သစ်ခက်သံလွင်၊ ဘဝဖြတ်သန်းမှုမှတ်တမ်းများ၊ စိုးလွင်(၂၁၁)(ဝမ်ခ) ရဲ့ ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ-၈၈ (ဓား ဓားချင်း လှံ လှံချင်းယှဉ်မယ်ဆိုလို့-၁)
ကြမ်းကြမ်းတမ်းတမ်း ဘ၀လမ်းများ-၈၈..
၁၉၈၈ -ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်အာဏရှင်စနစ် အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်လှန်ရေးခရီးလမ်းတလျှောက် ကျနော်ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများ ကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်းများအား အမှတ်ရဂုဏ်ပြုခြင်းအဖြစ်သော်လည်းကောင်း၊ နောင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ်မျိုးဆက်သစ်များ သိရှိလေ့လာနိုင်ရန်အတွက်သော်လည်းကောင်း..သစ်ခက်သံလွင်အွန်လိုင်းမှ တဆင့် ရေးသားတင်ဆက်လိုက်ပါသည်။
(၂၁၁) (၀မ်ခ)
ဒီဇိုင်းမိုးမခ |
ဓား ဓားချင်း …လှံ လှံချင်း ယှဉ်မယ်ဆိုလို့
၁၉၈၈ မှာ ကျနော်တို့သူငယ်ချင်းတစု
တောခိုဖြစ်ပုံလေး မရေးခင် ကျနော်နိုင်ငံရေးနဲ့ နီးစပ်ပုံ စိတ်ဝင်စားပုံကို
အရင်ရေးပါရစေ။
၁၉၈၁ မှာ ကျနော်
ဆယ်တန်းအောင်တော့ သိပ္ပံသချာင်္တွဲနဲ့ မော်လမြိုင်ဒေသကောလိပ်(ရွှေတောင်ရပ်)
မှာ ကျောင်းတက်ရတယ်။
တရက်
July လ ၆ ရက်နေ့
ညနေဘက်ကျောင်းလွှတ်တော့
ကျောင်းဝမှာ
ရှိတဲ့ ကြေညာဘုတ်မှာ "မနက်ဖန်
7 July မမေ့နဲ့"
လို့ရေးထားတာ
တွေ့လိုက်ရတယ်။ ဘယ်ကျောင်း သားရေးသွားမှန်းလည်း မသိဘူး၊ ကျနော် စဉ်းစားပြီပေါ့။
ဒီနေ့က 6 July..မနက်ဖန်က
7 July..အေးလေး မှန်တာပေါ့။ အဲတာကို အထွေအထူးလုပ်ပြီး ရေးစရာ
လားလို့ တွေးမိခဲ့တယ်။ (ရေးတဲ့သူက 1962 ခုနှစ် 7 July နေ့မှာ ကျောင်းသားသမဂ္ဂကို ဗုံးခွဲခဲ့တာကို မမေ့ဖို့ရေးခဲ့တာ။ ဒါကို နိုင်ငံရေး ဘာမှနားမလည်တဲ့ကျနော် တောခိုပြီးမှပဲ သိတော့တယ်)
ကျောင်းပြီးတော့ ဘားအံ မြိုင်ကလေး ဘိလပ်မြေစက်ရုံ ဘဏ္ဍာရေးဌာနမှာ အလုပ်သွားလုပ်တယ်။ရတဲ့လခလေးနဲ့ လောက်ငှအောင်သုံးနေရတဲ့အပြင် အရက်ကလေးပါသောက်တတ်တော့ မိဘကိုထောက်ပံ့ဖို့ မပြောနဲ့ အိမ်က ပြန်မတောင်းမိအောင်တောင် မနည်းကြိုးစားနေရတယ်။
ဒီလိုနဲ့ ပေပေတေတေနေရင်း ၁၉၈၈ အရေးအခင်းကြီး ဖြစ်လာရောပေါ့ဗျာ။
ကျောင်းပြီးတော့ ဘားအံ မြိုင်ကလေး ဘိလပ်မြေစက်ရုံ ဘဏ္ဍာရေးဌာနမှာ အလုပ်သွားလုပ်တယ်။ရတဲ့လခလေးနဲ့ လောက်ငှအောင်သုံးနေရတဲ့အပြင် အရက်ကလေးပါသောက်တတ်တော့ မိဘကိုထောက်ပံ့ဖို့ မပြောနဲ့ အိမ်က ပြန်မတောင်းမိအောင်တောင် မနည်းကြိုးစားနေရတယ်။
ဒီလိုနဲ့ ပေပေတေတေနေရင်း ၁၉၈၈ အရေးအခင်းကြီး ဖြစ်လာရောပေါ့ဗျာ။
ကျနော်တို့လည်း
