Wednesday, November 2, 2016

k

သစ်ခက်သံလွက် အက်ေ်ဆး၊ သျှင်မျိုးငယ် ၏ "ပြည်တွင်းစစ်ကြီးပြီးတဲ့နောက်တနေ့ "



ပြည်တွင်းစစ်ကြီးပြီးတဲ့နောက်တနေ့ 
 
Whitworth Art Gallery - The University of Manchester
 ငြိမ်းချမ်းရေးတည်ဆောက်ရာမှာတော့ ပဋိပက္ခတွေရဲ့ အရင်းအမြစ်တွေကိုဖော်ထုတ်ပြီး ဖြေရှင်းချက်တွေကို ရှာဖွေတာပဲဖြစ်ပါတယ်။ တိုက်ခိုက်နေကြတဲ့အဖွဲ့အစည်းတွေရဲ့လိုအပ်ချက်၊ တောင်းဆိုချက်တွေကို စစ်မြေ   ပြင်မှာမဟုတ်ဘဲ စားပွဲပြင်ပေါ်မှာ ဆွေးနွေးညှိနှိုင်းကြဟာ အကောင်းဆုံးသော အလားအလာရှိမယ်လို့ ပြောနိုင်ပါတယ်။"အပစ်အခတ်တွေကို ရပ်တန့်ပေးကြပါ" ဒီလိုမေတ္တာရပ်ခံထားလိုက်ပါတယ်။


" တိုက်ပွဲများဆက်လက်ဖြစ်ပွား" ဆိုတဲ့သတင်းခေါင်းစဉ်ဟာ ကျွန်တော့်နားထဲမှာ အခက်ထန်ဆုံးသော သတင်းကြေညာချက်တခုပဲ။ စက်သေနတ်သံတွေက တဒက်ဒက်၊ ဗုံးကွဲသံတွေ၊ မိုင်းကွဲသံတွေရဲ့ပြင်း ထန်ခြင်းဟာ နှလုံးခုန်သံစည်းချက်တွေကို ရပ်တန့်စေလောက်တဲ့အထိ စူးနစ် လာတယ်။ အိုးအိမ်ကို ပစ်ခွာ၊ မိသားစုကို ဖက်တွယ်၊ လက်ဗလာနဲ့ ပြေးထွက်လာခဲ့ကြတဲ့ခြေသံတွေမှာ ဖိနပ်တွေပါရဲ့လား။ ပြေးထွက်ခဲ့ ကြရတယ်။
ဒုက္ခသည်စခန်းမှာ ဘယ်သူတွေပျော်နေနိုင်မှာလဲ။ ဖရိုဖရဲဖြစ်နေတဲ့ အနာဂတ်မျှော်လင့်ချက်တွေကိုရင်မှာ ပိုက်လို့ နေထိုင်ရှင်သန်နေကြရတယ်။ ခြောက်ကပ်ရှတနေတဲ့မျက်ဝန်းတွေဟာ မျှော်လင့်ချက်တွေ ဝေဝါးလာတဲ့ သက်သေတခုလေလား။ 
ကိုယ်ချင်းစာတရားလေးနဲ့ မြင်အောင်ကြည့်တတ်ခဲ့ရင် စာနာတတ်တဲ့အသည်းနှလုံးပါခဲ့တယ်ဆိုရင် ရက် စက်တတ်သော စစ်ပွဲတွေကို ဘယ်သူကမှ ဖန်တီးမှာ မဟုတ်ဘူး။
     ကျွန်တော် အော်ဟစ်အကူအညီ တောင်းလိုက်တယ် "စစ်ပွဲများရပ်တန့်ပေးပါ"။ ဘယ်သူမှ မကြား လိုက်ဘူးထင်ပါရဲ့။ အပြန်အလှန် ပစ်ခတ်နေကြတုန်းပဲ။ ကျွန်တော့်အသံကပဲ တိုးလျလွန်းနေသလား။ မလို ချင်တော့ဘူး စစ်ပွဲတွေ။ မမြင်ချင်တော့ဘူး သွေးထွက်သံယိုတွေ။မကြားချင်တော့ဘူး စက်သေနတ်သံတွေ။ မကြိုဆိုချင်တော့ဘူး ဒုက္ခသည်တွေ။ ဟုတ်တယ်...ဒါတွေကို ငြင်းဆန်ပစ်လိုက်တယ်။ တခုပဲ လိုအပ်တယ်။ တခုဆိုတခုတည်းပါပဲလေ။ အဲဒါကတော့ "ငြိမ်းချမ်းရေး"။ ငမ်းငမ်းတက်လိုချင်နေမိတယ်။ ရင်ထဲ၊ အသည်း ထဲကနေ တရှိုက်မက်မက်မြတ်နိုးစွာ တောင့်တနေမိ တာကတော့ " ငြိမ်းချမ်းရေး" ပင်။
