သစ်ခက်သံလွင် ကဗျာစင်မြင့်(၂)၊ မြတ်လှိုင်း၊ ကျော်ဇင်ငထင်၊ သျှင်မျိုးငယ်နှင့် ဟာရှိန်း(မင်းတပ်)တို့၏ကဗျာများ
ငါနှင့်လွဲချော်မှုများ
KT |
ဘဝဟာ
အကြိမ်ကြိမ်လွဲချော်ခဲ့
တချိန်မှာတည့်လောက်ပါရဲ့လို့ေ တွးရင်း
အတိတ်ကိုအိပ်မက်ထဲမှာသိပ်လိုက်ပြီး
မနက်ခင်းထဲလမ်းလျှောက်ထွက်ခဲ့ တယ်။
တချိန်မှာတည့်လောက်ပါရဲ့လို့ေ
အတိတ်ကိုအိပ်မက်ထဲမှာသိပ်လိုက်ပြီး
မနက်ခင်းထဲလမ်းလျှောက်ထွက်ခဲ
ငါကအတွေးဟောင်းတွေကို
ကော်ဖီတခွက်ထဲမှာထည့်ဖျော်လို က်တယ်
ပလက်ဖောင်းပေါ်က ခိုတွေထပျံသွားတဲ့နောက်
ညည်းနေကျ ဒုက္ခသီချင်းတပုဒ်ဟာ စီးမျောလိုက်ပါသွားတယ်
ငါ့ရှေ့က ဖြတ်လျှောက်နေကျ
ဒေါက်မြင့်ဖိနပ်တရံရဲ့
အချက်ကျကျနင်းသံကို ရင်ဘတ်နဲ့
ငေးကြည့်ခဲ့တယ်။
ကော်ဖီတခွက်ထဲမှာထည့်ဖျော်လို
ပလက်ဖောင်းပေါ်က ခိုတွေထပျံသွားတဲ့နောက်
ညည်းနေကျ ဒုက္ခသီချင်းတပုဒ်ဟာ စီးမျောလိုက်ပါသွားတယ်
ငါ့ရှေ့က ဖြတ်လျှောက်နေကျ
ဒေါက်မြင့်ဖိနပ်တရံရဲ့
အချက်ကျကျနင်းသံကို ရင်ဘတ်နဲ့
ငေးကြည့်ခဲ့တယ်။
အစဉ်အလာထဲက
စနစ်တကျလွဲချော်မှုတွေကိုရိုက်ခွဲ ပစ်လိုက်တယ်
ဒါပေမဲ့
ရီဝေနေတဲ့ညတွေနောက်ကွယ်မှာ
အတ္တတွေကိုဘီယာဗူးထဲထည့်ပြီး
ပစ်ချထားခဲ့တဲ့အခွံတွေကို
စနစ်တကျလွဲချော်မှုတွေကိုရိုက်ခွဲ
ဒါပေမဲ့
ရီဝေနေတဲ့ညတွေနောက်ကွယ်မှာ
အတ္တတွေကိုဘီယာဗူးထဲထည့်ပြီး
ပစ်ချထားခဲ့တဲ့အခွံတွေကို
ကောက်သင်းကောက်နေတဲ့ ကလေးတသိုက်
စပယ်ပန်းတပွင့်ကိုလိုက်ငေးေ နတယ်
ပြင်ပသင်ကျောက်သင်ပုန်းပေါ်မှာ
ဘဝဟာလှပတဲ့စာလုံးပေါင်းပြနိုင် ရင်ဆိုတဲ့အတွေး
ခပ်ရေးရေးအက်ကြောင်းထင်ခဲ့တယ်ဆို ရုံ။
စပယ်ပန်းတပွင့်ကိုလိုက်ငေးေ
ပြင်ပသင်ကျောက်သင်ပုန်းပေါ်မှာ
ဘဝဟာလှပတဲ့စာလုံးပေါင်းပြနိုင်
ခပ်ရေးရေးအက်ကြောင်းထင်ခဲ့တယ်ဆို
လူမကူးတဲ့မျဉ်းကျားကို
အလောတကြီးဖြတ်မောင်းသွားတဲ့ကား တစီးက
လောဘအမောကို
အိတ်ဇောငွေ့တွေနဲ့အန်ချ
ငါမှုတ်ထုတ်လိုက်တဲ့စီးကရက်အခိုး အငွေ့တွေနဲ့
ရောစပ်ပြီး
ကော်ဖီတခွက်ကိုအေးစက်စက်မော့ေ သာက်လိုက်တော့
အတွေးဟာ သစ်မလာပဲ
လွဲချော်မှုတွေ ထပ်ထပ်ဖြစ်သွာြး ပန်ရဲ့။ ။
အလောတကြီးဖြတ်မောင်းသွားတဲ့ကား
လောဘအမောကို
အိတ်ဇောငွေ့တွေနဲ့အန်ချ
ငါမှုတ်ထုတ်လိုက်တဲ့စီးကရက်အခိုး
ရောစပ်ပြီး
ကော်ဖီတခွက်ကိုအေးစက်စက်မော့ေ
အတွေးဟာ သစ်မလာပဲ
လွဲချော်မှုတွေ ထပ်ထပ်ဖြစ်သွာြး
မြတ်လှိုင်း
…
ဆောင်းဟာဘဝထဲကိုဝင်လာပြီ
KT |
နှင်းစက်လေး ပြုတ်ကျသံမှာ
ခိုက်ခိုက်တုန်နေတဲ့ဘဝလေး နားတစွင့်စွင့်။
နှင်းမှုန်တွေပိတ်မှောင်အေးခဲနေတဲ့ ပြေးလမ်းပေါ်မှာ
