သစ်ခက်သံလွင် ကဗျာစင်မြင့်၊ လင်းမိုးစွေ၊ ကိုပွေးနှင့် မင်းငြိမ်းအေးတို့၏ကဗျာများ




လူပြောများတဲ့ ကမ္ဘာ
totallyhistory.com
ကြီးလာရင်စစ်ဗိုလ်ကြီးလုပ်မယ်လို့ မဖြေကြတော့ပါ
စစ်တိုက်တမ်းလည်း မကစားတော့ပါ
ကစားစရာသေနတ်မြင်ရုံနဲ့ မျက်နှာလွှဲသွားပြီ
ပျဉ်ဖိုးနားလည်တဲ့ ကလေးတွေရယ်လေ...။
လူကြီးတွေ အသိခေါက်ခက်အဝင်နက်ရော့သလား
ငင်နေဆဲအသက်တွေ အလဲအထပ်လုပ်ကြတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မပြီးပြတ်သေးသ၍
စစ်ပြေးဒုက္ခသည်စခန်းကနေ အပန်းဖြေစခန်းအထိ
ဘယ်လို ခရီးဆက်မလဲ...။
လ ငပုပ်ဖမ်းသလို ယမ်းငွေ့တွေနဲ့ လပြည့်ညမှာ
ငြိမ်းချမ်းတဲ့ကမ္ဘာ
မသာလည်း တ သာလည်း တ ရမှာ...။       ။

လင်းမိုးစွေ
...

အပြန်လမ်း
fr.wahooart.com

 မိုးများထစ်ချုန်းလျက်
လျှပ်စီးများဝင်းလဲ့လက်
ဒီဒေသမှာမှ လူဝင်စားတယ်
တောင်ပေါ်က
လက်နက်ကြီးကျည်ခွံ
ဘုရားစင်ပေါ်
ခုထိမြည်ကောင်းတုန်း
ပန်းများထိုးစိုက် ဆုတောင်းလဲ
ရိုးရာမတူတဲ့အရပ်မှာ စစ်ခိုးတွေဝေဆဲ
စစ်ပန်းပွင့်တဲ့အရပ်ဆိုတော့
အပြန်လမ်းဟာ
ထင်တာထက် မြန်လွန်းပါတယ်
လူဖြစ်လို့မှ စကားတောင်မတတ်သေးဘူး
'ဘုရားသခင်ကို သူဘာပြောမလဲ' ။။

ကိုပွေး ၄၁၀၁၆
...
ငါသိသမျှဖြေဆိုမှု
POS
တကောက်ကြောဖြတ်ခံရတဲ့အလံတိုင်
သွေးမရောက်တော့တဲ့ အလံ
သွေးသွင်းနေတဲ့ နိုင်ငံတော်သီချင်း
သွေးသံရဲရဲ
ရဟန်း ရှင် လူများနှင့်
စက်တင်ဘာမိုးရေများ ။

မင်းငြိမ်းအေး

 


Comments