             ငြိမ်းချမ်းရေးဆိုတာကို ကျွန်တော်တို့ လိုအပ်တယ်။ စစ်မြေပြင်မှာရောက်ရှိနေမှ တသနေရမယ့် အရာမဟုတ်ဘူး။ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကလေးငယ်တွေဟာ ငြိမ်းချမ်းရေးကို ဆာလောင်နေ မှာပဲ။ ကလေးဘဝမှာ စစ်ဒဏ်ကြောင့် ပြေးလွှားနေခဲ့ရတယ်ဆိုရင် ခြေပြတ် လက်ပြတ်၊ အသက်ဆုံးရှုံး တာတွေထက် ဆိုးရွားမှုတခုကတော့ "စိတ်ဒဏ်ရာ"တွေပါပဲ။ ဘယ်လိုမှ ကုစားပေးလို့ရမှာ မဟုတ်တော့ ဘူး။ စိတ်မှာအနာတရတွေနဲ့ ကလေးငယ်တယောက်ဟာ ဘယ်အရာကိုမှ ယုံကြည်နေတော့မှာမဟုတ် သလို ရည်ရွယ်ချက်တွေလည်း ပျောက်ရှနေပါလိမ့်မယ်။ ဒါကြောင့် ကလေးငယ်တွေအတွက် ငြိမ်းချမ်းရေး ဟာ ပိုပြီး အရေးကြီးပါတယ်။ မိသားစုနဲ့အတူ နေထိုင်ခွင့် ရရှိခြင်းဟာ ကလေးငယ်တွေကို မိမိကိုယ်မိမိ ယုံ ကြည်ချက်မြင့်တက်လာစေတယ်ဆိုတာ ငြင်းဆန်လို့မရတာ သေချာတယ်။ ကျွန်တော်တို့ ကလေးတွေကို ဘယ်လောက်ချစ်သလဲဆိုတာ ငြိမ်းချမ်းရေးအတွက် ဘယ်လောက် ကြိုးစားနေတယ်ဆိုတာနဲ့ တိုက်ရိုက် အချိုးကျနေပါတယ်။
ငြိမ်းချမ်းရေးဆိုတာ လက်နက်တွေနဲ့တိုက်ခိုက်ပြီး ရယူရတာမဟုတ်ဘူး။ အကြမ်းမဖက်ဘဲ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ အံ့သြဖွယ်ကောင်းလောက်အောင် ရှိနေပါတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးသံတမန်တွေ ရဲ့ အကြမ်းမဖက်တဲ့ ချဉ်းကပ်မှုစနစ်တွေဟာ အသုံးဝင်လာပါတယ်။ ဘာကြောင့်မငြိမ်းချမ်းရတာလဲဆိုတာ ဟာလည်း ကျွန်တော်တို့ထည့်သွင်းစဉ်းစားရမယ့် အချက်အလက်တွေပါပဲ။ အဖြေကတော့ "တိုက်ခိုက်နေ လို့မငြိမ်းချမ်းတာ"လို့ ဖြေရမှာပါပဲ။ ဘာအတွက်တိုက်ခိုက်နေတာလဲ။ ယုံကြည်ချက်အတွက်..ယုံကြည်ချက် အတွက်လို့တဖွဖွ အော်နေကြတဲ့အသံတွေရှိတယ်။ ပြောချင်တာကတော့"ယုံကြည်ချက်"လို့အော်နေတဲ့ အသံတွေထဲမှာ အတ္တတွေပါဝင်ရောယှက်နေပါတယ်။ ဒီတော့အတ္တတွေကိုလျော့ချပြီး ဆွေးနွေးခြင်းက   နေတဆင့် ရရှိနိုင်မလား တွေးမိပါတယ်။
