Thursday, October 6, 2016

k

သစ်ခက်သံလွင် ဘာသာပြန်ကဗျာ၊ ငြိမ်းဝေ(ကဗျာ့ အိုးဝေ)၏ "ရဟူဒီကဗျာဆရာ မင်ဒယ်လ်စတန်းရဲ့ ကဗျာများ(၁)"

ရဟူဒီကဗျာဆရာ မင်ဒယ်လ်စတန်းရဲ့ ကဗျာများ 
 
ဘာသာပြန်ဆိုသူရဲ့အမှာ...
ငြိမ်းဝေ(ကဗျာ့ အိုးဝေ) 

(က)
 ရုရှနိုင်ငံရဲ့စာပေသမိုင်းမှာ ၁၉၁၇ ခုနှစ် တဝိုက်အချိန်ကာလကြီးဟာ စိတ်ဝင်စားဖို့ကောင်းပါ တယ်။ အဲဒီကာလကြီးကို ရပ်တည်ချက်အမျိုးမျိုးအပေါ်မူတည်ပြီး အဓိပ္ပာယ်အမျိုးမျိုး ပြော ကြရေးကြတာတော့ ရှိတယ်။ ဒါပေမဲ့ ရုရှစာပေရဲ့မီးရှုးတန်ဆောင်တဦးဖြစ်တဲ့ ကဗျာဆရာကြီး ‘ အလက် ဇန်ဒါဘလော့´ ပြောတဲ့စကားကို ကျနော် အနှစ်သက်ဆုံးပါပဲ။ အဲဒီကာလကို ‘ ကြောက်မက်ဖွယ်စ်ကာလကြီး ´ ဆိုပြီး ‘ ဘလော့ ´က ရည် ညွှန်းခဲ့ပါတယ်။ အဲဒီကာလမှာ ဇာဘုရင်ရဲ့အဏာရှင်ပဒေသရာဇ်စံနစ်ကို အရူးအမူးတော် လှန်ကြတဲ့ ပုန်ကန်သူ အမျိုးမျိုး အဖွဲ့အစည်းအမျိုးမျိုးဟာ အစွမ်းကုန်လှုပ်ရှား တိုက် ပွဲဝင်နေကြတဲ့အချိန် ဖြစ်ပါတယ်။ ထုံးစံအတိုင်း တော်လှန်ရေးအသားမကျသေးတဲ့ အချိန်ဖြစ်တာမို့ အခြေအနေတွေဟာ အင်မတန် ရှုတ်ထွေးနေခဲ့ပါတယ်။ ရန်သူမိတ်ဆွေခွဲခြားရခက်တဲ့အချိန် ရန်သူမိတ်ဆွေ အပြတ်အသတ် သတ်မှတ်ရခက်ခဲတဲ့အချိန်မျိုး ဖြစ်ပါတယ်။ ရုရှနိုင်ငံရဲ့  နိုင်ငံရေးမိုးကောင်းကင်ဟာ အဲဒီအချိန် လောက် ဘယ်တုန်းကမှ သည်လောက် မမှုန်မှိုင်းခဲ့ပါဘူး။ ဒီလို အချိန်မျိုးမှာ အမှားမှား အယွင်း ယွင်းဖြစ်မှုတွေ လွန်လွန်ကဲကဲ ဆုံးဖြတ်မှုတွေ လျပ်တပျက် ဘက်ပြောင်းမှုတွေ အစိုး ရိမ်ကြီးမှုတွေ ရန်လိုမုန်းတီးမှုတွေနဲ့ ရုရှလူ့အဖွဲ့ အစည်းဟာ အိုးထိန်းစက်လို အပြင်းအထန် လှုပ်ရှားဆူပွက်နေပါ တယ်။ ဒီလိုရှုတ်ထွေးမှုန်မှိုင်းလှတဲ့ကာလကြီးအပေါ်မူတည်ပြီး ရုရှ စာပေနယ်ပယ်မှာလည်း အယူ အဆအမျိုးမျိုးနဲ့ ရပ်တည်ကြတဲ့ စာပေအုပ်စုတွေ မှိုလိုပေါက်ခဲ့ပါ တယ်။ အဲဒီအထဲမှာ အထင်ရှား ဆုံးစာပေအုပ်စု (၄) အုပ်စု ရှိခဲ့တယ်လို့ ကျနော် ယူဆပါတယ်။ ပထမအုပ်စုက ‘ဆိုရှယ်လစ် သရုပ်မှန်အုပ်စု´ဖြစ်ပါတယ်။ နောက် တအုပ်စု က‘သင်္ကေဝါဒ´အုပ်စုပါ။ နောက်ထပ် တအုပ်စုက ‘အနာဂတ်ဝါဒ အုပ်စု´၊ နောက်ဆုံးတအုပ်စုက ‘အက်က်မေ့စ်´(Acmeis) အုပ်စု ဖြစ်ပါ တယ်။ နောက်ဆုံးတအုပ်စုဖြစ်တဲ့ ‘ အက်က်မေ့စ်´(Acmeis) အုပ်စု မှာ ခေါင်းဆောင်သူ (၄) ဦးရှိ တယ်လို့ ယူဆကြပြီး အဲဒီလေးဦးထဲမှာ ကျနော်အခုရွေးချယ်ပြီး ဘာ သာပြန်တဲ့ကဗျာများရဲ့ ပိုင်ရှင် ‘ အိုစစ် မင်ဒယ်လ် စတန်း´(၁၉၈၁-၁၉၃၈) ဟာ တဦးအပါ အဝင် ဖြစ်ပါတယ်။ တိုတိုပြောရရင် ‘အိုစစ် မင်ဒယ်လ်စတန်း´ဟာ တော်လှန်ရေးဆန့်ကျင်သူ ဆိုရှယ်လစ်စံနစ်ရဲ့ ရန်သူတော်အဖြစ်နဲ့ ဆိုက်ဗေးရီးယား မဲဇာတောမှာ မထင်မရှားနဲ့ သေဆုံးခဲ့ရတဲ့ အဲဒီကြောက် မက်ဖွယ်ကာလကြီးရဲ့ သားကောင် တဦးပါပဲ။ သူဟာ ရုရှဆိုရှယ်လစ် ကမ္ဘာသစ်မှာ ခေါင်းဆောင်ကြီးစတာလင်ကို အတိအလင်း ကဗျာရေးဖွဲ့ ရှုတ်ချခဲ့တဲ့ကဗျာဆရာ တဦးပါ။ အဲသလိုအချိန်မျိုးမှာတော့ သူဟာ တော်လှန်ရေးဆန့်ကျင်သူအဖြစ် နိဂုံးချုပ်ခဲ့ပေ မယ့် နောင်အနှစ် ၇၀ ကျော်လာတဲ့အခါမတော့ ‘အာဏာရှင်ဆန့်ကျင်ရေး သူရဲကောင်း´အဖြစ် ကမ္ဘာက လေးစားလာခဲ့ရပြန်ပါတယ်။ သူ့ကို ၁၉၃၈ ခုနှစ်မှာ သေဆုံးတယ်လို့ ယေဘုယျ ယူဆကြပေမယ့် သူ ဘယ်မှာဘယ်လိုနည်းနဲ့ သေဆုံးသွားခဲ့ ရတယ်ဆိုတာတောင်မှ ဘယ်သူ မှအသေအချာ မပြောနိုင်ကြပါ ဘူး။ သေချာ တာတခုကတော့ သူဟာ စတာလင်ရဲ့ ဒုတိယ အကြိမ်မြောက် မင်းပြစ်မင်းဒဏ်နဲ့ ဆိုက်ဗေးရီးယား မဲဇာတောမှာ သေဆုံးခဲ့တာဖြစ်တယ် ဆိုတာလောက်ပဲ သိနိုင်ခဲ့ကြပါတယ်။‘အိုစစ် မင်ဒယ်လ်စတန်း´နာမည်ရင်း အပြည့်အစုံက ‘Osip Emilevich Mandelstam´ဖြစ်ပါတယ်။ ကျနော့်မှာရှိတဲ့မင်ဒယ်လ်စတန်း ကဗျာစာအုပ် သုံးအုပ်ထဲကမှ ရွေးချယ်ပြန်ဆိုထားခြင်းဖြစ်ပါတယ်ခင်ဗျား။
..........
ရဟူဒီကဗျာဆရာ မင်ဒယ်လ်စတန်းရဲ့ ကဗျာများ
ငြိမ်သက်တိတ်ဆိတ်နေတဲ့ တောနက်ထဲ
ဘယ်တော့မှ ရပ်တန့်သွားတယ်ရယ်လို့မရှိတဲ့
သီးချင်းသံထဲမှာ
သစ်ပင်တစ်ပင်က
ဆတ်ကနဲ ခူးယူခံရတဲ့ သစ်သီးတလုံးရဲ့
သောကလှိုင်သံ...။

