သစ်ခက်သံလွင်ဝတ္ထုတို၊ နိုင်ဝင်းသီ၏ မြစ်ဆိပ်အော်ပရာ

မြစ်ဆိပ်အော်ပရာ- နိုင် ဝင်း သီ
POS
  ညသင်္ဘောနောက်ဆုံးအခေါက် ဆိုက် ကပ်ပြီးသွားလျှင်တော့ ဆက်ဒမ်အလွန် ဘဂ္ဂဒက်မြို့ပျက်ကြီးလို တိတ်ဆိတ်ခြောက်ကပ်သွားတော့သည်။
ထိုအချိန်မျိုးတွင် သင်္ဘောပေါ်မှဝန်စည်စလယ်များကိုထမ်းပိုးသယ်မရန် ဆိပ်ခံတံတားတလျှောက် ဆိပ်ကမ်း အလုပ်သမားတွေ အိပ်မှုန်စုံမွှားဖြင့်ဆင်းသွားကြပုံမှာ တစ္ဆေသရဲတွေ ညကြီးထဲမှာ လွင့်မျောသွားသည်နှင့် ပင် တူနေသေးတော့သည်။

"ဈေးထဲသွားပြီး တပိဿာ    တပိဿာ   ခွဲကောင်တကောင်လောက်ဝယ်လိုက်ရင် ဒီကောင်တွေအုပ်စု စားလောက် ရုံတင်မကဘူး၊ ကျန်တဲ့အမြီးပိုင်းနဲ့ပါ ဒီကောင်တွေခေါင်းကို ရိုက်ခွဲလို့ရပါတယ်ကွာ။ ငါးတကောင်ရဲ့တန်ဖိုး ဟာ ဒီကောင်တွေသောက်နေတဲ့အရက်ပုလင်းတလုံးဖိုးမရှိပါဘူး။ဒီကောင်တွေလုပ်တာနဲ့ မြစ်ထဲက ငါးတွေ လည်း အကျင့်ပျက်ကုန်ပြီကွ။ တီကောင်နဲ့မျှားတာကို ဟပ်ရကောင်းမှန်းမသိတော့ဘူး"
ထိုနေ့က မြစ်ဆိပ်တခုလုံးသည် ငြိမ်သက်နေသောတိမ်တိုက်များအောက်၌ခါတိုင်းရက်တွေကလိုပဲ ရှုပ်ထွေး လှုပ်ခတ်နေခဲ့သည်။
ထိုစကားကို မကျေမချမ်းဖြင့်ပြောခဲ့သူမှာ မြစ်ဆိပ်သို့နေ့စဉ်လာ၍ငါးမျှားလေ့ရှိသော အဘိုးကြီး တယောက်ြ ဖစ်ပါသည်။
       ထိုနေ့က တနေကုန်အောင် ငါးထိုင်မျှားနေသော်လည်း တကောင်တမြီးမှရမလာသောအခါ ဒေါပွပွဖြင့် ထိုစကားကို ပြောခဲ့ခြင်းဖြစ်သည်။
    သူကတော့ တီကောင်တွေအထွေးလိုက်ထည့်ထားသော ငါးစာဘူးကို မြစ်ထဲသို့ ဒေါသတကြီးလွှင့်ပစ် ပြီး ရှူးရှူးရှဲရှဲဖြင့် ထပြန်သွားသော အဘိုးကြီးကိုကြည့်ကာ ဆွံ့အ ငြိမ်သက်ပြီး ကျန်ရစ်ခဲ့လေသည်။
      ခုတလော မြစ်ကမ်းနံဘေးသို့ အက္ခရာမြင့် ကားတစီးဖြင့်ရောက်လာလေ့ရှိသောလူတစုကို သူလည်း သတိပြုမိပါသည်။
  ထိုလူတွေရောက်လာလေတိုင်း ရေစီးသံသဲ့သဲ့မှလွဲ၍  တိုးရီတိတ်ဆိတ်နေသောညသည် စကားပြော သံ များ၊ ရယ်မောသံများ၊ သီချင်းဆိုသံများ၊ ဘီယာဘူးဖောက်သံများ၊ ဖန်ခွက်ချင်းထိခတ်သံများဖြင့် ပူနွေးသက် ဝင်လာလေ့ရှိသည်။
          တခါတရံ  မြစ်ကမ်းနားတလျှောက် မွှေးရီသင်းပျံ့သော ငါးကင်ရနံ့ပင် စီးလွင့်လာတတ်သေးသည်။
ထိုလူတွေ မြစ်ဆိပ်ညထဲသို့ ရောက်လာလေတိုင်း ဘီယာတွေတဘူးပြီးတဘူး ဖောက်သောက်ပြီး ငါးထိုင် မျှားလေ့ရှိသော ဗိုက်ပူပူနှင့်လူကြီးတွေပါ ပါလာတတ်သည်။
