံရိပ်များ
ပုံရိပ်တွေကိုဆွဲဖွင့်လိုက်တဲ့အခါ လူတယောက်ကို တွေ့လိုက်တယ်....
လူတယောက်ရဲ့ ရင်ဘတ်ကို ဆွဲဖွင့်လိုက်တဲ့အခါ
ခမ်းနားထည်ဝါမှုတွေက ဗလာ
ရိုးသားမှုတစ်နဲ့ အမှန်တရားတွေသာ 
သူ့နှလုံးသားမှာ အမြစ်တွယ်နေခဲ့တယ်
သူဟာ ကဗျာဆရာတယောက်ဖြစ်တယ်။  ။
                                         
သျှင်မျိုးငယ်

Comments