ညဆိုရင်
အိမ်ဘေးလက်ဖက်ရည်ဆိုင်ကဖွင့်တဲ့ ဘီဘီစီတို့ ဗွီအိုအေ တို့ကသတင်းတွေ နားထောင်ပေါ့။
လုံထိန်းတွေကပစ်လို့ စစ်တပ်ကပစ်လို့
ပြည်သူတွေသေကြေ
ဒဏ်ရာရတယ်လို့ သတင်းကြားရင် ဒေါသတွေဖြစ်ကြပေါ့။
ဒီလိုနဲ့နေကြရင်း တရက်ညဘက်
သတင်းနားထောင်နေချိန်မှာ ကျနော်တို့အိမ်နဲ့ တအိမ်ကျော်မှာနေတဲ့
G.T.I ကျောင်းဆင်း ၃ ယောက် ကျနော်တို့ဆီရောက်လာတယ်။
သူတို့ပြောပြလို့
သူတို့
၃ ယောက် အရက်ဆိုင်မှာ
အရက်သောက်နေတုန်း တဖက်ဝိုင်းမှာသောက်နေတဲ့
လုံထိန်း
၆ ယောက်လောက်က ရန်စထိုးလွှတ်လိုက်ကြောင်း
သိရတယ်။
သတင်းနားထောင်နေရင်း လုံထိန်းတွေကို
မကြေမနပ်ဖြစ်နေတဲ့ ကျနော်တို့တွေ ပေါက်ကွဲပြီပေါ့။
ကျနော်တို့တွေလည်း လက်ဖက်ရည်ဆိုင်ထဲကထွက်လာပြီး ကျနော်တို့အိမ်ရှေ့မှာ စုလိုက်ကြတယ်။ ပြဿနာရဲ့အသေးစိတ်ကို မေးမြန်းနေတုန်းမှာပဲ
အိမ်ပေါ်ကိုတက်သွားတဲ့ ကိုသန်းစိုး(ခ)ကိုဘိန်းက ပြန်ရောက်လာပြီး ယူလာတဲ့ ဓားတွေကို တယောက်တချောင်းလိုက်ဝေတယ်။ အမှုကြီးမှာစိုးလို့ ကျနော်လည်း ကိုဘိန်းကိုတားပြီး ဓားတွေ လိုက်ပြန်သိမ်းရတယ်။ ဒါနဲ့ ကိုဘိန်းလည်း နောက်တခေါက် အိမ်ပေါ်ပြန်တက်
အရက်ပုလင်းလွတ်တွေယူချလာပြီး တယောက်တလုံးလိုက်ဝေပြန်တယ်။
(ကျနော်တို့အိမ်ကလည်း အရက် သောက်သလားမမေးနဲ့၊
ပုလင်းတွေ များလွန်းလို့
အရက်ပုန်းဆိုင်ကတောင် ပုလင်းနဲ့အရက် အလဲအလှယ်လုပ်ဖို့
လာညှိရတဲ့အထိ)။ ဓားထက်စာရင် ပုလင်းတော့
မဆိုးလှ ဘူးဆိုပြီး ကျနော်လည်း တလုံးယူထားလိုက်ပြီး ခါးမှာထိုးထား လိုက်တယ်။ ပြဿနာကို မကြီးထွားစေ ချင်လို့ (ကျနော်က
လစာထုတ်ဖို့
တလတခါ ဘဏ်ကိုသွားနေရတော့ လုံခြုံရေးလိုက်ရတဲ့ လုံထိန်းတော်တော်များများနဲ့ ကျနော်က
သိနေတယ်)။ ကျနော်နဲ့အတူအဖော်အဖြစ်
မောင်မောင်(R.I.T)ကိုခေါ်ပြီး အရက်ဆိုင်ရှိရာကိုနှစ်ယောက်သာ အရင်ဆုံးထွက်လာခဲ့လိုက်တယ်။
အရက်ဆိုင်မရောက်ခင်
ညောင်ပင်တပင်အောက်မှာ အငြင်းအခုံဖြစ်နေကြတဲ့ လုံထိန်း ၆ ယောက်လောက်ကိုတွေ့လိုက်ချိန်မှာပဲ
သူတို့ထဲကတယောက်က ထွက်လာပြီး" အကို ဘဏ္ဍာရေးက မဟုတ်လား" လို့မေးလာလို့..ဟုတ်တယ်ဆိုတဲ့အကြောင်း ဖြေပြီး
ဘယ်လိုပြဿနာဖြစ်ရလဲဆိုတာ မေးနေမိတယ်။
ဒီအချိန်မှာပဲ အနောက်ကလိုက်လာတဲ့
ကျနော်တို့အုပ်စုထဲက ကိုဘိန်းက.."ဟေ့ကောင်တွေ မင်းတို့က ဘာကောင်တွေလဲ"လို့ လုံထိန်းတွေကိုမေးလိုက်တော့.."လုံထိန်းကွ"လို့ဖြေသံလဲကြားရော..ကိုဘိန်း လဲ ဖြေတဲ့လုံထိန်းကို ပါလာတဲ့ပုလင်းနဲ့ရိုက်ချလိုက်ပါလေရော။
ကိုဘိန်းနဲ့ပါလာတဲ့ ကျနော်တို့အုပ်စုတွေလည်း
ကျန်တဲ့လုံထိန်းတွေကို လိုက်ရိုက်တော့