The careful and hollow sound
of a fruit snapped from a tree
amidst the neverending song
of the deep forest silence...

စာ၊ ၃၊ ပုဒ် ၁

တောအုပ်ထဲ
ရောင်စုံပြိုးပြက်နေတဲ့
ခရစ်စမတ်သစ်ပင်များ
ခြုံပုတ်တွေထဲက
ကလေးကစားစရာ ဝံပုလွေရုပ်တွေက
ကြောက်မက်ဖွယ် မျက်လုံးတွေနဲ့ စူးစူးဝါးဝါးကြည့်နေ။
အို ငါ့ရဲ့ နိမိတ်ပြ ကြေကွဲမှုများ
အို ငါ့ရဲ့ ငြိမ်သက်တိတ်ဆိတ်တဲ့ လွတ်လပ်မှု
ဒါတွေနဲ့အတူ သက်မဲ့အာကာပြင်ရဲ့
ထာဝရ ရယ်ရွှင်နေတဲ့ ကြည်လင်သန့်စင်မှု။

The Christmas trees burn
with tinsel in the woods;
toy wolves in the bushes
stare with fearsome eyes.
O my prophetic sadness,
O my quiet freedom,
and the forever laughing crystal
of the unliving firmament!

စာ၊ ၅၊ ပုဒ် ၂

တခြမ်းမှောင်နေတဲ့ အခန်းထဲ
ခြုံစောင်ပါးလေးကို ရုတ်တရက် မပြီး
မင်း ထွက်လာလိုက်တယ်
ငါတို့ ဘယ်သူ့ကိုမှ မနှောက်ယှက်ခဲ့ဘူး
ငါတို့ ဘယ် အိမ်စေတွေကိုမှ မနိုးစေခဲ့ဘူး။

Suddenly in a light shawl
you slipped out of the half-darkened hall –
we disturbed no one,
we did not wake the sleeping servants...

စာ၊ ၇ ၊ ပုဒ် ၃

ကလေး စာအုပ်တွေ ဖတ်ဖို့သက်သက်
ကလေးအတွေး တွေးဖို့သက်သက်
အရွယ်ရောက် အရာဝတ္ထုအားလုံး
ဖြန့်ကျဲပစ်ဖို့အတွက်
နက်ရှိုင်းလှတဲ့ ဝမ်းနည်းမှုထဲက ရုန်းထဖို့အတွက်...။ 

ငါ သေလုမျောပါး ပင်ပမ်းလွန်းစွ ဘဝ
ဒီလိုဘဝမျိုးကနေပြီး ဘာမှ ရမှာမဟုတ်
ဒါပေမယ့် ငါ့ရဲ့ သနားဖွယ်ကမ္ဘာမြေကို ငါ ချစ်တယ်
ငါ တခြား ဘာကိုမှ မမြင်နိုင်ခဲ့လို့ ပါပဲ။

