သစ်ခက်သံလွင် ကဗျာစင်မြင့် ၂၊ ရတုသစ်၊ လင်းမြတ်အိမ် နှင့် ဆောင်းယွန်းလတို့၏ ကဗျာများ

စာကလေးနဲ့ တွေ့တုန်းက မိုးတွေရွာနေတယ်
highlike
 ငါ ရေချိုးနေခိုက်
စာကလေးတကောင် ရေကန်ထဲပြုတ်ကျလာ
ငါ ဆယ်ယူပေးမိ
ရေလွတ်ရာနေရာမှာ တင်ထားပေးမိ
စာကလေးရဲ့မိဘတွေ မသိရှာကြပါ ။
စာကလေးပါးစပ်က ဟစိ ဟစိ
စာကလေးရဲ့အသံ နာနေမလား
စာကလေးဟာ
မောပန်းစွာ အသက်ရှူနေတာ ငါမြင်ရ။
ငါ ရေချိုးအပြီး
စာကလေးကို ပြန်ကြည့်မိ
စာကလေး အသက်မရှိတော့
စာကလေး မလှုပ်ရှားတော့
ငါ ဝမ်းနည်းမိ
ငါ့ကိုယ်ငါ အပြစ်တင်မိ
ဒီလောက်အသေးအဖွဲကလေးမှာတောင် ငါ အဖြစ်မရှိ ။
ပိုဆိုးတာတခုက
စာကလေးရဲ့ဈာပန ငါ ကျင်းပမပေးနိုင်
စာကလေးရဲ့နောက်ဆုံးစကား ငါ မကြားခဲ့နိုင်
မိုးတွေ ဖြိုင်ဖြိုင်ရွာတယ် ဒီမနက်မှာ ။

ရတုသစ်
စစ်(၄)
kantaletas - WordPress.com
ဘေးနားမှာကျည်ဆံ
ပခုံးပေါ်က လွယ်အိတ်တလုံးနဲ့
စစ်က
စစ်ချလိုက်တဲ့အခါ
မြေပြင်တွေ ကျေမွလို့
ဒဏ်ရာတွေအထင်းသား
လက်ဖဝါးတွေ ပန်းမပွင့်တော့
စစ်က
စစ်ချလိုက်တယ်
အသက်အသက်ပေါင်းများစွာ
စစ်က
စစ်ချလိုက်တယ်
စစ်ပွဲတွေရပ်မလားလို့ ။   ။

လင်းမြတ်အိမ်
စည်း
David Zwirner
 ညတွေက
ညဖြစ်ရကျိုးနပ်ဖို့
အမှောင်ကို လိုလားတပ်မက်တယ်။

ကျနော်ကတော့
လူဖြစ်ရကျိုးနပ်ဖို့အတွက်
အလင်းရောင်ကို လိုလားတပ်မက်ခဲ့တယ်။

သူ့လိုဘနဲ့ ကိုယ့်ဆန္ဒ ညှိကြရင်း
ညတွေနဲ့ ကျနော့်ကြားမှာ
ဖယောင်းတိုင်မီးတောက်တွေက
စည်းအဖြစ်ခြားသွားတယ်။

ဆောင်းယွန်းလ
နိုဝင်ဘာလ ၆ရက်၊ ၂၀၁၆

Comments