လုံထိန်းတွေလည်း ထွက်ပြေးကြတာပေါ့။ ဒီလိုဖြစ်နေတာကို ကျနော်နဲ့စကားပြောနေတဲ့လုံထိန်းက လှည့်ကြည့်နေတုန်း
ဖြစ်မှတော့ မထူးတော့ဘူးဆိုပြီး ကျနော်လည်း
လှည့်ကြည့်နေတဲ့လုံထိန်းကို ခါးကြားကပုလင်းထုတ်ပြီး ရိုက်ချလိုက်တော့တယ်။
(အဲဒီတုန်းကတော့ လုံထိန်းတွေကို
စိတ်နာလို့သာ
ရိုက်လိုက်ရတယ်။ အခုတော့
ပြန်တွေးတိုင်း စိတ်မကောင်း)
နောက်တော့ ကိုယ့်အချင်းချင်းလည်းထိန်း..ဘေးနားကရောက်လာတဲ့ စက်ရုံဝန်ထမ်းတွေလည်း ထိန်း ကြနဲ့ ပွဲကပြီးသွားရောဆိုပါတော့။
ကြေနပ်စွာနဲ့ပြန်လာတဲ့ကျနော်တို့တတွေ လမ်းတ၀က်ရောက်တော့
မျက်ကလဲဆန်ပြာဖြစ်ရရော။ ဘာကြောင့်ဆို
ကျနော်တို့အုပ်စုထဲက မျိုးလွင်ရဲ့ရင်ဘတ်မှာ
သွေးတွေရွဲနေတာ တွေ့ရလို့ပဲ။
ဘာဖြစ်တာလဲလို့ မျိုးလွင်ကိုမေးကြည့်တော့ ပြဿနာဖြစ်တဲ့အချိန်မှာ သူ့ရင်ဘတ်ကို
စူးခနဲဖြစ်လိုက်တာပဲသိလိုက်တယ်တဲ့။ လုံထိန်းများ ဓားနဲ့ထိုးသွားသလားလို့ စိုးရိမ်းလို့ အိမ်အမြန်ပြန်ပြီး
ဒဏ်ရာကိုကြည့် လိုက်တော့...သေခြင်းဆိုး..ကိုဘိန်း ရိုက်လိုက်တဲ့
ပုလင်းကွဲအစလေးက သူ့ရင်ဘတ်ကို ထိမိသွားတာကိုး။ အဲဒီတော့မှ ကျနော်တို့လဲ
ပြုံးနိုင်တော့တယ်။
ကျနော်တို့လဲ
ညတွင်းချင်းပဲ ပြဿနာဖြစ်တဲ့အကြောင်းကို
စက်ရုံမှူး
မန်းချစ်ဌေးခိုင်(အာဇာနည် မန်ဘခိုင်၏သား)ကို
သွားတိုင်းလိုက်တယ်။ နောက်နေ့ကြတော့
ပြဿနာဖြစ်တဲ့လုံထိန်းတွေ ကွာတားကျ ကုန်ရော။ ပြောသာပြောရတယ် ကိုယ်တွေလည်း သူတို့ကိုကြောက်နေရတယ်..သူတို့လုံထိန်းဘန်ကာ တလုံးက ကျနော်တို့အိမ်ခေါင်းရင်
ကိုက်
၂၀ လောက်မှာ ရှိနေတာကိုး။
သူတို့အိမ်ခေါင်းရင်က
သေနတ်နဲ့လာပစ်ရင် သက်သာအောင်ဆိုပြီး ပြဿနာဖြစ်တဲ့ညကစပြီး ကျနော်ဆို
အ၀တ်အစားအိတ်ကို ခေါင်းရင်မှာ ထားထားအိပ်တယ်။
(သက်သာလို့သက်သာညားပေါ့..ဒီအကြောင်း ပြန်စဉ်းစားတိုင်း ရီမိတယ်)...
ဒီလိုနဲ့နေကြရင်း တနိုင်ငံလုံးအရေးအခင်းတွေဖြစ်ပြီး မြို့တိုင်းရွာတိုင်းမှာ သပိတ်စခန်းတွေဖြစ်လာကြ တယ်။ ဒါပေမဲ့ ကရင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဘားအံမြို့မှာတော့ သပိတ်စခန်းတွေ မဖြစ်သေးဘူး။ နိုင်ငံရေးစိတ်မ၀င်စားတဲ့ ကျနော်တို့တတွေလည်း ဘားအံမှာ သပိတ်စခန်းဖြစ်မဖြစ် စိတ်မ၀င်စားဘဲ ကိုယ့်ဟာကို အလုပ်ကလေးသွားလိုက် အရက်ကလေးသောက်လိုက်နဲ့ နေကြတာပေါ့။
တရက် …နေလည့်ထမင်းစားချိန် ရုံးကပြန်လာတဲ့ကျနော် အိမ်မှာ လူစုစုနဲ့တိုးတိုးတိတ်တိတ်လုပ်နေ ကြတာတွေ့လို့ ဘာလုပ်နေကြတာလဲလို့ ကိုခင်အောင်သန့်(ခ)ဖိုးချိကိုမေးကြည့်တော့ ဘားအံကနေ စက်ရုံကို အလုပ်ဆင်းနေတဲ့ G.T.I ကျောင်းဆင်းတယောက် အိမ်ကို ရောက်လာသတဲ့။ တနိုင်ငံလုံး သပိတ်စခန်းတွေဖြစ်နေပြီ။ သူနေတဲ့မြို့ဘားအံမှာ သပိတ်စခန်းမဖြစ်သေးတာ သူရှက်တယ်တဲ့။
