ညများ(7)
Inquirer lifestyle - INQUIRER.net |
အရိပ်တွေ ပြိုကျမလာလို့
မိုးကိုမျှော်ကြည့်မိတယ်
မှောင်နေဆဲ
ညတွေက တဆစ်ဆစ်
မိုးကိုမျှော်ကြည့်မိတယ်
မှောင်နေဆဲ
ညတွေက တဆစ်ဆစ်
မှောင်နေဆဲ
မလင်းသေးတဲ့ မီးတိုင်လေးလို
မှောင်နေဆဲ
ပိုးဖလံတကောင်ရဲ့
လွတ်လပ်မှုတွေ ငတ်မွတ်သလို
မလင်းသေးတဲ့ မီးတိုင်လေးလို
မှောင်နေဆဲ
ပိုးဖလံတကောင်ရဲ့
လွတ်လပ်မှုတွေ ငတ်မွတ်သလို
မှောင်နေရဲ့
ညတွေ ငေးငေးရင်း
ညတွေ ငေးငေးရင်း
ငါ့နိုင်ငံလေး
အလင်းပွင့်ပါစေ ။ ။
အလင်းပွင့်ပါစေ ။ ။
လင်းမြတ်အိမ်
….
ဆောင်း
ကျွန်တော်နေတဲ့မြို့လေး
ဇာတ်ပွဲတွေနဲ့ မိုးလင်း
ပျော်ရွှင်ခြင်းတွေ ယူငင်လားမဲ့သူလေ ။
ဒီနေ့
သူမ စရောက်လာတဲ့နေ့ပေါ့။
တိတ်ဆိတ်ည အေးမြမြနဲ့
တရုတ်စကားပွင့်လေးတွေ
ဖွေးဖွေးလှုပ် ထွက်ကြိုကြ။
သူမရဲ့ အေးမြတဲ့နှင်းပဝါနဲ့
လမ်းလျှောက်တဲ့ည
ကြိုးတပ်မထားတဲ့ရင်ဘတ် ဂီတ
စကားလုံးတွေ ကြိုးသီခဲ့။
ဆွတ်ဖြူဖြူ အလှနဲ့ည
ပျော်ရွှင်ခြင်းတွေကူးလူး
အိပ်စက်ခြင်းတွေ သေဆုံးစေတဲ့ည
မင်းရောက်လာတဲ့နေ့
သရက်ဖူး အနံလေး သင်းပျံ့
ထီလှည်းလေးတောင်
ညဥ့်နက်ခဲ့ပေါ့။
သိင်္ဂါလှိုင်
…
ခေတ်သစ် ကိုလံဘတ်စ် တမ်းချင်း
Maison Magloyuan |
တိုင်းရေးပြည်ရာဆိုတာ
ကြိုက်ရင် လိုက်
မကြိုက်ရင် မလိုက်ပဲ နေလို့ရတဲ့
အင်တာနက်ကမ္ဘာပေါ်က
လူမှုစာမျက်နှာတော့ မဟုတ်ဘူး။
လူဆိုးတွေကို မကြိုက်လို့
မရွေးလိုက်တဲ့
လက်တွေ့ကမ္ဘာမှာ
ငါတို့ လူမိုက်တွေကို ရလာခဲ့ဖူးတယ်။
ကိုယ့်ရွေးချယ်မှုက
ကိုယ့်ကို ပြန်ရွေးသွားတဲ့ နေ့တွေမှာ
ဝမ်းနည်းခြင်း အနှေးပြကွက်တွေကို
ထုတ်ပိုးရင်း
ရိုက်ကွင်းသစ်
နယ်မြေသစ်တွေကို
တရားတဖက် ဓားတလက်ထမ်းပြီး
ဆက်ရှာရဦးမယ်။
ဆောင်းယွန်းလ
အောက်တိုဘာ ၁၀ရက်၊ ၂၀၁၆
Comments
Post a Comment