ငြိမ်းချမ်းရေးဆိုတာ သာယာပျော်ရွှင်ကျေနပ်ဖွယ် ဘဝနေထိုင်နည်းတခုပါပဲ။ ဒါဟာ အပြည့်စုံဆုံး ဖြစ်ပါလိမ့် မယ်။ ငြိမ်းချမ်းရေးဆီကို ကျွန်တော်တို့ ဘာနဲ့သွားရမလဲ။ "ကိုယ်ချင်းစာတရား"ကို လက်ကိုင်ထားကျင့်သုံး ရင်း သွားရမှာပါ။ တယောက်က တယောက်ရဲ့ ကောက်းကျိုးချမ်းသာကို အလိုရှိခြင်းဟာ မေတ္တာတရားပါပဲ။
မေတ္တာကိုရှေ့ထားပြီး လူအချင်းချင်း ဆက်ဆံပေါင်းသင်းနေထိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးဆိုတာ မဝေးတော့ ပါ။
မေတ္တာသည် အေးချမ်းစေသည်။ဒါဟာ အမှန်တရားပင်။လူအချင်းချင်း ဆက်ဆံနေထိုင်ကြတဲ့အခါ "မုန်းစကို
အတိုဖျက်လို့၊ ချစ်စကို အရှည်ဆက်ပြီး သူမနာ ကိုယ်မနာ မျှတတဲ့စာနာမှုတွေနဲ့ပေါင်းသင်းဆက်ဆံခြင်း "ဟာ အမွန်မြတ်ဆုံးသော ဘဝနေထိုင်နည်းပဲ ဖြစ်ပါတယ်။ ဒီလိုဆက်သွားမယ်ဆိုရင် ငြိမ်းချမ်းရေးဆိုတာ ကျွန်တော်တို့ လက်တကမ်းအကွာမှာ ရှိနေပါလိမ့်မယ်။
ငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါ တယောက်တိုင်းတစ်ယောက်တိုင်းရဲ့စိတ်မှာလည်း ငြိမ်းချမ်းနေတဲ့ စိတ် ကို ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခြင်းဟာ လူ့လောကကို အကျိုးပြုတဲ့ အမွန်မြတ်ဆုံးအလုပ်တခုပင် ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကိုဖော်ဆောင်တဲ့အခါမှာ ငြိမ်းချမ်းရေးလုပ်ခြင်း၊ ငြိမ်း ချမ်းရေးတည်ဆောက်ခြင်း နဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်း ဆိုတဲ့အဆင့်တွေနဲ့ ပုံမှန်ချီတက်နေရမှာပါပဲ။
ဒါမှ ငြိမ်းချမ်းရေးဟာ တည်တံ့ခိုင်မြဲမှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးမရသေးတဲ့အတွက် ငြိမ်းချမ်းရေးကိုလုပ်နေကြရပါတယ်။ ကဗျာဆရာတွေက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ကဗျာတွေကိုရေးတယ်။ စာရေးဆရာတွေကလည်း ငြိမ်းချမ်းရေးအတွက် စာတွေကိုရေးသား
