သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မောင်သင်းမိုး ရဲ့ "ကြွက်"

ကြွက်
 
google


ကြွက်တကောင်
နားရွက်ထောင်ပြီး နားစွင့်နေတယ်
ကြွက်ရဲ့သမိုင်းက အကြီးကြီး
ပလိပ်ရောဂါနဲ့လူသားမျိုးဆက်ကို
လုပ်ကြံဖို့ ကြိုးပမ်းခဲ့တယ်
ကြွက်ဟာ စန္ဒယားပေါ် ဖြတ်ပြေးသွားတယ်
ကြိုးတန်းပေါ်မှာာ ကျွမ်းဘားကစားသေး။

ခြင်္သေ့ဖမ်းမယ် ကျားဖမ်းမယ်လား
ခြင်္သေ့ကိုကြွက်က နိုင်ခဲ့ဖူးတယ်
ခုပြောနေတာ ထင်းရှူးပုံထက် ကြွက်တကောင်
ဗြောင်းဆန်နေတဲ့အကြာင်းရယ်ပါ
အုတ်ရိုးပေါက်အောင် သူပြေးထွက်သွားတယ်

ကြွက်တွင်းထဲကိုရေလောင်းထည့်တော့
ကြွက်ဟာ ဗျူတီပါလာထဲမှာ ရေချိုးခေါင်းလျှော်
အေးအေးဆေးဆေး
ကြွက်ဟာ မဲမဲလုံးလုံးနဲ့ထွက်လာတယ်
ခြေမက ခြေသည်းကို ကိုက်တယ်
ကြွက်ရဲ့အလုပ်ဟာ သိပ်ရှုပ်တယ်
ပြေးလမ်း၊ ခြေရာ၊ စည်းမျဉ်း
ကြွက်ဟာ တခါတလေ ရေကူးနေတယ်

ထူးထူးခြားခြား
သူ့သွားတွေ ပြောင်လက်နေတယ်
တကမ္ဘာလုံးကိုချီမဖို့
လုံးပန်းနေသလို
သူ့မျက်လုံးတွေထဲ
ကြယ်ပွင့်တွေထိုးသိပ်ထား

ဒါပေမဲ့
ကြွက်ထောင်ချောက်ကိုတော့
ကြွက်ဟာ
မရိပ်မိဘူး


မောင်သင်းမိုး

Comments