ဒီလိုနဲ့နေကြရင်း တနိုင်ငံလုံးအရေးအခင်းတွေဖြစ်ပြီး မြို့တိုင်းရွာတိုင်းမှာ သပိတ်စခန်းတွေဖြစ်လာကြ တယ်။ ဒါပေမဲ့ ကရင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဘားအံမြို့မှာတော့ သပိတ်စခန်းတွေ မဖြစ်သေးဘူး။ နိုင်ငံရေးစိတ်မ၀င်စားတဲ့ ကျနော်တို့တတွေလည်း ဘားအံမှာ သပိတ်စခန်းဖြစ်မဖြစ် စိတ်မ၀င်စားဘဲ ကိုယ့်ဟာကို အလုပ်ကလေးသွားလိုက် အရက်ကလေးသောက်လိုက်နဲ့ နေကြတာပေါ့။
တရက် …နေလည့်ထမင်းစားချိန် ရုံးကပြန်လာတဲ့ကျနော် အိမ်မှာ လူစုစုနဲ့တိုးတိုးတိတ်တိတ်လုပ်နေ ကြတာတွေ့လို့ ဘာလုပ်နေကြတာလဲလို့ ကိုခင်အောင်သန့်(ခ)ဖိုးချိကိုမေးကြည့်တော့ ဘားအံကနေ စက်ရုံကို အလုပ်ဆင်းနေတဲ့ G.T.I ကျောင်းဆင်းတယောက် အိမ်ကို ရောက်လာသတဲ့။ တနိုင်ငံလုံး သပိတ်စခန်းတွေဖြစ်နေပြီ။ သူနေတဲ့မြို့ဘားအံမှာ သပိတ်စခန်းမဖြစ်သေးတာ သူရှက်တယ်တဲ့။
ဒါနဲ့ ဖိုးချိုကလည်း မင်း သပိတ်စခန်းဖြစ်ချင်ရင် ဆန္ဒပြမှရမယ်။ ဆန္ဒပြတဲ့အခါမှာ ကြွေးကြော်သံဆိုင်းဘုတ်တွေအတွက် ဖျာကြမ်းတွေဝယ်ရမယ်လို့ ပြောလိုက်တော့ (အမှန်တော..မဝယ်နိုင်ဘူးထင်ပြီး ဖြစ်ကတတ်ဆန်း ပြောလိုက်တာ)..ဟိုလူကလည်း ချက်ချင်းသွားဝယ်လာလို့ မငြင်းနိုင်တော့ဘဲ သပိတ်မှောက်ဖို့
အလုပ်ရှုတ်နေကြတာ။
ကျနော့်ကိုလည်း
ရုံးကနေ
A4 ဆိုဒ်စာရွက်တွေ ယူလာဖို့ပြောလို့ ညနေရုံးဆင်းချိန် ယူသွားပေးပြီး သူတို့ကို ၀ိုင်းကူရသေးတယ်။ နိုင်ငံရေးရည်ရွယ်ချက်အခံလည်း ဟုတ်တိပတ်တိမရှိကြတော့ သပိတ်မှောက်ဖို့ ပစ္စည်းတွေ
ပြင်ဆင်ပြီးသွားပေမဲ့လည်း ဘယ်နေ့ဘယ်အချိန်
ဘယ်နေရာမှာ
လုပ်မယ်ဆိုတာ မဆုံးဖြတ်နိုင်ဘဲ ရက်တွေကြာအောင် အီလည်လည်ဖြစ်နေကြတယ်။ ဒီကြားထဲ ဘယ်ကောင်က အတို့အထောင်သွားလုပ်လိုက်လည်း မသိဘူး ဝန်ထမ်းအိမ်ယာတာဝန်ခံဖြစ်တဲ့ ဗိုလ်ကြီးဝင်းနိုင်(လက်ထောက်စက်ရုံမှူး
ထွေ/စီ)
ကျနော်တို့အိမ်ဘေးက လက်ဖက်ရည်ဆိုင်ကိုရောက်လာပြီး ကျနော့်ကိုခေါ်တွေ့တယ်..
"မင်းတို့အိမ်က သပိတ်မှောက်ဖို့ လုပ်နေကြတယ်ဆို" ပြီး မေးလာလို့ ".ကျနော်တို့အိမ်အခြေအနေလည်း ဗိုလ်ကြီးသိသားနဲ့
လုပ်ပါ့မလား"
လို့ လိမ်လိုက်တော့.(လူပျိုဘွဲ့ရတွေကြီးပဲစုနေတဲ့ကျနော်တို့ အိမ်မှာ..အရက်ဝိုင်း၊ ဖဲဝိုင်း၊ ဆေးခြောက်ဝိုင်း
နေ့တိုင်းလောက်ရှိနေတာ စက်ရုံးတခုလုံးသိ လူကြီးပိုင်း လည်း သိပေမဲ့ ခွင့်လွတ်ထားတာ။ ဒီလိုလူမျိုးတွေက သပိတ်မှောက်မယ်လို့ ဘယ်သူထင်မှာတုန်း)
ဗိုလ်ကြီးဝင်းနိုင်လည်း
"အေးကွာ..ငါ့ကို
မဟုတ်တဲ့သတင်းတွေ လာပေးနေကြတယ်" လို့ပြောပြီး ကြေနပ်စွာနဲ့ ပြန်သွားတယ်။ ကျနော်လည်း ချက်ချင်းပဲ အခြေအနေတွေကို သူငယ်ချင်းတွေကို ပြောပြရတော့တာပေါ့။