 နေကြတယ်။ ရဟန်းသံဃာ၊ တရားဟောဆရာတွေအားလုံးကလည်း ငြိမ်းချမ်းတဲ့တရားဓမ္မတွေကိုဟော   ပြောနေကြတယ်။ ကျောင်းဆရာ၊ဆရာမတွေကလည်း ကျာင်းသား/သူတွေ ကို ပညာသင်ကြားပေးရင်း ငြိမ်းချမ်းရေးစကားတွေ ပြောဆိုနေကြတယ်။ အားလုံးဟာ ငြိမ်းချမ်းရေးအတွက် အလုပ်လုပ်နေကြတာပါပဲ။ အခုဆိုရင် ကျွန်တော်တို့ နိုင်ငံတဝှမ်းမှာ ငြိမ်းချမ်းရေး တောင်းဆိုသံတွေနဲ့ ချီတက်ဆန္ဒပြပွဲတွေကို မြင်တွေ့ နေရပါတယ်။ ကောင်းတဲ့လုပ်ဆောင်ချက်တွေပါပဲ။ အများညီလာတဲ့အခါ ငြိမ်းချမ်းရေးအလုပ်ဟာ ပိုပြီး အသက် ဝင်လာမှာ မဟုတ်ပါလား။
ငြိမ်းချမ်းရေးတည်ဆောက်ရာမှာတော့ ပဋိပက္ခတွေရဲ့အရင်းအမြစ်တွေကို ဖော်ထုတ်ပြီး ဖြေရှင်းချက်တွေကို ရှာဖွေတာပဲဖြစ်ပါတယ်။ တိုက်ခိုက်နေကြတဲ့အဖွဲ့အစည်းတွေရဲ့လိုအပ်ချက်၊ တောင်းဆိုချက်တွေကို စစ်မြေ   ပြင်မှာမဟုတ်ဘဲ စားပွဲပြင်ပေါ်မှာ ဆွေးနွေးညှိနှိုင်းကြဟာ အကောင်းဆုံးသော အလားအလာရှိမယ် လို့ ပြောနိုင်ပါတယ်။"အပစ်အခတ်တွေကို ရပ်တန့်ပေးကြပါ" ဒီလို မေတ္တာရပ်ခံထားလိုက်ပါတယ်။ သို့ပေ မယ့် ပစ်ခတ်တိုက်ခိုက်နေကြဆဲ။ အပစ်အခတ်ရပ်စဲနေရာကနေတဆင့် သံခင်းတမန်ခင်းဆက်ဆံရေးတွေ ကိုဖန်တီးပြီး ငြိမ်းချမ်းရေး ဆွးနွေးပွဲတွေဆီကို ချီတက်လာကြမယ်ဆိုရင် ကျွန်တော်တို့ သိပ်ကို ပျော်ရွှင်နေ ပါလိမ့်မယ်။"လူတွေသေကြေလှပြီ၊ အသက်အိုးအိမ်စည်းစိမ်တွေလည်း မကာကွယ်နိုင်တော့ဘူး၊ မိသား စုတွေ ဖရိုဖရဲပြိုကွဲနေတာများပြီ"။ ဒီအဖြစ်အပျက်တွေဟာ တကယ့်အဖြစ်အပျက်တွေပါပဲ။ စိတ်ကူးယဉ်မှု မဟုတ်ဘူး။ အပုပ်ချစွပ်စွဲမှုတွေမဟုတ်ဘူး။ မြင်လား...ကြားလား..ကိုယ်ချင်းစာတရားလေးကို ထည့်ပြီးမြင် ကြည့်လိုက်စမ်းပါ။
ဒီလိုသာ မြင်တတ်လာမယ်ဆိုရင် ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်တွေကို ပူးပေါင်းဆောင်ရွက်လာချင် တဲ့စိတ်ဓာတ်တွေရှင်သန်လာမှာအမှန်တကယ်ပင်။