ဘားကုန်အလှည့်ခံထားရတဲ့
ဘဝတွေအထပ်ထပ်။
စောင်ကြမ်းတထည်နဲ့
အနွေးဓာတ်မဲ့လမ်းကလေး
ကျဉ်းသထက်ကျဉ်းလာ
ဆောင်းပွဲတော်တွေရဲ့ စာနာမှုက
လောကကို ဖြားယောင်းတယ်။
ဒီဇင်ဘာရထားကြီးရေ
သွေးနံ့သင်း နှင်းမှုန်တွေတောင် ဆာတတ်လာပြီ
တောင်တန်းကိုပဲ လာလာနမ်းတဲ့ စစ်တလင်းနဲ့
ဆောင်းဟောင်းပါပဲ
အို … ဘုရားသခင်
ပျော်ရွှင်စရာနှစ်သစ်ပါ ။ ။
ကျော်ဇင်ငထင်
…
တိတ်တဆိတ်
KT |
တိတ်ဆိတ်ခြင်းမှာ အသံတွေရှိတယ်
တိတ်ဆိတ်ခြင်းနဲ့ စကားတွေပြောလို့ရတယ်
တိတ်ဆိတ်ခြင်းဟာ
အဆူညံဆုံးအဖြစ်အပျက်တစ်ခုပဲ
တိတ်ဆိတ်ခြင်းဟာ ခြောက်သွေ့စေတယ်
တိတ်ဆိတ်ခြင်းဟာ အထီးကျန်စေတယ်
တိတ်ဆိတ်ခြင်းဟာ နွမ်းလျစေတယ်
တိတ်ဆိတ်ခြင်းမှာ ပြောစရာစကားတွေများတယ်
တိတ်ဆိတ်ခြင်းမှာ အတွေးစတွေများတယ်
တိတ်ဆိတ်ခြင်းမှာ ပူပန်စရာတွေများတယ်
တိတ်ဆိတ်ခြင်းဟာ နွေးထွေးမှုမရှိဘူး
တိတ်ဆိတ်ခြင်းဟာ ခံစားမှုကင်းမဲ့တယ်
တိတ်ဆိတ်ခြင်းဟာ ပေါက်ကွဲလို့မရဘူး
တိတ်ဆိတ်ခြင်းနဲ့ နေထိုင်ကြည့်ဖူးသလား
တိတ်ဆိတ်ခြင်းနဲ့ မိတ်ဆွေဖွဲ့ဖူးသလား
တိတ်ဆိတ်ခြင်းနဲ့ ငြိမ်သက်ဖူးသလား
တိတ်ဆိတ်ခြင်းအတွက်
တိတ်ဆိတ်ကြည့်လိုက်ပါ...
တိတ်ဆိတ်ခြင်းရဲ့အသံကို ကြားလိမ့်မယ်
တိတ်ဆိတ်ခြင်းရဲ့စကားလုံးတွေကို
သိလိမ့်မယ်
တိတ်ဆိတ်ခြင်းရဲ့ဆူညံမှုကို
ခံစားမိလိမ့်မယ်.....
တိတ်ဆိတ်လိုက်ပါ
တိတ်ဆိတ်ငြိမ်သက်လိုက်ပါ
တိတ်ဆိတ်ငြိမ်သက်စွာ
နေထိုင်ရှင်သန်ကြတာပေါ့။ ။
သျှင်မျိုးငယ်
…
လွမ်းဖွယ်
KT |
အတိတ်ရဲ့ရနံ့တွေသင်းကြည်နေတဲ့
ညနေခင်းထဲ
ညှင်းသွဲ့သွဲ့တယောသံတေးသွားလို သစ်ရွက်ကလေးတွေ
ပြုတ်ကျလာပုံကလွမ်းဖွယ်။
ညှင်းသွဲ့သွဲ့တယောသံတေးသွားလို သစ်ရွက်ကလေးတွေ
ပြုတ်ကျလာပုံကလွမ်းဖွယ်။
မေ့ပစ်လိုက်ချင်ပါပြီဆိုမှ
သတိတရစိတ်ကို မုန့်လုံးစက္ကူကပ်မိတဲ့အဖြစ်။
သတိတရစိတ်ကို မုန့်လုံးစက္ကူကပ်မိတဲ့အဖြစ်။
အပြာရောင်နောက်ခံထားတဲ့
ဖျော့တော့တော့ ပုစွန်ဆီရောင်ညနေမှာ
ယိုဖိတ်စင်လာတဲ့ တိမ်မျှင်တွေကြား
(အချစ်)
မင်းကိုငါ ပြန်ကောက်ရခဲ့။
ဖျော့တော့တော့ ပုစွန်ဆီရောင်ညနေမှာ
ယိုဖိတ်စင်လာတဲ့ တိမ်မျှင်တွေကြား
(အချစ်)
မင်းကိုငါ ပြန်ကောက်ရခဲ့။
ငိုနေတဲ့စိတ်နဲ့
လက်ဗလာအိမ်အပြန်လမ်းတွေ စိုးရွံ့နေကြပုံများ
ဆိုနေမိတဲ့ သီချင်းက သီချင်းက အလန့်တကြားထအော်တယ်
ချစ်သူ့လမ်းကြားတဲ့။
လက်ဗလာအိမ်အပြန်လမ်းတွေ စိုးရွံ့နေကြပုံများ
ဆိုနေမိတဲ့ သီချင်းက သီချင်းက အလန့်တကြားထအော်တယ်
ချစ်သူ့လမ်းကြားတဲ့။
ဟာရှိန်း(မင်းတပ်)
၃၀ ၉ ၂၀၁၆
သောကြာ
၃၀ ၉ ၂၀၁၆
သောကြာ
Comments
Post a Comment