သူတို့မျှားသည့်ငါးမျှားတံမှာ နိုင်ငံခြားမှလာသောငါးမျှားတံများဖြစ်ပြီးသူတို့သုံးလေ့ရှိသည့်ငါးစာဘူးမှာလည်း နိုင်ငြံ ငံခြားမှလာသော အသားဘူးများဖြစ်လေသည်။
   ထိုအသားဘူးများ၏ ထူးကဲသောအရသာသစ်ကိုမြီးစမ်းပြီးချိန်မှစ၍  မြစ်ထဲမှငါးများသည် စိတ်ပြောင်း သွားပုံရသည်။ တီကောင်တမျိုးတည်းဖြင့် နှစ်ပေါင်းများစွာ မျှားလာခဲ့သောအဘိုးကြီး၏ ငါးမျှားချိတ်ကိုလာ ဟပ်ဖို့နေနေသာသာ အနားသို့ပင် မသီတော့ချေ။
  ထိုကဲ့သို့သော ပြောင်းလဲပုံမျိုးဖြင့် မြစ်ဆိပ်၏အမှတ်သင်္ကေတတခုလို နှစ်ပေါင်းများ စွာတည်ရှိလာခဲ့သော အဘိုးကြီးသည် သူတို့မျက်စိရှေ့မှောက်မှ မှုန်ဝါးပျောက်ကွယ်သွားခဲ့ပါသည်။
ဘာပဲပြောပြော သူကတော့ အဘိုးကြီးထိုင်နေကျ ကမ်းပါးလေးကိုကြည့်ပြီး တနေရာရာမှာ တစုံတခုခု လွဲချော်မှားယွင်းနေသလိုလို အမြဲတစေ ခံစားခဲ့ရသည်။
ငါးတွေကိုပဲ အပြစ်တင်ရမှာလား၊ နှစ်ပေါင်းများစွာ တီကောင်တမျိုးတည်းဖြင့် မျှားလာခဲ့သော အဘိုးကြီး အပေါ်ကိုပဲ အပြစ်ပုံချရမှာလားဆိုတာကိုတော့ သူ့ကိုယ်သူလည်း မဝေခွဲတတ်ပါချေ။
တနေ့သားမှာတော့ စုပ်စမြုပ်စပျောက်ကွယ်သွားသောအဘိုးကြီးအကြောင်းကို ပြဇာတ်မင်းသားက စကားစ လာလေသည်။
ဇာတ်အဖွဲ့တဖွဲ့၌ ပြဇာတ်မင်းသားလုပ်လာခဲ့သော ထိုလူသည် မီးရောင်မီးပွင့်များ အောက်၌တောက်စားစဉ် ကာလများအတွင်း လှပချွန်မြသောစကားလုံးများဖြင့် ပရိသတ်များကို မြူညှို့နိုင်ခဲ့သူဖြစ်သည်။ သူယူထားေ သာမိန်းမသည်ပင် မီးရောင်အောက်မှ သူ့စကားလုံးများကို တိမ်းမူးစွဲလမ်းပြီး သူနှင့် ရေစက်ဆုံခဲ့သူ ဖြစ်ေ လသည်။
သို့ငြား..အကြောင်းတရားအမျိုးမျိုးကြောင့် ဇာတ်ခုံနှင့်စိမ်းကားပြတ်တောက်ပြီးလူ့လောကကြီးထဲသို့ရောက်ရှိ လာချိန်မှာတော့  မီးရောင်အောက်မှာ သူပြောခဲ့သောစကား လုံးများသည် နေမှုဘဝထဲတွင် မည်သည့်နေရာ မျိုးမှာမှ အသုံးမဝင်ကြောင်း ထိုမိန်းမတွေ့ရှိ သွားခဲ့ပါသည်။
သည်လိုနှင့်ပဲ လက်တွေ့မဆန်သော သူတို့၏အိမ်ထောင်ရေးမှာ တခါတရံစကားတွေများ၊ တခါတရံအိုးတွေ ခွက်တွေရိုက်ခွဲ၊ တခါတရံတယောက်နှင့်တယောက် လုံးထွေးသတ်ပုတ်ပြီး အက်ကြောင်းတွေ ဖြာထွက် လာခဲ့သည်။
သူ့မိန်းမအပြင်းထန်ဆုံးပေါက်ကွဲခဲ့သော ထိုညက.........