ငြိမ်းချမ်းရေးကိုတည်ဆောက်တဲ့အခါ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အရေးပါလာပါတယ်။ အဖွဲ့အစည်း တခုနဲ့တခုအကြား ဆွေးနွေးညှိနှိုင်းအဖြေရှာရင်းနဲ့အကောင်းဆုံးသောရလာဒ်တွေကိုမျှော်လင့်ရင်း ငြိမ်းချမ်း   ရေးကို တည်ဆောက်ကြပါစို့။
ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းဆိုတဲ့နေရာမှာ ကျွန်တော်တို့ရရှိထားတဲ့ငြိမ်းချမ်းရေးကို ဆုံးရှုံးမသွားအောင်  ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ခြင်းပါပဲ။ ငြိမ်းချမ်းရေးရလာရင် ကျွန်တော်တို့အားလုံး ထိန်းသိမ်းရမယ့် တာဝန်တရပ်ပင်။"ငြိမ်းချမ်းရေးကိုထိန်းသိမ်းပါ"ဆိုတဲ့ကြွေးကြော်သံဟာ ပြည်သူတရပ်လုံးရဲ့အသည်းနှလုံး ထဲအထိ နက်ရှိုင်းစွာ အမြစ်တွယ်လာလိမ့်မယ်လို့ ယုံကြည်နေမိတယ်။ တကယ်သာ ငြိမ်းချမ်းရေးကို ရရှိခဲ့ ပြီဆိုတဲ့အခါပေါ့။ ငြိမ်းချမ်းရေးကိုထိန်းသိမ်းဖို့ဆိုတာ ကျွန်တော်တို့ပြည်သူတရပ်လုံးအတွက် ပြောနေဖို့ မလိုအပ်ပါဘူး။ အားလုံးက ငြိမ်းချမ်းရေးကို အငမ်းမရလိုချင်နေကြတာ မဟုတ်ပါလား။ ငြိမ်းချမ်းရေးရရင် ဆိုတာဟာ ကျွန်တော်ပြောတဲ့ "ပြည်တွင်း စစ်ကြီးပြီးတဲ့ နောက်တနေ့" ဆိုတဲ့အချိန်ပေါ့။
ဟုတ်တယ်...ကျွန်တော်တို့ရဲ့အလှပဆုံးသောမျှော်လင့်ချက်တွေဆိုတာ ပြည်တွင်းစစ်ကြီးပြီးတဲ့ နောက်တနေ့ မှာ ရှင်သန်လာတယ်။ သာယာပျော်ရွှင်တဲ့ဘဝနေထိုင်နည်းတွေကို ကျွန်တော်တို့ရရှိပါလိမ့်မယ်။
ဒါဟာ"ငြိမ်းချမ်းရေးရဲ့အနှစ်သာရ"ပင်။ ပြည်တွင်းစစ်ကြီးပြီးတဲ့နောက်တနေ့မှာ မနက်ခင်းအရုဏ်ဦးနေခြည် ဟာ တင့်တယ်ဝေဖြာနေပါလိမ့်မယ်။ မနက်ခင်းနေခြည်နုနုကလေးတွေအောက်မှာ တေးသီငှက်လေးတွေ က တီတီတာတာသံစုံနှောလို့လှပနေပါလိမ့်မယ်။ မနက်ခင်းရဲ့လတ်ဆတ်တဲ့လေပြေတွေထဲမှာ ပန်းပေါင်း စုံရဲ့ရနံ့ကလေးတွေက မွှေးပျံ့ရီဝေနေတဲ့အပြင် လောကကြီးကို အရောင်အသွေးစုံလင်စွာနဲ့ အဖူးအပွင့်စုံ လင်စွာနဲ့ပန်းကလေးတွေဟာ လွတ်လပ်စွာပွင့်ဖူးဝေဆာနေပါလိမ့်မယ်။ လှပတင့်တယ်နေသော ပန်း ကလေးတွေအနားမှာ လိပ်ပြာပိတုန်း စတဲ့ပန်းချစ်သူတွေလည်း ဝိုင်းဝိုင်းလည်နေပါလိမ့်မယ်။ သိပ်ကို ဆွတ် ပျံ့ကြည်နူးဖွယ် မနက်ခင်းကလေးရဲ့ပန်းကလေးတွေကို