ကျနော်တို့လည်း
သတင်းပေါက်နေလို့ ဘာလုပ်ရင်ကောင်းမလဲလို့ ဆွေနွေးငြင်းခုန်လိုက်ကြတာ နောက်တနေ့ကူးတဲ့အထိ အဖြေမထွက်ဘူး။ နောက်နေ့
နေလည် ၃ နာရီလောက်မှာ ကျနော်တို့အိမ်ရှေ့မှာရှိတဲ့ ၀န်ထမ်းသက်သာဆိုင်ကို ဆန်လုဖို့အတွက် အောက်ခြေအလုပ်သမားတချို့ ရောက်လာ ကြတယ်။ ကျနော်တို့သူငယ်ချင်းတစုလည်း ဆိုင်ရှေ့သွားပြီး အလုပ်သမားတွေကို
အကြမ်းဖက်ပြီး ဆန်မလုဖို့တားရတယ်။ နောက်တော့ ဆိုင်အရောင်းတာဝန်ခံကို ခေါ်ပြီး အလုပ်သမားတွေကို ဆန်အကြွေးရောင်းပေးဖို့
ညှိပေးလိုက်တာ အဆင်ပြေသွားတယ်။
ဒီအချိန်မှာပဲ ကျနော်တို့အုပ်စုက..ဒီလို ကျနော်တို့တတွေ စားဝတ်နေရေး
အဆင်မပြေရတာ အစိုးရကြောင့်၊ ဒါကို အစိုးရသိအောင်
ကျနော်တို့ ဆန္ဒပြရမယ်လို့ပြောလိုက်တော့ အလုပ်သမားတွေက
သဘောတူကြတယ်။ ဒါနဲ့ ညနေ ၅ နာရီမှာ ဒီနေရာမှာ လူလာစုဖို့ မှာပြီး ကျနော်တို့တွေလည်း
သပိတ်မှောက်ဖို့ ပြင်ရဆင်ရတော့တာပေါ့။
ယန္တရားစက်ကြီးမောင်းတဲ့
အလုပ်သမားတယောက် ကျနော်တို့နဲ့ ပူးပေါင်းလာပြီး သူထုတ်ပေးတဲ့ငွေနဲ့
လော်စပီကာနဲ့ ဆိုက်ကားကို ငှားပေါ့။ ညနေ ၅ နာရီမှာ လူစုပြီး စထွက်တော့ ကျနော်တို့အုပ်စုအပါ အ၀င်မှ အယောက် ၂၀ လောက်ပဘဲရှိတယ်။ ဒီလိုမျိုးအတွေ့အကြုံကလည်းမရှိ၊ ရှက်ကလည်း ရှက်တတ်တော့
တခြားသူငယ်ချင်းတွေတော့မသိ
ကျနော်ကတော့ ခေါင်းမဖော်ရဲတော့ဘူး။ တတ်နိုင်ရင် ဒီအုပ်စုနဲ့ဝေးရာကို
ထွက်ပြေးချင်နေတယ်။
နောက်တော့ မှောင်ကလည်းမှောင်လာ လူအုပ်စုကလည်း ၂၀၀ လောက်ဖြစ်လာတော့ ကြွေးကြော်သံတွေကို အော်ရဲလာတယ်။ ကျနော်တို့သပိတ်မှောက်တစု စက်ရုံတ၀ိုက် အော်လို့ဝတော့ အစီစဉ်တမျိုးပြောင်းပြန်တယ်။
ကျနော်တို့မြိုင်ကလေးစက်ရုံက
သပိတ်မှောက်နေတာကို သံလွင်မြစ်တဖက်ကမ်းမှာ ရှိနေတဲ့ ဘားအံမြို့ကသိအောင် သွားအော်ကြမယ်ဆိုပြီး သံလွင်မြစ်ကမ်းဘေးကို ချီတက်ကြပြန်ရော။
မြစ်ကမ်းဘေးရောက်တော့
ကျနော်တို့က ဒီဘက်ကနေ လော်စပီကာနဲ့အော်ပေါ့။ ဘားအံဘက်ကလူတွေက
ပြန်မအော်ပေမဲ့ သူတို့တွေသိတယ်ဆိုတဲ့အကြောင်းကို
မီးလုံးတွေကို
အကာတခုနဲ့ ကွယ်လိုက် ဖွင့်လိုက်လုပ်ပြီး အချက်ပြကြတယ်။ ကျနော်တို့လည်းပျော်ပြီး မနက်ဖန်မနက် ဘားအံကို ကူးလာမယ်ပြောပြီး ပြန်ခဲ့ကြတယ်(ဘားအံကိုကူးမယ့် အစီစဉ်ကလည်း မူလကရှိတာမဟုတ်ဘူး။ ဘားအံရဲ့တုံ့ပြန်မှုကိုကြည့်ပြီး လုပ်ဖြစ်သွားတာ)
ပါလာတဲ့အလုပ်သမားတွေကိုလည်း မနက် ၅ နာရီမှာ ဘိလပ်မြေစက်ရုံရဲ့ရုပ်ရှင်ရုံအရှေ့မှာစုဖို့
ချိန်း
လိုက်တယ်။ ကျနော်တို့အုပ်စုလည်း အိမ်ကို ည ၁၀ နာရီလောက်မှပြန်ရောက်ပြီး မနက်ဖန်အစီစဉ်အတွက် တိုင်ပင်ကြတာနဲ့
