သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ခိုင်မျိုး၊ ကျော်ကျော်(မြရည်စမ်း)နှင့် ခင်လွန်းတို့၏ ကဗျာများ

လက်ဆွဲနှုတ်ဆက်ခြင်း
www.ayyamgallery.com
လက်ဆွဲနှုတ်ဆက်ဖို့အရေး
အလျော့အတင်း ဘယ်လောက်
နည်းဗျူဟာ ဘယ်လောက်
အစွဲပြင်းပြင်း မာန်တင်းခြင်းဘယ်လောက်
အသက်ဘယ်လောက်
စစ်ပွဲဘယ်လောက်
ကျည်ဘယ်လောက်
ဒုက္ခိတ ဘယ်လောက် ဆုံးရှုံးမှုဘယ်လောက်
ဖြတ်သန်းခဲ့သလဲ။

လက်ဆွဲနှုတ်ဆက်ဖို့အရင်းအနှီးက
ကြောက်မက်ဖွယ်ရာကြီးတယ်

မီးကိုပျိုးခဲ့ပြီးပြီ
ဆရာကြိုက်ဖို့
မျက်ဖြူလည်းဆိုက်ခဲ့ပြီးပြီ
အခုအထိအချို့….
လက်ဆွဲနှုတ်ဆက်ဖို့အရေး
လက်ကိုသွေးလို့။

ခိုင်မျိုး
ဂရန်မာ ကမ္ဘာပတ်ပြီးတဲ့အထိ 
သေနတ်နဲ့နှင်းဆီ ကျန်သေးတယ်
clicks.robertgenn.com
ငါတို့ခေတ်မှာ
ကြေးစုတ်တွေနဲ့
တခါတလေတော့ အပ်ချွန်သုံးလေးချောင်းပူးလို့
တရုတ်ဆေးနဲ့အရုပ်ရေးကြတယ်
အတွေးနဲ့ဆိုင်ကယ်စီး
အတွေးနဲ့ ရွက်လွှင့်ခရီး
နံရံအထပ်ထပ်ကြား  တရားထူးတွေရခဲ့ ကြတယ်။

ငါတို့သားသမီးတွေခေတ်
တက်တူးစက်နဲ့
ဂျာမဏီဆေးနဲ့
အရုပ်ဆက်ရေးကြပြန်ပြီ
ဟိုတုန်းက ...
အရုပ်တွေပြားခဲ့ပေမယ့်
အခု ပိုပြီးအသက်ဝင်
သုံးဖက်မြင် ရုပ်လုံးကြွ
ရုပ်မလှဘူးထင်ရင် 
သူတို့လှေပေါ် တင်ခေါ်မှာမဟုတ်ဘူး
နာကျင်မှုက သင်ခန်းစာထားခဲ့လို့
ဂရန်မာလှေလေး လူရွေးတတ်ပြီ။  ။


ကျော်ကျော်(ကျော်ကျော်မြရည်စမ်း)
၁/၁၀/၂၀၁၆
ဖုတ်ကောင်ခြောက်တဲ့ည
altoonsultan.blogspot.com
ရယ်သံမကြားရတဲ့
ရီစရာကောင်းတဲ့လူတွေကြား
တိတ်ဆိတ်စွာ ငါရယ်မောမိ
သူတို့ကမ္ဘာနဲ့ ငါ့ကမ္ဘာ တကယ်အဝေးကြီး။ ။
 
ခင်လွန်း
၂၈၊ ဇူလိုင်၊ ၂၀၁၅
နံနက် - ၄း ၀၃ နာရီ

Comments