အမှားတအုပ်
ကျွန်တော်တို့သေဆုံးနေကြတယ်
မွေးဖွားခြင်း အလွန်ဟာ
သည်ခရီးပဲ
သည်ကျည်ဆံတတောင့်က
ပစ်ဖြစ်အောင် ပစ်နေမှာ
ဘယ်သူ တွေးပျော်နေခဲ့လဲ ။
ရွေ့ နေတာ ရွေ့ ပါစေတော့
အကောင်းဆုံးဆိုတာ
အရာဝင်မဝင်ခဲ့ဘူး
သည်ဝါကျတကြောင်း
ပျင်းလို့ ပြန်မရေးချင်တာ။
မိန်းမပျက်တယောက်ပျက်တာ
အရက်သမားတယောက်
မူးလဲတာ
လူငယ်တယောက်
သူ့အထုတ်နဲ့သူပိနေတာ
ဒါလည်း ဒုလ္လဘ တရားပဲ ။
လူ ဟာ
သူ့တပ်သူပြန်နင်းလောက်အောင်
လူ ဟာသူ့ လမ်းသူ သစ္စာဖောက်ရသလိုမျိုး
သမ္မတစ်ယောက်မက်တဲ့ အိပ်မက်မျိုး
ဘယ်သူမဆို မက်လို့ရသပေါ့။
ဖြစ်ခြင်းဆိုတာ ဖြစ်ရလေခြင်းလို့စဉ်းစား
နံရံပေါ်က အရိပ်တွေပြုတ်ကျလာတယ်
ပျော်ပျော်နေသေခဲ
သည်လို မော့သောက်ခဲ့ဘူးတယ်။
ငါး လိုမျှားခဲ့တယ်
ငါး လိုအမျှားခံရတယ်
ဘီးတွေက လိမ့်နေမှာပဲ
မြို့လေးလည်း ရှိနေမှာပဲ ။
သိပ်ပြီး မတိုက်ဆိုင်လည်း
ခပ်ညံ့ညံ့ပြေးတဲ့ မြင်းအကြောင်း
အားမနာပ ပြောဆိုလို့
အဲဒါ ခင်ဗျားဖြစ်နိုင်သလို
ကျွန်တော်လည်း ဖြစ်နိုင်တာပဲ။
ရွက်နုတွေ ဝေလာအုံးမယ်
မျှော်လင့်ခြင်းတွေ လင်းလက်လာအုံးမယ်
လာ ခြင်း မကောင်းဘူးလို့
နောက်ဆုံးစာကို ရေးခဲ့လိမ့်မယ်။
သင်းရည်လွင်
…
စံနစ်ကြောင့် မြစ်ကို အားနာစရာ
ချင်းတွင်းထဲ
စိတ်တွေအားလုံး
နစ်ရပြန်ပြီ
ကိုပါကြီးနဲ့ ဒေါ်ခင်ဝင်း
ကျည်ဆံမှန်တော့
ပြည်သူအားလုံး မှန်ခဲ့ရဖူးတယ်
ရွှေဝါရောင်မှာ ဂျပန်ကြီးကိုမှန်တော့
တကမ္ဘာလုံး မှန်ခဲ့ရဖူးတယ်
ဟိုနားသေ ဒီနားပျောက်သမျှ
ငါတို့အားလုံး
သေပျောက်နေရတာပါ။
ကျောင်းကြိုကူးတို့သင်္ဘောလေးမှောက်တဲ့အခါ
သူဌေးနဲ့တာဝန်ရှိသူတွေပါ သတ်သေကြတယ်
ရထားမတော်တဆမှုဖြစ်တော့
ဝန်ကြီးက
တာဝန်ခံပြီး နှုတ်ဆက်နှုတ်ထွက်
လေယာဉ်ပျံထိုင်ခုံကြား
ကြွက်ကလေးပြေးလွှားတော့ 
မတော်တဆမှုကြိုတင်ကာကွယ်ဖို့အရေး
လေယာဉ်နောက်တစီး စီစဉ်ပေးတယ်
အဲဒါ သူတို့ဆီမှာပါ။
မင်းရို့ငါရို့ဆီ
အသက်အိုးအိမ်များစွာ
မြေ ရေ လေက
ဘယ်သွားဘယ်လာ
ဘယ်ခါစိတ်မချရတော့
အိမ်မှာငြိမ်ကုပ်
ကိုယ်စိတ်နှစ်ပါး ကြိုးတုပ်ထားရင်
လွတ်မြောက်မယ်တဲ့လား။ ။
ကျော်ကျော်(မြရည်စမ်း)
၁၈၁၀၁၆
ည ၉ နာရီ ၄၅ မိနစ်
Comments
Post a Comment