မနက်
၁ နာရီလောက်မှ အိပ်ဖြစ်ကြတယ်။
မနက် ၄ နာရီလာက် အားလုံးကြိုထကြတော့ ကျနော်မထချင်ဘူး။ ငါ့ကို ဒီကောင်တွေ ထားသွားကြပါစေလို့တောင် ဆုတောင်းတယ်။ နောက်တော့ ရဲဘော်ရဲဘက်ဆိုတဲ့အသိစိတ်က၀င်လာပြီး အိပ်ချင်မူး
တူးနဲ့ ထရတာပေါလေ။ ငါတယောက်ထဲ အိပ်ချင်တာမှမဟုတ်ဘဲ သူတို့လည်း အိပ်ချင်မှာပေါ့ဆိုတဲ့
ကိုယ်ချင်းစာစိတ်ဝင်လာမှ ပိုတက်ကြွသွားတယ်။ ချိန်းတဲ့နေရာက
စထွက်ကြတော့ လူက ၅၀လောက်ပဲ
ရှိတယ်။
မနေ့ကလူတွေ ဘာကြောင့်မလာတာလဲမေးတော့ ဘယ်သူမှမဖြေနိုင်ဘူး၊ မထူးဘူးပြော ပြီးမှဆိုတော့ သွားရတော့တာပေါ။
သံလွင်မြစ်ကမ်းနားရောက်တော့
ပိုရင်ဆို့ပါရော။ ကျနော်တို့ဘက်ကမ်းမှာရှိတဲ့
စက်လှေ
လက်လှော်လှေမှန်သမျှကို ပြည်နယ်ကောင်စီအမိန့်နဲ ဘားအံဘက်ကမ်းကို ပို့ထားတာကို တွေ့လိုက်ရလို့ပဲ။ ကျနော်တို့ဘက်ကမ်းမှာ
လှေတစီးမှမရှိတော့ ဘယ်လိုလုပ်ကူးလို့ရမှာတုန်း။ ကျနော်တို့လည်း
ကမ်းဘေး တလျှောက် လှေကိုလိုက်ရှာတော့ အရပ်သားတယောက်က ကျနော်တို့နားကပ်လာပြီး တိုးတိုးပြော လာတယ်။ ၅ ယောက်လောက်စီးလို့ရတဲ့ လှေတစီး သူဝှတ်ထားတယ်။ အဲဒီလှေနဲ့
တဖက်ကမ်းကိုကူး သွားပြီး ရသမျှလှေတွေကို သယ်လာဖို့အကြံပေးတယ်။
ကျနော်တို့လည်း လူရွေးပြီး တဖက်ကမ်းကူးဖို့ စီစဉ်နေတုန်းမှာပဲ ဘားအံဘက်ကမ်းကနေ ကားတင်တဲ့ရေယာဉ်တစီး(ကျနော်တို့ ဒေသအခေါ် ဇက်ရေယာဉ်) ကျနော်တို့ဘက်ကမ်းကို ခုတ်မောင်းလာတာကို
ဝမ်းသာစွာတွေ့လိုက်ရတယ်။
ဘေးကကြည့်နေတဲ့ပြည်သူတွေပါ
ခုန်ပေါက်အော်ဟစ်ပြီး
ကျနော်တို့နဲ့ပူးပေါင်းလာလို့ လူအင်းအားက ချက်ချင်းပဲ
၃၀၀ လောက်ဖြစ်သွားတယ်။ ကားတင်တဲ့ရေယာဉ်ရောက်လာလို့ အကျိုးအကြောင်းမေး ကြည့်တော့ ဒီရေယာဉ်ကို
ကျောင်းသား ၅ ယောက်က ၀င်းစီးလိုက်တာတဲ့၊ ကျနော်တို့အော်တာကို ညကထဲက သူတို့ ကြားကြောင်း၊ ပြည်နယ်ကောင်စီရဲ့အမိန့်နဲ့ ညကတည်းက ရှိသမျှလှေတွေကို ဘားအံဘက်ကမ်းမှာစုပြီး
ဟိုဘက်ကမ်း ဒီဘက်ကမ်း အကူးအသန်မလုပ်ဖို့
တားထားတာသိသိချင်း
သူတို့သူငယ်ချင်း ၅ ယောက်စုပြီး
ဇက်ရေယာဉ်ကို ဝင်စီးဖို့စီစဉ်တာတဲ့။
မနက်မိုးလင်းတာနဲ့ သူတို့ ၅ ယောက်
ဇက်ရေယာဉ်နားမှာ မယောင်မလည်လုပ်နေပြီး တာဝန်ရှိတဲ့ ပြည်နယ်ကောင်စီနဲ့
ရဲတွေ
လစ်တာနဲ့
ရေယာဉ်ကိုဝင်စီးတာတဲ့။ ညကထဲက စီစဉ်ထားတဲ့အတိုင်း လေးခွတွေ ဓားတွေကိုင်ထားသူတွေက သဘောင်္မာလိန်းမှူးကို ဝင်စီး၊ ဓာတ်ဆီပုံးကိုင်ထားသူတွက ရေယာဉ်စက်ခန်းကို ဝင်စီး။ တချို့က ရေယာဉ်ကိုချီထားတဲ့ကြိုးတွေကို ဖြုတ်ထုတ်ပြီး
မောင်းခိုင်းလာ ရတာတဲ့။ ( ရေယာဉ်ဝန်ထမ်းတွေကလည်း
မဆွတ်ခင်က