"ချစ်ခြင်းမေတ္တာဆိုတာ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး ရွေ့လျားပြောင်းလဲတတ်တဲ့သဘောမျိုး ရှိလိမ့် မယ်လို့ကိုယ်ဘယ်တုန်းကမှ မထင်ခဲ့ဘူးဟန်နီ၊ ဘယ်လိုအခြေအနေမျိုးကိုရောက်ရောက် ဟန်နီဟာ ကိုယ်နဲ့ ပတ်သက်ပြီး ဘယ်သောအခါမှ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ကိုယ်အကြွင်းမဲ့ယုံကြည်ခဲ့ဖူးတယ်။ လသာ ညတွေမှာ ဟန်နီကိုယ့်အပါးမှာ ရှိခဲ့သလို လမိုက်ညတွေမှာလည်း ဟန်နီဟာ ကိုယ့်အပါးမှာရှိလိမ့်မယ်လို့ ရူးသွပ်မိုက်မဲစွာနဲ့ ယုံကြည်ခဲ့သူပါဟန်နီ" ဟု သွေ့ခြောက်ညှိုးရီသောမျက်လုံးများဖြင့် အလှပဆုံးစကားလုံး များကို ရွေးချယ်ပြီ ပြောဆိုခဲ့သော်လည်း ဘဝတခုရပ်တည်ရှင်သန်ရေးအတွက် မိုးလင်းမှမိုးချုပ်ခြေရော လက်ပါ အဆက်မပြတ်လှုပ်နေရသော သူ့မိန်းမက.....
"ရူးသွပ်မိုက်မဲတာဟာ ရှင်မဟုတ်ဘူး။ ကျွန်မ...ကျွန်မ" ဟု ဆောင့်ကြီးအောင့်ကြီးနှင့် ပြောဆိုပြီး အိမ်ပေါ်မှ ဆင်းသွားခဲ့ပါသည်။
ထိုညက ပြဇာတ်မင်းသားသည် ဝီစကီကို မူးရူးအောင်သောက်ပြီး မြစ်ပြင်ထဲသို့ ခုန်ချမည် တကဲကဲလုပ်နေ ၍ မနည်းဝိုင်းဆွဲထားရသည်။
သူသတိပြုမိသလောက်တော့ ပြဇာတ်မင်းသားသည်အငြိမ်သမားတယောက်ဖြစ်ပြီးသူ့ခေါင်းပေါ်မှအမောက်ကိုသာ အရိပ်တကြည့်ကြည့်နှင့် သနေတတ်သူဖြစ်သည်။ တခုပဲပြောစရာရှိသည်။ ပြောသမျှစကားလုံးတိုင်းသည်ပြ ဇာတ်ဆန်နေခြင်းပင်။
အခုပဲကြည့်။ မြစ်ဆိပ်မှ ကွယ်ပျောက်သွားသော အဘိုးကြီးနှင့်ပတ်သက်ပြီး သူ့နှုတ်ဖျားက ထွက်ကျ လာသော စကားလုံးများသည် ဇာတ်ဆန်နေပြန်သည်။
  "ဘဝဆိုတာ ဘယ်လိုဆုံးသွားမယ် မှန်းမသိတဲ့ ပြဇာတ်ရှည်ကြီးတပုဒ်ကို ခင်းကျင်း ကပြနေတာပါဗျာ။ ကျွန်တော့်အထင်ကိုပြောရရင်တော့ အဘိုးကြီးရဲ့ဘဝဟာ အဆုံးသတ်သွားတာ မဟုတ်ပါ ဘူး။ မြစ်ဆိပ်နဲ့ ပတ်သက်တဲ့ သူ့ရဲ့ဇာတ်ဝင်ခန်းတွေသာပြီးဆုံးသွားခဲ့တာပါ"
သူ့စကားကို သူတို့အုပ်စုထိုင်နေကျ မြစ်ဆိပ်ကဖေးဆိုင်မှဆိုင်ပိုင်ရှင်ထောက်ခံခဲ့သော်လည်း ကဗျာဆရာ ကတော့ သူ့ခေါင်းကို အသာယမ်းပါသည်။
