သစ်ခက်သံလွင် ကဗျာစင်မြင့်(၁)၊ ရွက်လှ၊ ချစ်ချစ်ချိုင်း-ရေနံချောင်းနှင့် ရွှေကြယ်မိုးတို့၏ကဗျာများ

ဝါသနာဆိုတာ ကံတရားက ကျီစယ်ထည့်ပေးလိုက်တဲ့
ကစားစရာအရုပ်လေးပါအမေ 
Invaluable.com
 အာရုံမှာကပ်ငြိနေတာ
ဂီတ တေးသွားတွေ
ဖလော်ဆော်ဖီ အတွေးအခေါ်တွေ
အိုင်တီနည်းပညာတွေ
ဆန္ဒရဲ့စီးမျောမှုထဲ
ချဉ်ခြင်းတပ် ဗီဇတွေ
မေတ္တာတရား ခေါင်းစဉ်အောက်
ရိုက်သတ်ခံရ

ဝါသနာပါရာ ဖန်တီးခွင့်ရတဲ့
သူငယ်ချင်းတွေ မြင်တိုင်း
အရိုက်ချိုးခံထားရတဲ့ စိတ်တွေနဲ့
ချောင်ထဲက ငါတို့ကို
နံရံတွေက ပြန်ပိတ်ထားကြတယ်

ကြောက်တယ် ကြောက်နေမိတယ်
ငါတို့ကိုယ် ငါတို့
ပြန်ရှာမတွေ့တော့မှာကို
ကြောက် နေ မိ တယ်

ဖိအားတွေကို စိတ်ရှိလက်ရှိ
တွန်းထုတ်ပစ်လိုက်ချင်တိုင်း
အမေ့မျက်ရည် အဖေ့ဒေါသသံ
ချော့တမျိုး ခြောက်တလှည့်
မက်လုံးလှလှလေးတွေနဲ့
ငါတို့စောစောစီးစီး လဲပြိုသွားခဲ့ရတာပဲ

လိုအင်ဆန္ဒတွေဝါသနာတွေရဲ့
ဆန့်ကျင်ဘက် တနေရာမှာ
ငါတို့ရပ်နေကြတယ်
တကယ်တော့…
ငါတို့ဟာ အလင်းပြန်တိုင်း
အရိပ်မဲ့နေတဲ့ သက်ရှိလူသားတွေ

အင်ဂျင်နီယာကြီးလည်းမဖြစ်ချင်ဘူး
ဆရာဝန်ကြီးလည်းမဖြစ်ချင်ဘူး
ရှေ့ဆက်ဘဝလမ်းမှာ
ငါတို့ဖြစ်ချင်တာတွေ ဖြစ်မလာနိုင်တော့ဘူး
မေတ္တာတရားအလိုတော်အရ
ချခင်းပေးထားတဲ့လမ်းအတိုင်း
ဆုံးခန်းတိုင်လျှောက်ဖို့ ကျုပ်တို့ စိတ်တွေမှာ
စက်ယန္တရားတွေ တပ်ထားကြမယ်

အသက်တွေကြီးလာတဲ့အခါ
ဘဝတွေ မြင့်မားနေကြလိမ့်မယ်
ငွေကြေးတွက်ချက်မှုတွေကြား
ရပ်တည်ချက်တွေ ခိုင်မတ်နေကောင်း မတ်နေလိမ့်မယ်
ငယ်ဘဝရဲ့ပျော်ရွှင်မှုတွေ
သူများတွေလို ပြန်တောင့်တဖို့
ကျုပ်တို့ စိတ်တွေ သန့်စင်စက်ထဲ
ပစ်ထည့် လျှော်ဖွပ်ရလိမ့်မယ်

မျက်ရည်တွေသုတ်လိုက်ပါ အမေရယ်
ပူလောင်လွန်းတဲ့မီးကို သားတို့ အမြှိုက်မခံရဲပါဘူး
သားတို့အတွက် ဝါသနာဆိုတာ…
ကံတရားက ကျီစယ်ထည့်ပေးလိုက်တဲ့
ကစားစရာအရုပ်လေးတခုပါ
စွန့်လွှတ်ခြင်းဆိုတာလည်း တခါတလေ
ကြီးကျယ်မြင့်မြတ်ခြင်း တခုပဲ မဟုတ်လား အမေ။

ရွက်လှ
ကျိတ်ကျိတ်ကြွေတဲ့ကြယ်
GMANetwork.com
လေတိုက်ရင်လက်ခနဲဖွေးသွားတဲ့
ရှင့်ရဲ့သွားတက်ကလေးဟာ
ကောင်းကင်ညာဖက်ထောင့်က
ကျွန်မရဲ့သက်စောင့်ကြယ်။
ဘယ်ဖက်ပါးပြင် မထင်ရှားပေမယ့်
ခပ်ပါးပါးမှဲ့နက်ကလေးဟာ
ကလပ်စတာဗုံးလို ချစ်သွေးကြွစေတဲ့
ကျွန်မရဲ့သက်စောင့်ကြယ်။
ရှင့်ရင်ညွန့်မှာတွဲလွဲခိုနေတဲ့
ဘူးညွန့်လိုလှုပ်လီလှုပ်လဲ့
စပရိန်မွေးညင်းနွယ်လေးဟာ
ကျွန်မကျိတ်ကျိတ်ကြွေတဲ့ကြယ်။
ကြယ်တွေဟာ နတ်ဘုရားပေးတဲ့လက်ဆောင်
မရေတွက်နဲ့ မငြင်းဆန်နဲ့
ရေတွက်ရင်ရူးတတ်တယ်တဲ့
လူကြီးသူမ ပြောတဲ့စကား
မှတ်သားထားရင်းက
အလွမ်းဖိအားများတဲ့ညတွေမှာ
ကြယ်တွေကိုရေတွက်မိတယ်
မရေတွက်နိုင်တဲ့ချစ်ခြင်းတရား
ရေတွက်မကုန်နိုင်တဲ့အမှားတွေ
ကောင်းကင်အနှံ့ထပ်ခါထပ်ခါပွင့်ခဲ့တယ်
နတ်ဘုရားတို့ရဲ့ကျိန်စာသင့်ပြီကွယ်
ရှင်ဟာ
ကျွန်မကျိတ်ကျိတ်ကြွေတဲ့ကြယ်…။

ချစ်ချစ်ချိုင်း(ရေနံချောင်း)
ဝေးဝေးသွားတဲ့ နေ့စွဲတွေ 
Philstar
 နေ့တာ အရမ်းတိုလွန်းတဲ့ နေ့စွဲတခုဟာ
သိပ်ချစ်ခဲ့သူ နှစ်ယောက်သားအတွက်
မြင်နေတဲ့ တိမ်တွေ ထူသထပ် ထူထူလာသလို
ကျလာတဲ့ အမှောင်ကလည်း
အိမ်ပြန်ဖို့ ဆော်သြခဲ့ပြီပဲ
ကန်ရေပြင်ည ဆိုတာကို
တို့လည်း ကြုံရ
ပြောမကုန်တဲ့ စကားတွေဟာ
တခမ်းတနားကြည့်ရှုပြီးမှ
မတက်ရောက်ခဲ့ရတဲ့ တောင်တန်းတွေပဲ
မိုင် ၂၀
နောက်တော့ မိုင် ၂၀၀ ကျော်
တရွေ့ရွေ့ မမြင်ရတော့ဘူး။

ရွှေကြယ်မိုး

Comments