ညွှတ်ချင်ချင်နဲ့ ငိုချင်ရဲ့လက်တို့
ဖြစ်နေ
တာလည်း ပါတယ်)..ဒါတောင် ရဲကားက ကမ်းနားကို အတင်းမောင်းချလာပြီး တားဖို့ကြိုးစားလို့ လေးခွနဲ့ ၄...၅ ချက် လှမ်းပစ်ခဲ့ရသေး သတဲ့။
ကျနော်တို့သပိတ်အုပ်စု လူ ၃၀၀ လောက်လည်း ဇက်ရေယာဉ်ကို ပျော်ပျော်ကြီးစီးပြီး ဘားအံကို ကူးသွား ကြတာ ကမ်းခြေရောက်တော့ စောင့်နေတဲ့ ပြည်သူတွေနဲ့ပေါင်းမိပြီး လူအင်းအား ထောင်ချီသွားတာပေါ့။
ကျနော်တို့သပိတ်အုပ်စု လူ ၃၀၀ လောက်လည်း ဇက်ရေယာဉ်ကို ပျော်ပျော်ကြီးစီးပြီး ဘားအံကို ကူးသွား ကြတာ ကမ်းခြေရောက်တော့ စောင့်နေတဲ့ ပြည်သူတွေနဲ့ပေါင်းမိပြီး လူအင်းအား ထောင်ချီသွားတာပေါ့။
မြို့တပတ်လည်း လှည့်လိုက်ရော လူသိန်းချီပြီး ဘားအံသပိတ်လည်းဖြစ်သွားရောဆိုပါတော့ဗျား။ ဘားအံကျောင်းသားတချို့လည်း ကျနော်တို့မြိုင်ကလေးစက်ရုံကိုလိုက်လာပြီး တရားဟောကြနဲ့ စက်ရုံမှာလည်း သပိတ်စခန်းဖြစ်သွားတာပေါ့။ သပိတ်စခန်းကို စက်ရုံရဲ့ရုပ်ရှင်ရုံမှာဖွင့်လိုက်ကြပြီး တက်ကြွလှုပ်ရှားသူတွေနဲ့သပိတ်ကော်မတီကို ဖွဲ့လိုက်ကြတယ်။
(နောက်မှသတင်းကြားရတာက အဲဒီညက ဗိုလ်ကြီးဝင်းနိုင်က ကျနော့်ကို
သေနတ်နဲ့ပစ်ဖို့ လာဖို့လုပ်တာ တခြားဗိုလ်ကြီးတွေက
ဝိုင်းဆွဲထားလို့မပစ်ဖြစ်တာတဲ့။ သူလည်း ကျနော့်ကိုယုံကြည့်မိလို့ အလိမ်ခံလိုက်ရတာကိုခံပြင်းသွားပုံရတယ်)
ကျနော်တို့သူငယ်ချင်းတစုကို သပိတ်ကော်မီတီမှာထည့်ထားပေမဲ့ ကျနော်အပါအ၀င် အတော်များများ
က ကိုယ့်မြို့ကိုယ့်ရွာကို ပြန်သွားကြတာများတယ်။ ကျနော်လည်း
ကိုယ့်မွေးရပ်မြေ မော်လမြိုင်နဲ့ စက်ရုံကိုသွားလိုက် ပြန်လိုက်ပေါ့။
မော်လမြိုင် ရောက်တော့လည်း
ယောက်ဖရဲ့တိုက်တွန်းမူ့နဲ့ ကိုယ်နေတဲ့ ဝန်ထမ်းအိမ်ရာဝင်းအတွင်းမှာ
ကင်းမှူးတာဝန်ယူရသေးတယ်။
ကိုယ့်သူငယ်ချင်းကလွဲပြီး လူရှုတ်ရှုတ်နဲ့လည်းမကြိုက်တာမို့ ဘယ်သပိတ်စခန်းမှ မသွားခဲ့ဘူး။
ဒီလိုနဲ့ ကိုယ့်ဟာကို လွတ်လွတ်လပ်လပ်နေနေတုန်း တနေ့မှာ ကျနော့်အကိုက ကျနော်နဲ့ ကျနော့်ညီ ကို ပဉ္စင်းခံဖို့ပြောလာတယ်။ ဒီလိုအခြေအနေဆိုးကြီးထဲမှာ ဘုန်းကြီးမ၀တ်ချင်ဘူးလို့ ငြင်းလိုက်တော့ "မင်းလည်း အမေ့အခြေအနေကို သိသာပဲ..သူမသေခင်မှာ မင်းတို့ကို ပဉ္စင်းခံသွားပေးချင်တယ် ပြောနေလို့" ဆိုပြီးပြောလာလို့ ဘုန်းကြီးဝတ်ဖို့ သဘောတူလိုက်ရတယ်။
ဒီလိုနဲ့ ကိုယ့်ဟာကို လွတ်လွတ်လပ်လပ်နေနေတုန်း တနေ့မှာ ကျနော့်အကိုက ကျနော်နဲ့ ကျနော့်ညီ ကို ပဉ္စင်းခံဖို့ပြောလာတယ်။ ဒီလိုအခြေအနေဆိုးကြီးထဲမှာ ဘုန်းကြီးမ၀တ်ချင်ဘူးလို့ ငြင်းလိုက်တော့ "မင်းလည်း အမေ့အခြေအနေကို သိသာပဲ..သူမသေခင်မှာ မင်းတို့ကို ပဉ္စင်းခံသွားပေးချင်တယ် ပြောနေလို့" ဆိုပြီးပြောလာလို့ ဘုန်းကြီးဝတ်ဖို့ သဘောတူလိုက်ရတယ်။