              "ကျွန်တော့်စိတ်ထဲမှာတော့  အဲဒီသင်္ဘောအိုကြီးဟာ တနေ့နေ့တချိန်ချိန်မှာ ဒီနေရာလေးကို လာပြီး ကျောက်ချရပ်နားလိမ့်မယ်လို့ထင်နေတုန်းပဲဗျာ။ သူဟာ လှိုင်းဒဏ်လေဒဏ်ကိုကြံ့ကြံ့ခံပြီး ပင်လယ်ေ တွတစင်းပြီးတစင်း ဖြတ်သန်းလာခဲ့တဲ့ သင်္ဘောတစီးဗျ"
ကဗျာဆရာ၏ စကားကိုကြားရပြန်တော့ ကဖေးဆိုင်ပိုင်ရှင်က "အင်း....ဒါလည်းဖြစ်နိုင်တာပဲဗျ" ဟု ပြောပြီး ကဗျာ ဆရာကိုထောက်ခံပြန်လေသည်။
ကဗျာဆရာအတွက်တော့ ခေတ်ပြိုင်လူ့အဖွဲ့အစည်းထဲမှ လူတဦးချင်းစီ၏ဘဝအဆင်အကွက်များသည် သူ့ အတွက်အမြဲတစေ ကဗျာများ ဖြစ်နေခဲ့သည်။
သူသတိပြုမိသလောက် ဆိပ်ကမ်းအလုပ်သမားများ၏ဇင်သားအင်္ကျီပြာပြာအောက်က ဆားပွင့်နေသောေ နလောင်အရေပြားများကလည်း ကဗျာတပုဒ် ဖြစ်သည်။
မိုးကုပ်စက်ဝိုင်းအောက်မှာ အစက်အပြောက်ကလေးများသဖွယ် ပြန့်ကျဲနေသော တံငါလှေကလေးများက လည်း ကဗျာတပုဒ်ဖြစ်သည်။
ပြင်သစ်ရေမွှေးရနံ့ မွှေးရီနေသော မိန်းမတယောက်၏ ပူနွေးသောအနမ်းတွေကလည်း ကဗျာတပုဒ်ဖြစ် သည်။ မြစ်ရေပြင်ကို စက်သံတထိန်းထိန်းပေးပြီး ဆန်တက်လာသော သစ်ဆွဲမော်တော်လေးများကလည်း ကဗျာတပုဒ်ဖြစ်သည်။ မြစ်ဆိပ်ညထဲမှာ ဖျိုးခနဲဖျပ်ခနဲတွေ့ရတတ်သော လိပ်ပြာမလေးတွေကလည်း ကဗျာ တပုဒ်ဖြစ်သည်။ ကုန်ကုန်ပြောရလျှင် မျှားစရာငါးမရှိလျှင် တယောက်နှင့်တယောက် ပြန်မျှားလေ့ရှိသော ဗိုက်ပူပူနှင့် လူကြီးတွေပင်လျှင် သူ့အတွက် ခေတ်ပေါ်ကဗျာတပုဒ် ဖြစ်နေလေသည်။
 ပြောမည်ဆိုလျှင်တော့ မြစ်ဆိပ်သည်ပင် သူ့အနုပညာဘဝအတွက် ဘယ်သောအခါမှပြီးဆုံးသွားမှာ မဟုတ်သော ခေတ်ပေါ်ကဗျာများပင် မဟုတ်ပါလား။
သို့သော်လည်း  ပြင်ပဘဝထဲမှာတော့ ကဗျာဆရာ၏ အာရုံခံစားမှုများကို မည်သည့်အရာများက စုပ်ယူသွား သည်မသိချေ။
ကဗျာဆရာထံမှာ ကဗျာဓာတ်တွေ ပြတ်တောက်နေခဲ့သည်မှာ ကာလအတန်ပင်ကြာမြင့်ခဲ့ပါပြီ။ သူတို့အမြင် မှာတော့ကဗျာဆရာသည် ခေတ်ပေါ်ကဗျာများအစား ခေတ်ပေါ်အရက်များကိုသာတပတ်လျှင်တမျိုးခန့်   ပြောင်းသောက်နေသူဖြစ်သည်။
ဘဝထဲမှာ အနုပညာတွေပျောက်ဆုံးနေသော ကဗျာဆရာသည် မြစ်ဆိပ်ကိုတော့ အစွဲအလမ်းကြီးသူဖြစ် ပါသည်။ အချိန်နာရီအပိုင်းအခြားသာ ပြောင်းလဲလျှင် ပြောင်းလဲသွားမည်။ မြစ်ဆိပ်ကိုတော့ နေ့တိုင်းလိုလို ရောက်လာတတ်သည်။