"ကျွန်တော်တို့ချစ်သော ကလေးတွေ" အဖြစ် မြင်ယောင်နေမိတော့တယ်။ သူတို့လည်း ပျော်နေမှာ သေချာ တယ်။
နွေးထွေးတောက်ပလှသော နေရောင်ခြည် အလင်းတန်းတွေအောက်မှာ မိသားစုတွေ စုံစုံညီညီနဲ့ အိုးမကွာ၊ အိမ်မကွာ ပျော်ရွှင်နေကြပြီ။ မိသားစုထမင်းဝိုင်းကလေးဟာလည်း အသက်ဝင်လှပ နေပါလိမ့်မယ်။ အပြုံး ကလေးတွေကိုယ်စီနဲ့ပျော်ရွှင်ချမ်းမြေ့ဖွယ် ကောင်းနေပါလိမ့်မယ်။ ကျောင်းသွားကျောင်းပြန်လမ်းမထက်က ကဗျာရွတ်သံ အော်သံတွေ ညံစီဝေဆာနေပါလိမ့်မယ်။ ကျောင်းတက်ခေါင်းလောင်းသံရဲ့အောက်မှာ စာ ကျက်သံ၊ စာအံသံတွေနဲ့အတူ လှပတဲ့အနာဂတ်တွေဆီကို ပုံဖော်ထုဆစ်နေပါလိမ့်မယ်။ ဆရာ/ဆရာမ ၊ကျောင်းသား/သူ နဲ့ မိဘတွေရဲ့ စည်းလုံးညီညွတ်မှုကနေတဆင့် ပညာရေးကို မြှင့်တင်ပေးနိုင်တော့မယ်။ ကလေးဘဝရဲ့လွတ်လပ်တက်ကြွတဲ့ ပျော်ရွှင်မှုတွေကို ကလေးတွေရရှိခံစားနိုင်ပါလိမ့်မယ်။
သွေးခွဲစကားသံတွေကို မယုံကြည်တော့ဘူး။ တိုင်းရင်းသားအားလုံးဟာ အေးအတူပူအမျှ ပေါင်းသင်း ဆက်ဆံနေထိုင်ကြပါလိမ့်မယ်။ ရသင့်ရထိုက်တဲ့အခွင့်အရေးကို တန်းတူညီစွာရရှိပါလိမ့်မယ်။ အားလုံးဟာ ကိုယ်ကျိုးမဖက်ဘဲ ပရဟိတစိတ်ဓာတ်တွေကို မွေးမြူလို့ တယောက်ကိုတယောက်ကူညီရင်း ခရီးဆက်လာ လိုက်တာ သွေးစည်းညီညွတ်ပြီး ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ ပတ်ဝန်းကျင်ကလေးကို ဖန်တီးနိုင်လာပါလိမ့် မယ်။ စည်းလုံးညီညွတ်ခြင်းနဲ့အတူ ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်း လာနိုင်ပါလိမ့်မယ်။ တယောက်သော သူက တယောက်သောသူရဲ့ကောင်းကျိုးချမ်းသာကိုသာ အလိုရှိတဲ့ မေတ္တာတရားကိုမွေးမြူရင်း တိုင်းရင်း သားညီအကို၊ မောင်နှမများအားလုံးဟာ ကြည်ဖြူ စွာ လက်တွဲနေထိုင်ကြပါလိမ့်မယ်။
