သစ်ခက်သံလွင် ကဗျာစင်မြင့်၊ နရီမင်း၊ နွန်လတ်နှင့် အာကာဦးတို့၏ ကဗျာများ

လက်ဆော့ထားသော ဝါကျများ
KT#
ပျော်ရွှင်ခြင်းကင်းတဲ့ နိုင်ငံတော်က
ပျော်ရွှင်ခြင်းမဲ့ လမ်းတွေပေါ်
ကိုယ်
တိုင်က မပျော်ရွှင်တဲ့ မိန်းမပျက်ဆီကနေ
ပျော်ရွှင်ခြင်းကို အနည်းဆုံး တညလောက်
ဝယ်လို့ရမယ် ထင်အောင်
အမှားကြီး မှားခဲ့တယ်။
ပျော်မယ်ထင်လို့ သောက်ခဲ့တဲ့ အရက်က
ပြန်အန်လို့ မရအောင်
ဝမ်းဗိုက်ထဲ အော်ဂလီဆန်နေတယ်။
ကြည်ညိုစရာ တကွက်မှမရှိတဲ့ နိုင်ငံတော်က
နိုင်
ငံတော်အကြည်ညိုပျက်စေမှုနဲ့
လူတကာကို တရားစွဲနေတယ်။
မျှော်လင့်ခြင်းကို ပန်းလိုပွင့်လာမယ်
ထင်နေသေးရင်
မင်းဟာ လူရော ဦးနှောက်ပါ
ပန်းသေနေသူသာဖြစ်တယ်။
သူခိုးကို သူခိုးလို့ အော်မိရင်
သူခိုးက ထောင်မကျဘဲ
အော်တဲ့သူ ထောင်ကျမယ်။
ဘာမှ သောက်ဖြစ်ရှိအောင် မလုပ်နိုင်မှတော့
သူလုပ်နိုင်တဲ့ တခုတည်းသောအရာက
ဝေဖန်မယ့် ပါးစပ်
တွေ လိုက်ပိတ်ဖို့ပဲ။
မင်း ရေးနေတဲ့ဝါကျတွေ ရပ်လိုက်တော့တဲ့
သွေးဆုံးနေတဲ့ နိုင်ငံတော်ဟာ
စိဉ္စမာနလို ကိုယ်ဝန်အတုနဲ့။

နရီမင်
၂၂- ၁၁- ၂၀၁၆
….
စာရွက်
KT#
အဖြူထည် သက်သက်ပါ ပြောပြီး
ကျွန်တော်တို့ ဘဝထဲ
ဝင်လာတယ်။

ခဲတံနဲ့ ဝလုံး ဝိုင်းခဲ့
ခဲဖျက်နဲ့ ဝိုင်းဖျက်ခဲ့။

မင်ပြာနဲ့ စာရေးခဲ့
မင်နီနဲ့ မျဉ်းသားခဲ့။

မင်ခံစက္ကူနဲ့ ခံရေးတယ်
တံဆိပ်တုံးနဲ့ ဝိုင်းထုတယ်။

လက်မှတ်နဲ့ ဝိုင်းထိုးတယ်။

အထပ်ထပ် ခေါက်တယ်
စာအိပ်ထဲ ထည့်ပိတ်တယ်။

ဘာ အဖြူထည်လဲ
တွန့်လို့ ကြေလို့
မည်းလို့ သည်းလို့။

အမှိုက်တောင်းထဲ ပစ်ချလိုက်တဲ့အခါ
ဘယ်သူ လွန်ပါသလဲ။           ။

နွန်လတ် 
 …
ငါ့ရဲ့လူအဖြစ် နောက်ကျ ချင်တယ်
KT#
မှတ်ကျောက်ဟာ
ရွှေတုံးကိုပွတ်ပွတ်စားသလိုမျိုး
ခက်ထန်မာကျောခြင်းတွေက
အချိန်ကိုစားတယ်။
လူအဖြစ်ကိုရခဲ့ကြ
ဒါပေမဲ့ လူသားမဆန်ခဲ့ရ။
ငါတို့ရဲ့ခေတ်ပြိုင်က
အကျဉ်းထောင်နံရံ
ငါတို့ရဲ့လူငယ်ဘဝဟာ
ဟောဟောဒိုင်းဒိုင်းမရှိလှတဲ့
စကားဝိုင်း။

မောင်ထင်ရဲ့ငဘ
နိုင်ဝင်းဆွေရဲ့ ရေဆန်လမ်း
ဗန်းမော်တင်အောင်ရဲ့သူပုန်ကြီး
ငါတို့ဟာခေတ်ကို နာကျင်စွာဖြတ်သန်းတယ်။

သွေးစိမ်းရှင်ရှင်တွေနဲ့ လမ်းမများ
ဆေးလိပ် အရက်နဲ့
ကုန်ဈေးနှုန်းကြီးမြင့်မှု
၈၈ အရေးအခင်း
စစ်တပ်ရဲ့အာဏာသိမ်းမှု
နိုင်ပြီးရှုံးတဲ့ရွေးကောက်ပွဲ
မြန်မာ့ခရီးသွားနှစ်
ဖာရုံများ
လောင်းကစားပွဲများ
"မြစ်ကိုမြင်လျှင်တံတားဆင်မည်"
"မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်"
နဝတ နအဖခေတ်
ဟာသမဆန်သော
ပေါတောတောစကားလုံးများ
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး
နာဂစ်
ဖိနှိပ်ထားတဲ့ အခြေခံဥပဒေ
သက်ဆိုးရှည်နေတဲ့
ပြည်တွင်းစစ်
ပြောင်းလဲချိန်တန်ပြီ
ဖဲကြိုးများ
ကာလုံရဲ့ ကစားကွက်
ေ- ာက္ရူး ၆ ခါ။

လေရူးဟာ
နွေဦးကိုသွန်ချလိုက်တော့
ပြား ၅၀ ဒီမိုကရေစီခမျာ
ကျပ်ကျပ်တည်းတည်း။

ငါတို့မှာ
စွတ်စိုစရာဆိုလို့
အနုပညာနဲနဲပါးပါး
ချစ်ခြင်းမေတ္တာနည်းနည်းပါးပါး
အစာရေစာနည်းနည်းပါးပါး
အစစအရာရာရှားပါးခဲ့လေတော့
ငါ့ ရဲ့လူအဖြစ်
နှစ် ၃၀ လောက်နောက်ကျချင်လိုက်တာ။

အာကာဦး
၂၃.၁၁.၂၀၁၆
နံနက် ၆နာရီ ၆မိနစ်

Comments