  မြစ်ဆိပ်ကဖေး၏ ဝဲဖက်အစွန်ဆုံးစားပွဲမှာ သူထိုင်နေကျ စားပွဲဖြစ်သည်။
ထိုနေရာလေးမှာ ထိုင်ပြီး မြစ်ဆိပ်ထဲမှ အသံဗလံများ၊ အနံ့အသက်များ၊ အရိပ်နှင့်အရောင်များကို မပျင်းမရိ ကြည့်ငေးနေတတ်သည်။
  မြစ်ဆိပ်မှာ လူသံသူသံများ၊ မြင်းလှည်းသံနှင့် မြို့ပတ်ကားသံများ၊ ဈေးသည်များ၏ဈေးရောင်းသံများ၊ ကလေးငိုသံများ၊ ဆိပ်ကမ်းအလုပ်သမားများ၏ အော်ဟစ်သံများ၊ လက်ဖက်ရည်ဆိုင်များမှပြန့်ကျဲလွင့်ကျ လာသော ဂီတသံများဖြင့် ဆူပွက်လှုပ်ခတ်နေတတ်သော်လည်း ညသင်္ဘောနောက်ဆုံးအခေါက် ဆိုက် ကပ်ပြီးသွားလျှင်တော့ ဆက်ဒမ်အလွန် ဘဂ္ဂဒက်မြို့ပျက်ကြီးလို တိတ်ဆိတ်ခြောက်ကပ်သွားတော့သည်။
ထိုအချိန်မျိုးတွင် သင်္ဘောပေါ်မှဝန်စည်စလယ်များကိုထမ်းပိုးသယ်မရန် ဆိပ်ခံတံတားတလျှောက် ဆိပ်ကမ်း အလုပ်သမားတွေ အိပ်မှုန်စုံမွှားဖြင့်ဆင်းသွားကြပုံမှာ တစ္ဆေသရဲတွေ ညကြီးထဲမှာ လွင့်မျောသွားသည်နှင့် ပင် တူနေသေးတော့သည်။
မည်ကဲ့သို့သော အခြေအနေမျိုးပင် ဖြစ်နေပါစေ။ မြစ်ဆိပ်သည် ကဗျာဆရာအတွက် ဘယ်သောအခါမှ ရိုး အီသွားမှာမဟုတ်သော ပန်းချီကားတချပ်ပင်ဖြစ်သည်။ မြစ်ဆိပ်၏ အရိပ်နှင့်အရောင်တွေ သူ့အာရုံထဲကို ပွတ် သပ်တိုးဝင်သွားလေတိုင်း အရာအားလုံးကို သူမေ့လျော့သွားတတ်သည်။
တခါတရံ သူ့ဘေးသို့ အရူးအနှမ်းမလေး မရွှေကျေးဖျပ်ခနဲရောက်လာပြီး သူ့ကော်ဖီခွက်ကိုပိုင်စိုးပိုင်နင်း   ကောက်သောက်လိုက်လျှင်လည်း နူညံ့သောမျက်လုံးများဖြင့်သာ သည်ကလေးမလေးကို ကြည့်နေတတ် သည်။
ဒါကတော့ သူမှမဟုတ်။ မြစ်ဆိပ်အဝန်းအဝိုင်းကို တည်မှီပြီးနေရသူအားလုံးသည် မရွှေကျေးဟုဆိုလိုက် လျှင်ခွင့်လွှတ် ထားရပါသည်။
မြစ်ရေ အတိုးအဆုတ်ရှိသော ကမ်းနားပိုင်းတနေရာရှိ ခြေတံရှည်တဲစုလေးမှာ မရွှေကျေးနေထိုင်ပါသည်။ ပြွတ်ခဲကျပ်သိပ်နေသော ထိုတဲအိမ်စုစုလေးကို မြင်တွေ့နေရသည်မှာ တကောင်နှင့်တကောင် လည်ချင်း ယှက်ပြီး ပူးကပ်မှီနွဲ့နေသော ငှက်ကျားအုပ်တအုပ်ကို မြင်ရသည်နှင့်ပင် တူနေသေးတော့သည်။