ဟိုး အဝေး ဥယျာဉ်တခုထဲက
သစ်သား ဒါန်းလွှဲပေါ်
ငါ့ကိုယ်ငါ လွှဲရင်း
စိတ်လှုပ်ရှားမှု မှုံဝါးဝါးထဲက
အရောင်ရင့် ရှည်မျောမျော ထင်းရှုးပင်တွေကို ငါသတိရတယ်။

To read only children's books,
to have only children's thoughts,
to strew far away all grown-up things,
to rise from a deep sadness.
I am mortally weary of life,
from it I will accept nothing,
but I love my poor earth
because I have seen no  other.
In a far-off garden I swung myself
on a simple wooden swing,
and the tall dark fir trees
I remember in an obscure fever.

စာ၊ ၉၊ ပုဒ် ၎

နားက
သိမ်မွေ့စွာ ရွက်ဖြန့် နားစွင့်
ပြူးကျယ်စွ မျက်လုံးများက ဘာမှမတွေ့
သန်းခေါင်ငှက်တွေရဲ့ လှိုင်သံပေါက် သံပြိုင်တေးတေးသံက
တိတ်ဆိတ်မှုထဲ လွင့်မျောလာ။

ငါဟာ
သဘာဝတရားလို ဖြူစင်
နိဗာန်ဘုံလို ရိုးသား
ငါ့ရဲ့ လွတ်လပ်မှုကတော့
သန်းခေါင်ငှက်ရဲ့ အသံလို တိုးလျက် မှုန်ဝါး ...။

ကင်းဗတ်စတခုထက်ပိုပြီး မွဲခြောက်တဲ့ ကောင်းကင်နဲ့
အထုပတ္တိမဲ့ လကို ငါ မြင်
ဗလာနတ္ထိ...
ငါ
မင်းရဲ့ ဆန်းပြား ဖျားနာနေတဲ့ကမ္ဘာကြီးနဲ့
ဆက်သွယ်ထားခဲ့။

Hearing stretches a sensitive sail,
Widened eyes grow empty
and the hollow choir of midnight birds
floats across the silence.
I am poor as nature,
simple as the heavens,
and my freedom is as ghostly
as the voices of the midnight birds.
I see the lifeless moon
and a sky deader than canvas;
emptiness, I accept
your strange and sickly world!

စာ ၁၉၊ ပုဒ် ၉

မရေရာ အမောဆို့ သစ်ရွက်များနဲ့အတူ
လှုပ်ခတ်နေတဲ့ အနက်ရောင် လေညှင်း
မဲမှောင်တဲ့ ကောင်းကင်ထဲ
တုန်ရင်နေတဲ့ ပျံလွှားငှက်တကောင်
စက်ဝိုင်းသဏ္ဍာန်ဖွဲ့ ဝဲလှည့်ကတော့ထိုး။

သေအံမူးမူး ဖြစ်တည်နေတဲ့ ငါ့ အကြင်နာ နှလုံးသားထဲ
ထွက်ပြူလာတဲ့ ဆည်းဆာနဲ့
ရုပ်သိမ်းသွားနေတဲ့ အလင်းရောင်တို့အကြား
တိုးတိုးညှင်းညှင်း စကားများ။

ပြီးတော့
ညနေဆည်းဆာရဲ့ သစ်တောတခုပေါ်မှာ
ကြေးနီရောင်လမင်း ထွက်ပြူလာခဲ့ပေါ့။
တေးသံက အဘယ့်ကြောင့် တိုးညှဉ်းလွန်းစွ
အဘယ့်ကြောင့်များ တိတ်ဆိတ်လွန်းစွ။

With obscurely breathing leaves
the black wind rustles
and a quivering swallow
draws a circle in the darkened sky.
In my affectionate dying heart
a quarrel drones
between the onset of the twilight
and a fading ray of light.
And above the evening of the wood
a copper moon has risen.
Why is there so little music
and such quietness?

ဆက်လက်ဖော်ပြပါမည်။
သစ်ခက်သံလွင်