(အရေးအခင်းမဖြစ်ခင်လေးမှာ အမေ့မှာ ကင်ဆာဖြစ်နေမှန်းသိရတယ်။
၃ လ(သို့) ၆ လပဲခံမယ်လို့
ဆရာဝန်ကပြောတယ်)
ဒီလိုနဲ့ဘုန်းကြီးဝတ်ဖြစ်ရောဆိုပါတော့။ ဘုန်းကြီးဝတ်ဖြစ်တော့လည်း
အေးအေးနေရတာမဟုတ်ဘူး။ မနက်မိုးလင်းလို့ အရုဏ်ဆွမ်းစားပြီးတာနဲ့ ပြဿနာဖြစ်တဲ့ရပ်ကွက်တွေကလာခေါ်လို့ လိုက်ရပြန်တယ်။
ဒီလိုနဲ့ ဘာတရားမှမကျင့်ဖြစ်ဘဲ ၉ ရက်ပြည့်လို့ လူထွက်မယ့်နေ့ကို
ရောက်လာရောဆိုပါတော့။ မနက်မိုးလင်း အာရုံဆွမ်းစားပြီးလို့ ညနေလူထွက်ရင်
ဘာလုပ်ရရင်ကောင်းမလဲလို့ စဉ်းစားနေတုန်း တက္ကသိုလ်ကျောင်းနေဘက်နှစ်ယောက်ဖြစ်တဲ့ မောင်မောင်တိုးနဲ့ မျိုးလွင် ရောက်လာကြတယ်။ ရောက်တတ်ရာရာပြောကြရင်း နေ့ဆွမ်းစားချိန်ရောက်လာလို့
သူတို့လည်း ပြန်တော့မယ်လုပ်မှ "အရှင်ဘုရာ့ကို အရေးကြီးတာ ပြောစရာရှိတယ်" လို့ ပြောလာလို့..အခုပြောကြလေးကွာလို့ ပြောပြန်တော့ လူထွက်ပြီးမှ ပြောမယ်တဲ့။ ဒါဆိုလည်း အခု ဆွမ်းသွားစားလိုက်အုံးမယ်၊
ခဏစောင့်လို့ ပြောပြီး ဆွမ်း စားဆောင်ကို ထွက်လာခဲ့လိုက်တယ်။
ဆွမ်းစားပြီးလို့ ဒီကောင်တွေကိုထွက်ကြည့်တော့
မရှိတော့ဘူး။
ပြန်ကုန်ကြပြီ၊ ကိုယ်ကလည်း ဘာလဲ ဆိုတာ မတရားသိချင်နေပြီ။ ဒါနဲ့ပဲ လူထွက်ဖို့ တိုက်အုပ်ဆရာတော်ကိုသွားလျှောက်တော့ တခြားအဆောင်က ဆရာတော်တပါးဆီသွားဖို့ ညွှန်လိုက်တယ်။ ညွှန်လိုက်တဲ့ကိုယ်တော်ဆီ
ရောက်ပြန်တော့လည်း တခြား ကိုယ်တော်ဆီ
ထပ်သွားဖို့ညွှန်ပြန်လို့သွားလိုက်တာ ကျောင်းတိုက်အားလုံးသာကုန်သွားတယ် လူထွက်ပေးမယ့်ကိုယ့်တော် တပါးမှမတွေ့ရဘူး။
လူထွက်ဖို့မလုပ်ပေးလို့ ဒေါသကလည်းဖြစ်နေ၊ သူငယ်ချင်းတွေပြောသွားတဲ့အကြောင်းကိုလည်း သိချင်နေတော့
တိုက်အုပ်ဆရာတော်ဆီပြန်မသွားတော့ဘဲ ဘုရားကျောင်းဆောင် ရှိတဲ့နေရာသွား ပြီး"အရှင်ဘုရား တပည့်တော်အား လူထွက်ခွင့်ပါဘုရာ့" လို့ ဦးချကတော့ပြီး လူဝတ်လဲလိုက်တယ်။
ပြီးတော့
သူငယ်ချင်းတွေရှိရာကို ထွက်လာခဲ့လိုက်တယ်၊
သူတို့တွေဆီရောက်လို့ ဘာကိစ္စလဲ မေးကြည့်တော့
တက္ကသိုလ်ကျောင်းသားဟောင်းများသမဂ္ဂဖွဲ့ချင်လို့ ဘယ်လို့လုပ်ရမလဲတဲ့။
သူတို့ကလည်း ကျနော့်ကို
မြိုင်ကလေးဘိလပ်မြေစက်ရုံသပိတ်လုပ်လာတဲ့အရှိန်နဲ့ အားကိုးပုံရတယ်။ ရှင်း ရှင်းပြောရရင် ဘာအဖွဲ့အစည်းမှ ကျနော်မလုပ်ချင်ဘူး။ ကိုယ်ဟာကို အေးအေးနေချင်တာ။
ဒါပေမဲ့
ကိုယ့်ကို အားကိုးလာပြီးဆိုတော့ ဖြစ်အောင်လုပ်မယ်လို့ ကတိပေးလိုက်တယ်။
ဒုတိယပိုင်း ဆက်ပါမည်။
ဒုတိယပိုင်း ဆက်ပါမည်။
စိုးလွင်(၂၁၁)(ဝမ်ခ)
Comments
Post a Comment