တခါတရံ မရွှေကျေးကို ကမ်းနားလမ်းတလျှောက်ရှိ ဈေးဆိုင်တန်း၌ အသံစာစာစာစာနှင့် မြင်ရလေ့ရှိသည်။ တခါတခါမှာတော့ မြစ်ဆိပ်ကဖေးမှာ၊ တခါတခါမှာတော့ ဆိပ်ကမ်းအလုပ်သမားတွေ စုဖွဲ့နေသည့် ကျားဝိုင်း မှာ။
တခါတခါကျတော့လည်း မြို့ပြနှင့် နာရီဝက်တခေါက် စုန်ချည်ဆန်ချည်ကူးသန်းနေသော ကူးတို့သင်္ဘောေ ပ်ါမှာ သီချင်းတကြော်ကြော်နှင့်။
တခါတခါများမှာ ဝိုင်းဖွဲ့လက်ခုတ်တီးပေးသူများရှိလျှင် ကားဂိတ်လို၊ မြင်းလှည်းဂိတ်လိုနေရာမျိုးမှာ မြူးတူး က ခုန်နေတတ်သေးသည်။
မရွှေကျေးမှာစိတ်မနှံ့သူလေးပင်ဖြစ်သော်လည်း သွယ်လျညိုစင်သော သူ့ခန္ဓာကိုယ်ကိုသနပ်ခါး ခြေဆုံးေ ခါင်းဆုံးလိမ်းပြီး ရာသီပေါ်ပန်းများကို ဝေနေအောင် ပန်ထားတတ်သူဖြစ်လေသည်။
ကဗျာဆရာကတော့ သူကလေးရဲ့မျက်ဝန်းတွေကို ကြည့်ပြီး.....
"သူ့မျက်လုံးတွေဟာ ကလော်ဒီယာရှာဖာရဲ့မျက်လုံးတွေနဲ့ တူတယ်ဗျ" ဟု သူ့ကို တိုးတိုးလေး ပြောခဲ့ဖူး သည်။
သည်လိုနှင့်ပဲ မြစ်ဆိပ်သည် လှိုင်းဒဏ်လေဒဏ်များအောက်မှာ တနေ့တခြား ရင့်ကျက်လာခဲ့ပြီး မြစ်ကတော့ ရာသီဥတုကြမ်းရှလျှင် သွေးနည်းနည်းဆူတတ်ကြောင်း သူတို့လည်း သတိပြုမိခဲ့သည်။
  ထိုရက်တွေထဲမှာပဲ ကဗျာဆရာသည် ပျောက်ဆုံးနေသော သူ့ကိုယ်သူ ပြန်လည်ရှာဖွေတွေ့ရှိဖို့ ကြိုးစားနေ ဆဲဖြစ်သလိုပြဇာတ်မင်းသားသည်လည်း  မြစ်ဆိပ်မှာတနေကုန်ထိုင်ပြီး သူ့မိန်းမ ကို စောင့်မျှော်နေဆဲဖြစ် သည်။
ကဖေးဆိုင်ပိုင်ရှင်ကတော့ ညောင်မြစ်တွေလိုရှည်ထွက်လာသည့်မုတ်ဆိပ်မွေးတွေကို လက်နှင့်မကြာမကြာ သပ်ပြီး အဘိုးကြီးငါးထိုင်မျှားတတ်သည့် နေရာဟောင်းလေးကို ငေးရီကြည့်နေတတ်သည်။
သူကတော့ မြစ်ဆိပ်တခုလုံးကို မည်းမှောင်တိတ်ဆိတ်သွားစေသည့် မရွှေကျေးလေးဆီကိုပဲအာရုံက ကပ်ငြိ လို့နေသည်။
တဆက်တည်းမှာပင် တနေ့တခြားမို့ဖောင်းလာသည့် မရွှေကျေး၏ဗိုက်ထဲမှ ကလေးနီတာရဲလေးသည် မည် သူနှင့်များတူနေလေမည်လဲဆိုတာကို မွတ်သိပ်စွာနှင့်သိချင်နေမိလေသည်။  ။

                            နိုင်   ဝင်း   သီ
ပန်းအလင်္ကာ မဂ္ဂဇင်း- ၂၀၀၅ ခုနှစ်၊ မေလ

Comments