တံတားကြီးတစင်းတည်း
သူ့ခမျာငေါင်းစင်းစင်းနဲ့ ပျင်းနေရှာပေါ့။
လှိုင်းတွေကကြက်ခွပ်ဖို့ငြင်း
ကိုင်းတွေကရင်ချင်းပွတ်ဖို့ငြင်း
ကြားနေကျသီချင်းတွေ
နိုဝင်ဘာနှင်းလိုမဝေတော့လို့များလား
အင်းထဲကငါးတွေလည်း
ဟောဒီ မယ်ဇယ်ပင်စည်ကြီးမှာ
အတွဲလိုက်အခိုင်လိုက်သီးလို့
ခူးသူမဲ့
ဒီလိုနဲ့ မယ်ဇယ်ပင်ရိပ်မဆိတ်သုဉ်းခင်
ငါ့ကိုယ်ငါနှင်ပစ်လိုက်ရတယ်။ ။
မောင်စိမ်းသစ်
(လူထုဒေါ်အမာ၏တခုသောမွေးနေ့သို့)
…
ကဗျာထဲကအမေ
Artist Laurie Justus Pace |
အမေဟာ
ကဗျာထဲမယ်
ဘယ်တော့မှမသေ
မင်းသုဝဏ်အမေ
တင်မိုးအမေ
ကဗျာတွေထဲမှာရှင်သန်နေ
ဒါကြောင့်မို့လို့
ငါတို့ကဗျာဆရာတွေ
အမေကဗျာတွေရေးနေကြတယ်လေ။ ။
မောင်စိမ်းသစ်
(ကျေးဇူးရှင်မိခင်ကြီးဒေါ်လှကြိုင်သို့)
….
မီးမီးပြုံးပြပါ
ဖေဖေကြီးရေဖုန်းချကာ
မီးမီးပြုံးပြပါ။
မေမေကြီးရေဖုန်းချကာ
မီးမီးပြုံးပြပါ။
ကိုကိုမမဖုန်းချကာ
မီးမီးပြုံးပြပါ။
မပြုံးမပြုံးအားလုံးမပြုံး
ခေါင်းတွေငုံ့ကာဘယ်သူမှမပြုံး
မီးမီးဖုန်းကိုမုန်း။ ။
မောင်စိမ်းသစ်
…
အဆစ်
Encircle the World - WordPress.com |
မိုးကောင်းကင်ကြီးကိုဝယ်တဲ့အခါမယ်
တလက်လက်ကြယ်တွေကို
အဆစ်ရလာခဲ့သလိုမျိုးပ
ဘဝတခုကို
ဘုမသိဘမသိ
အလကားမတ်တင်းနဲ့ဝယ်လိုက်မိပြီးမှ
သံသရာဆိုတာကြီးကိုအဆစ်ရ။
။
မောင်စိမ်းသစ်
…
နေ့စဉ်ဝတ်တက်မပျက်
လက်အုပ်ချီရှိခိုးနေတဲ့
ညောင်ရွက်စိမ်းစိမ်းတွေရယ်
ဆည်းလည်းတွေကိုခေါင်းလောင်းထိုးလို့
တိုးတိုးလေးအမျှဝေနေတဲ့
လေညင်းကလေးတွေရယ်
သင်တို့ရဲ့ကံတရားကအားကျဖွယ်
ရှေးဘဝအဆက်ဆက်က
ဘယ်လိုကုသိုလ်ရေစက်တွေ
ချခဲ့ကြလို့လေလဲကွယ်။
။
မောင်စိမ်းသစ်
….
မဆိုနိုင်သေးတဲ့သီချင်း
ပီကာဆိုချိုးငှက်ဖြူဖြူများ
ပျံသန်းလေပေါ့မြေကမ္ဘာအနှံ့အပြား
အက်ရှင်မြို့ပြဝပြောစည်ကား
ကျေးလက်အစိမ်းအေးငြိမ်းသွား။ ။
မောင်စိမ်းသစ်
Comments
Post a Comment