သစ်ခက်သံလွင် ကဗျာစင်မြင့် ၁၊ ရန်နည် - "အဆွယ်အပွားများ"



အဆွယ်အပွားများ
hdimagelib.com
 သေတွင်းမနက်ပေမယ့်
ဆင်းရဲတွင်းက နက်ချင်တိုင်းနက်နေတော့
လူတွေက ပျာယာကို ခတ်လို့
ခေတ်ကြီးကလည်း ပျာယာကို ခတ်လို့။
မရေမရာနိုင်လှတဲ့
စိတ်ကူးအိပ်မက်တွေကလည်း
မဖြစ်ညစ်ကျယ် ဆိုပေမယ့်
ပျာယာခတ်တဲ့အထဲမှာ
တိုးလို့တွဲလောင်း ပါလာတယ် ။

ရန် နည်

Comments