သစ်ခက်သံလွင် တကိုယ်တော်၊ တောင်တွင်းမောင်မုန်းမာန်၏ ကဗျာများ

အမေ့ရွာ
www.joan-miro.net
ရေတိုက်စား ကမ်းပါးပြို
ရွာလာယာဆုတ်။
ရှင်မရေ…
မရောက်တာကြာ အမေ့ရွာ
ချိုးကူသံလေး ပြန်ပြန်တွေး
လွမ်းမိသေးရဲ့။ ။

တောင်တွင်းမောင်မုန်းမာန်
 ….
ငြိမ်းချမ်းရေး ၁
www.overstock.com
ချိုင်းထောက်ကိုအားပြု
ကြောင်မလေးကို ပွေ့ထားတဲ့ကောင်မလေး
အဖေအမေလာမယ့်လမ်းမျှော်ငေးနေ။ ။

တောင်တွင်းမောင်မုန်းမာန်
….

ချက်ကျောက်တွေ
www.spaightwoodgalleries.com
 
လေကြောက်ရ မိုးကြောက်ရ နေကြောက်ရ
ကြောက်ရကြောက်ရနေတုန်း
ကျောက်တစ်လုံးကောက်ရ
ကောက်ရတဲ့ကျောက်တစ်လုံး
`ထွီ´ချက်ကျောက်တဲ့။ ။

တောင်တွင်းမောင်မုန်းမာန်
  ငြိမ်းချမ်းရေး၂
www.joan-miro.ne
စာသင်ကျောင်းလေးမီးထဲပါသွား
ပြေးပြေးလွှားလွှားဗုံးသံသေနတ်သံတွေကြား
ကလေးတို့
တုန်လှုပ်စိုးရိမ်နေကြ။ ။

တောင်တွင်းမောင်မုန်းမာန်
 အဆိပ်သင့် အသည်းကွဲ ညနေခင်း
www.joan-miro.net
စိတ်ကူးယဉ်ခဲ့သမျှထယ်ထယ်ဝါဝါဖြန့်ခင်း
လရောင်မှာခွာညိုပန်းကလေးတွေအေးစက်ခဲ့သလို မျက်ရည်တွေအကြိမ်ကြိမ်အထပ်ထပ်လွမ်းဖွယ်ပြိုလဲလောင်ကျွမ်း ယိမ်းနွဲ့နေတဲ့နေရောင်မှာသောင်တင်နေတဲ့ချစ်ခဲ့သမျှနာကျင်စရာတွေ
နေကြာရိုင်းတွေလေနုအေးပေါ်ဖြတ်ခနဲငြိမ်သက်
ခြောက်သွေ့အက်ကွဲရာအရပ်မှာပျံ့လွင့်နေတဲ့စိတ်ကူးတွေ အလုအယက်ရောက်လာတယ် ချိုမြိန်သန့်စင်အပြာရောင်လိပ်ပြာလေး ပျံသန်းလွတ်မြောက်သစ္စာတေးနဲ့တဝဲဝဲလည် သပြေညိုရောင်နှင်းဆီရနံ့အိပ်မက်ခေါင်းလောင်းသံတွေပွေ့ထားတဲ့
ကောင်လေးတယောက်ရဲ့ရင်ထဲကသံယောဇဉ်နွေဦးဇာတ်ဝင်ခန်း
နူးညံ့စွာအဆိပ်သင့်အသည်းကွဲညတွေ …စိမ်းလန်း။ ။

တောင်တွင်းမောင်မုန်းမာန်





Comments