နှင်းမှုန်...ကျောက်သား...မှုန်မွှားမွှား
---- ကမ္ဘာ
![]() |
summary.fc2.com |
အိုင်းလိုင်နာအောက်က
ပြူထွက်နေတဲ့ကမ္ဘာ
ပြောင်းလဲနေပြီလား
ရေထ အရပ်တို့ရဲ့လဆွဲငင်အား
မျက်ဝန်းထဲက ခဲသားအမှုန်တွေ
နုန်းတင်နေတဲ့မျက်ခမ်းတွေ
အိမ်ပြန်နောက်ကျလွန်းတဲ့ပင်လယ်တွေ
အပုတ်တွေနဲ့ ထည့်မမျှောဖို့ လိုပါတယ် ။
သူမရဲ့ကမ်းလွန်ရေနံတွင်းတွေ
ဦးခေါင်းဗဟိုပြု
ကမ္ဘာကို ညှို့ထားတဲ့အလင်းဓာတ်တွေ
သူမဟာသူမဖြစ်ကြောင်းပေါ်မှာ
ဘယ်တော့မှမပြောင်းတဲ့
အစွမ်းကုန်ပွင့်နေတဲ့ နေရောင် ။
ကြိတ်ပုန်းသွေးဆုတ်နေတဲ့
လေကြောင်းပြောင်းလဲမှုတွေ
မျှော်လင့်မထားတဲ့တိရစ္ဆာန်အနံ့အသက်တွေ
သူမရဲ့ ...မျက်နှာသစ်ခြင်း
အိပ်ရာဝင်ခြေဆေးခြင်းမှာပင်
အရိုးကြားထောင့်က အပူငုတ်ခြင်းတွေ
မြူတွေကြား နိုးထလာတဲ့...နေ ။
ဒုက္ခဟာ
မီးတောက်မီးလျှံ
အပြောကျယ်ခြင်းပေါ်မှာအိပ်ပျော်
မမြင်နိုင်တဲ့အန္တရာယ်တွေ
ချောက်အိပ်မက် ဆယ်စုနှစ်တွေမိုးထားတဲ့ကမ်းရိုးတမ်း
သောက်ရေကမ်းစရာမဲ့
နှင်းမှုန်...ကျောက်သား...မှုန်မွှားမွှား
အမှောင်ကို ကိုက်ဖဲ့စားနေကြ
အကြောက်တရားကဇီဝရုပ်ကိုမြိုဝါးလို့
သစ်ရွက်လှုပ်ရင်
လေတိုက်ရင်
ပုံမှန်ထက်နည်းနည်းစောင်းရင်
ရင်ဘတ်ကိုလက်ဆွဲပြီး ပတ်ပြေးခဲ့ရဘူး။
ငါတို့တွေ တိရစ္ဆာန် မဟုတ်ဘူး...
နေရောင်လမ်းကြောင်းအတိုင်းဆင်းပြီး
အဝိဇ္ဇာဟာ
နေရောင်ကိုမတားဆီးနိုင်တော့ဘူး
သူလမ်းကြောင်းဟာ
သူလမ်းကြောင်းအတိုင်း
အနံ့ဆိုးတွေ မသိလိုက်ခင်
ကမ္ဘာကြီးကို ဖွင့်ဖောက် ။
ဝါကျဖြူ
…
ဖန်ခွက်ချင်း
တေ့တေ့ဆိုင်ဆိုင်
ပွတ်တိုက်လိုက်တဲ့အခါ
ခွမ်ခနဲနေအောင်
အသံမြည်ခဲ့တယ်..
အသံဟာ
နံရံကိုထိရှပြီး
အခန်းပြင်ကို
လွင့်စင်ကျသွားတယ်…
ဖန်ကွဲစတွေကတော့
အခန်းထဲမှာပေါ့…
မတိုက်ဆိုင်တဲ့
စိတ်ချင်းပွတ်တိုက်လိုက်တဲ့အခါ
အသံမဲ့
တကမ္ဘာလုံး
ကြေမွသွားခဲ့တယ်…။
ဆောင်းယွန်းလ
(အောက်တိုဘာ
၎ရက်၊ ၂၀၁၆)
…
ဆောင်းဦးညအခါ
![]() |
ဆောင်းဦးညအခါထဲမှာ။
မိုးမှုန်မိုးစက်လေးတွေဟာ မပြတ်မသား။
မြူနှင်းဖျက်လက်နက်လေးလို
ကိုယ့်ရင်ထဲထိ ဆင့်ပွားညှဉ်းဆဲနေ။
အရွယ်လွန်ငှက်ရဲ့ခြေသည်းချွန်တွေထဲ
ရော်ရွက်ညှာတို့ ငုံ့ကိုင်းတိုးရွှေ့
ခိုင်မာစိတ်ကို ရွှဲနစ်စိုစေခဲ့ပေါ့။
မြောက်ပြန်လေထဲက ချယ်ရီနှင်သံတွေကိုသူမုန်းနေ။
လေညင်းကြိုးပေါ်ခိုနေတဲ့သင်္ကေတမီးပုံးလေးတွေ တီးခတ်မိမှာသူစိုးနေ။
အခါလွန်လောကထဲ အတိတ်ပျောက်သွားသလို
ဘယ်ဆီပြန်ရမယ်ဆိုတဲ့သတင်း သူရှာနေဆဲတဲ့လေ။
မိုးရေ ...
မိုးရေ ...
ပျောက်ဆုံးတော့မယ့် ကြယ်တံခွန်လေးငေးကြည့်ချိန်လို
ကိုယ့်အိပ်မက်ဟာ ကိုယ့်မျက်လုံးကိုဆွဲဖွင့်ပြန်သွားတယ်။
မိုးမှုန်မိုးစက်လေးတွေဟာ မပြတ်မသား။
မြူနှင်းဖျက်လက်နက်လေးလို
ကိုယ့်ရင်ထဲထိ ဆင့်ပွားညှဉ်းဆဲနေ။
အရွယ်လွန်ငှက်ရဲ့ခြေသည်းချွန်တွေထဲ
ရော်ရွက်ညှာတို့ ငုံ့ကိုင်းတိုးရွှေ့
ခိုင်မာစိတ်ကို ရွှဲနစ်စိုစေခဲ့ပေါ့။
မြောက်ပြန်လေထဲက ချယ်ရီနှင်သံတွေကိုသူမုန်းနေ။
လေညင်းကြိုးပေါ်ခိုနေတဲ့သင်္ကေတမီးပုံးလေးတွေ တီးခတ်မိမှာသူစိုးနေ။
အခါလွန်လောကထဲ အတိတ်ပျောက်သွားသလို
ဘယ်ဆီပြန်ရမယ်ဆိုတဲ့သတင်း သူရှာနေဆဲတဲ့လေ။
မိုးရေ ...
မိုးရေ ...
ပျောက်ဆုံးတော့မယ့် ကြယ်တံခွန်လေးငေးကြည့်ချိန်လို
ကိုယ့်အိပ်မက်ဟာ ကိုယ့်မျက်လုံးကိုဆွဲဖွင့်ပြန်သွားတယ်။
အခရာ
၈.၁၀.၂၀၁၆
Comments
Post a Comment