ငြိမ်းချမ်းရေးအတွက်ဆိုတဲ့ ဆန္ဒပြပွဲတွေရှိတော့မှာမဟုတ်ဘူး။ "ပြည်တွင်းစစ် ချက်ချင်းရပ်""စစ်ပွဲတွေရပ် " အပစ်အခတ်တွေရပ်"ဒီလိုကြွေးကြော်သံတွေရှိတော့မှာမဟုတ်ဘူး။စစ်မြေပြင်ဆိုတာမရှိတော့ဘူး။ စက်သေ နတ်သံတွေမရှိတော့ဘူး။ အမြောက်သံဗုံးသံတွေ၊ မိုင်းသံတွေမရှိတော့ဘူး။ စစ်ဘေးဒုက္ခသည် စခန်းတွေ မရှိတော့ဘူး။ စစ်ပွဲလည်း မရှိတော့ဘူး။ ခြေပြတ်လက်ပြတ် သွေးထွက်သံယို တိုက်ပွဲတွေ မရှိတော့ဘူး။ ပြိုကွဲသွားတဲ့ မိသားစုတွေမရှိတော့ဘူး။ အဲဒီလိုနေ့တနေ့ဟာ ပြည်တွင်းစစ်ကြီး ပြီးသွားတဲ့နောက်တနေ့ပေါ့။
ပြည်တွင်းစစ်ကြီးပြီးတဲ့နောက်တနေ့မှာ ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံရေးအခြေအနေဟာ တည်ငြိမ်အေးချမ်း လာပါလိမ့်မယ်။ လူမှုရေးဆိုတဲ့နေရာမှာ ပြည်တွင်းရော ပြည်ပပါ မျက်နှာပွင့်စွာ အရေးတယူ ဆက်ဆံလာ ပါလိမ့်မယ်။ နိုင်ငံရဲ့စီးပွားရေးဟာလည်းပဲ တိုးတက်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင်တော့ ကျွန်တော် တို့ဟာ ငြိမ်းချမ်းတဲ့လူ့အဖွဲ့အစည်းတခုကို ပိုင်ဆိုင်လိုက်တဲ့ နေ့တနေ့ဖြစ်တဲ့အတွက် လူ့အခွင့်အရေးတွေကို အပြည့်အဝရရှိပြီး လုံခြုံမှုရှိတဲ့ပတ်ဝန်းကျင်တခုမှာ ဖန်တီးမှုစွမ်းအားတွေကို တိုးတက်လာစေပါလိမ့်မယ်။ သာတူညီမျှတဲ့အခွင့်အရေးအောက်မှာ လူတန်းစားအားလုံးဟာ ပျော်ရွှင်စွာနဲ့ နေထိုင်နိုင်ပါလိမ့်မယ်။
ငြိမ်းချမ်းရေးဆိုတာ သာယာပျော်ရွှင်ကျေနပ်စရာကောင်းသော ဘဝနေထိုင်နည်းတခုပဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအမှန်တကယ်ရရှိတဲ့အခါ ကျွန်တော်တို့ဘဝတွေဟာ ပျော်ရွှင်ဖွယ်အတိပြီးတဲ့ရှင်သန်ခြင်းပဲ ဖြစ် ပါလိမ့်မယ်။ ငြိမ်းချမ်းရေးကို ဖန်တီးဖို့အတွက် မေတ္တာတရားကို ရှေ့တန်းတင်နေထိုင်ကြပြီး ကိုယ်ချင်းစာ တရားမွေးမြူပြီး ကျင့်ကြံနေထိုင်ခြင်းကသာ အဓိကကျပါလိမ့်မယ်။
            ကျွန်တော်စိတ်ကူးယဉ်ပြီး ပျော်ရွှင်ကြည်နူးမိတဲ့နေ့တနေ့ဟာ ပြည်တွင်းစစ်ပြီးတဲ့ နောက်တနေ့ပေါ့။
မေတ္တာတရားတွေပွားများရင်း ကိုယ်ချင်းစာတရားနဲ့နေထိုင်ရင်း ငြိမ်းချမ်းတဲ့လူ့အဖွဲ့အစည်းတခုအဖြစ် ဖန်တီး ကြပါစို့။ 

        ငြိမ်းချမ်းကြပါစေ

         သျှင်မျိုးငယ်