သစ်ခက်သံလွင် ကဗျာစင်မြင့်၊ အောင်ခိုင်မြတ် " အောင်ခိုင်မြတ်နဲ့ ဝေးခဲ့ပြီးနောက်"



အောင်ခိုင်မြတ်နဲ့ ဝေးခဲ့ပြီးနောက်
 
Pinterest
ရှင်နေတာထက် သေနေတာများလား
စကားပြောနေတာထက် ဆွံ့အ နေတာများလား
အိပ်ပျော်နေတာထက် အိပ်မက် မက်နေတာများလား
ပျော်ရွှင်နေတာထက်
ရင်မောနေတာများလား
အချစ်ခံရတာထက် အပစ်ခံနေရတာများလား
ကိုယ်တယောက်တည်းတောင်
ကိုယ်တယောက်တည်းလည်းမရှိတော့သလို
ကျောခိုင်းသွားသူကို
ပြန်ကျောပေးခဲ့ပြီးနောက်
ပျောက်ဆုံးခြင်းတွေပဲ
ကိုယ်ထင်လာပြခဲ့ပြီးနောက်
တစစီ တဖဲ့စီ
နေ့စဉ်ရက်ဆက်
နေ့စဉ်ရက်စက်ခံရပြီးနောက်
နောက်ထပ်အောင်ခိုင်မြတ်တွေ
အထပ်ထပ် ရောက်မလာပါနဲ့တော့
ငါ့ဆီကို။


အောင်ခိုင်မြတ်

Comments